ခရီးသြားမ်ား မ်က္စိက်စရာ ျဖစ္လာမည့္ ျမန္မာ့ပထမဆုံး ျဖစ္လာမည့္ ကမ္းေျခပါတ္လမ္း စီမံကိန္း

ဧရာဝတီတိုင္းေဒသႀကီး အေနာက္ဘက္ကမ္းရိုးတန္းေဒသ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ကမ္းရိုး တန္းအတိုင္းလမ္းအရွည္ ၉၆ မိုင္ ၅ ဒသမ ၅ ဖာလုံ ရွည္လ်ားေသာ င႐ုတ္ေကာင္း-ဆင္မ-ေငြေဆာင္ -ေခ်ာင္းသာ-ေ႐ႊေသာင္ယံ-မက်ီးဇင္-ေက်ာက္ခြၽန္- ဂြလမ္းအထိ(ကမ္းေျခပတ္လမ္း)စီမံကိန္းအား



ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။မိုင္ (၁၀၀) နီးပါးရွည္လ်ားတဲ့ ဒီလမ္းမသစ္ဟာပုသိမ္ခရိုင္ ငပုေတာၿမိဳ႕နယ္ င႐ုတ္ေကာင္းၿမိဳ႕မွ ရခိုင္ျပည္နယ္ဂြၿမိဳ႕နယ္အထိကို ကမ္းေျခပတ္လမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ဧရာဝတီတိုင္းေဒသႀကီးဘက္အပိုင္း၌

ထက္ ပိုမိုလွပေသာကမ္းေျခေနရာသစ္မ်ား ေဖာ္ထုတ္ လာနိုင္ေတာ့မည္ျဖစ္၍ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း သိရသည္။ထို႔အျပင္ ပင္လယ္ထြက္ကုန္ပစၥည္းမ်ားမွ တန္ဖိုးျမင့္ေရထြက္ ထုတ္ကုန္ ပစၥည္းမ်ားထုတ္လုပ္ေသာ စက္႐ုံမ်ားႏွင့္

တိရစာၦန္အစာထုတ္လုပ္ေသာ စက္႐ုံမ်ားအပါအဝင္ အျခားစက္မႈလုပ္ငန္းမ်ားအတြက္ပါ စက္မႈဇုန္မ်ားေပၚထြက္လာနိုင္ရာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေသာ အဆိုပါကမ္းေျခပတ္လမ္းစီမံကိန္း ေဆာင္႐ြက္ၿပီးစီးပါကေဒသခံျပည္သူမ်ားအတြက္ အလုပ္အကိုင္အခြင့္



အလမ္းမ်ားစြာေပၚထြက္ လာမည္ျဖစ္ေၾကာင္း သိရသည္။ဒါ့အျပင္ ၾသစေၾတးလ်က Gold Coast ကမ္းရိုးတန္းလမ္းမႀကီးဟာကမာၻေက်ာ္သလို ျမန္မာျပည္ရဲ႕အေနာက္ဘက္ကမ္းရိုးတန္းလမ္းမႀကီးဟာလည္း ျမန္မာ့ခရီးသြားလုပ္ငန္းကိုလည္းမ်ားစြာအ ေထာက္အကူျပဳလာအုံးမွာကျဖင့္ေျမႀကီးလက္ခတ္

မလြဲပါပဲ။ျပည္သူ႕အစိုးရရဲ႕ ပညာပါၿပီးအေျမာ္အျမင္ ႀကီးတဲ့ အေ႐ြ႕တစ္ခုပါပဲ။Ref : Myanmar Builder Guide



ယူနီကုဒ်ဖြင့် ဖတ်ရန်

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကမ်းရိုး တန်းအတိုင်းလမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင် -ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား



ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မိုင် (၁၀၀) နီးပါးရှည်လျားတဲ့ ဒီလမ်းမသစ်ဟာပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ်ဂွမြို့နယ်အထိကို ကမ်းခြေပတ်လမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်အပိုင်း၌

ထက် ပိုမိုလှပသောကမ်းခြေနေရာသစ်များ ဖော်ထုတ် လာနိုင်တော့မည်ဖြစ်၍ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ပင်လယ်ထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ရေထွက် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်သော စက်ရုံများနှင့်

တိရစ္ဆာန်အစာထုတ်လုပ်သော စက်ရုံများအပါအဝင် အခြားစက်မှုလုပ်ငန်းများအတွက်ပါ စက်မှုဇုန်များပေါ်ထွက်လာနိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်သော အဆိုပါကမ်းခြေပတ်လမ်းစီမံကိန်း ဆောင်ရွက်ပြီးစီးပါကဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်



အလမ်းများစွာပေါ်ထွက် လာမည်ဖြစ်ကြောင်း သိရသည်။ဒါ့အပြင် သြစတြေးလျက Gold Coast ကမ်းရိုးတန်းလမ်းမကြီးဟာကမ္ဘာကျော်သလို မြန်မာပြည်ရဲ့အနောက်ဘက်ကမ်းရိုးတန်းလမ်းမကြီးဟာလည်း မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်းများစွာအ ထောက်အကူပြုလာအုံးမှာကဖြင့်မြေကြီးလက်ခတ်

မလွဲပါပဲ။ပြည်သူ့အစိုးရရဲ့ ပညာပါပြီးအမြော်အမြင် ကြီးတဲ့ အရွေ့တစ်ခုပါပဲ။Ref : Myanmar Builder Guide