ပင္စင္ယူခါနီး နိုင္ငံ့ဝန္ထမ္းတစ္ေယာက္ရဲ႕ ေၾကကြဲဖြယ္ ရင္ဖြင့္စကားမ်ား

“ပင္စင္ယူခါနီး နိုင္ငံ့ဝန္ထမ္းတစ္ေယာက္ရဲ႕ ေၾကကြဲဖြယ္ ရင္ဖြင့္စကားမ်ား”။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) က်ေနာ္က နိုင္ငံ့ဝန္ထမ္းအမႈထမ္းတစ္ဦးပါ။ အသက္(၄၅)ႏွစ္ရွိပါၿပီ။ အသက္(၆၀)ျပည့္ရန္ (၁၅)ႏွစ္သာ

လိုပါေတာ့သည္။ အသက္(၇၉)ႏွစ္အ႐ြယ္ ဖခင္ျဖစ္သူႏွင့္ အတူေနထိုင္ပါသည္။ ဖခင္မွာ အၿငိမ္းစားစစ္မႈထမ္းျဖစ္ပါသည္။ အျခားအဆင့္မို႔ ရရစားစားဘဝျဖင့္ ယေန႔အထိ ေနစရာအိမ္မရွိပါ။ က်န္းမာေရးကလည္းအသက္အ႐ြယ္အရမေကာင္းေတာ့ပါ။ ေဆြမ်ိဳးေတာ္စပ္သူေနအိမ္တြင္

ေနရပါသည္။ ေျပာခ်င္တာကက်ေနာ္ အသက္(၆၀)ျပည့္ရင္ အေဖ့လိုပဲ သူမ်ားအိမ္မွာေနရမွာလား။ ေနစရာမရွိတဲ့သူကို လုပ္သက္(၂၅)ႏွစ္ျပည့္ၿပီးသူ နိုင္ငံ့ဝန္ထမ္းေကာင္း လက္မွတ္ရထားသူမ်ားကို ကားပါမစ္ေပးမယ္ဆိုေတာ့ က်ေနာ့္ လစာ ၂သိန္းေလာက္နဲ႕ က်ေနာ္ကားဝယ္စီးဖို႔

မိဘျပန္ၾကည့္ဖို႔မေျပာနဲ႔ သားေကြၽးမႈ မယားေကြၽးမႈမပါ။လစာက အိမ္ငွားခနဲ႔တင္ နိထၱိတန္ေနၿပီ။ အဂတိတရား ကင္းေသာဝန္ထမ္းမ်ား ျဖစ္နိုင္ပါေတာ့မလား။ လစာတိုးေပးရန္မလိုပါ ေနစရာမရွိသူကို ေနစရာ၊ စားစရာမရွိသူကို စားစရာေပးေစခ်င္ပါသည္။ အခြင့္အေရးဆိုသည္မွာ

အခြင့္ထူးခံ လူတန္းစားတစ္ရပ္အတြက္ပဲ ျဖစ္ခဲ့ဘူးပါသည္။ အခြင့္အလမ္း ၂ခုေတာ့ ေပးေစခ်င္ပါတယ္။ ကားဝယ္စီးနိုင္သူေတြကိုကားပါမစ္ေပးၿပီး။ က်ေနာ္တို႔ လခစား နင္းျပားအမႈထမ္းမ်ားအတြက္ ေနစရာအိမ္မရွိတဲ့သူေတြကို ​ၿမိဳ႕သစ္႐ြာသစ္ၿမိဳ႕စြန္ နယ္စြန္က

ေနေလာက္တဲ့ေျမကြက္ေလးအစိုးရေစ်းႏႈန္းနဲ႔ ေရာင္းေပးေစခ်င္ပါသည္။ ပင္စင္ယူခ်ိန္အမွီ ပ်ဥ္ေထာင္ သြပ္မိုး ေနအိမ္ေလးေတာ့ ေနရတန္ေကာင္းပါရဲ႕လို႔ထင္မိပါသည္။ လစာအေပၚမွာ မွီခိုစားေနရတဲ့ နိုင္ငံ့ဝန္ထမ္း အမႈထမ္းတစ္ေယာက္အေနနဲ႔။ ဟိုးအရင္ေခတ္က

မေျပာရဲ မေတာင္းဆိုရဲခဲ့ရတာကို လိုခ်င္ အိပ္မက္မက္ခဲ့ရတာေလးေျပာၾကည့္ ေတာင္းဆိုၾကည့္တာပါ။ က်ေနာ္က နိုင္ငံ့ဝန္ထမ္း အမႈထမ္းတစ္ဦးပါ။ အသက္(၄၅)ႏွစ္ရွိပါၿပီ။ အသက္(၆၀)ျပည့္ရန္ (၁၅)ႏွစ္သာ လိုပါေတာ့သည္။ ေက်းဇူးတင္ပါတယ္။ စိုးထိုက္ေအာင္ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပင်စင်ယူခါနီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ကြေကွဲဖွယ် ရင်ဖွင့်စကားများ”။ ကျနော်က နိုင်ငံ့ဝန်ထမ်းအမှုထမ်းတစ်ဦးပါ။ အသက်(၄၅)နှစ်ရှိပါပြီ။ အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ

လိုပါတော့သည်။ အသက်(၇၉)နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အတူနေထိုင်ပါသည်။ ဖခင်မှာ အငြိမ်းစားစစ်မှုထမ်းဖြစ်ပါသည်။ အခြားအဆင့်မို့ ရရစားစားဘဝဖြင့် ယနေ့အထိ နေစရာအိမ်မရှိပါ။ ကျန်းမာရေးကလည်းအသက်အရွယ်အရမကောင်းတော့ပါ။ ဆွေမျိုးတော်စပ်သူနေအိမ်တွင်

နေရပါသည်။ ပြောချင်တာကကျနော် အသက်(၆၀)ပြည့်ရင် အဖေ့လိုပဲ သူများအိမ်မှာနေရမှာလား။ နေစရာမရှိတဲ့သူကို လုပ်သက်(၂၅)နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းကောင်း လက်မှတ်ရထားသူများကို ကားပါမစ်ပေးမယ်ဆိုတော့ ကျနော့် လစာ ၂သိန်းလောက်နဲ့ ကျနော်ကားဝယ်စီးဖို့

မိဘပြန်ကြည့်ဖို့မပြောနဲ့ သားကျွေးမှု မယားကျွေးမှုမပါ။လစာက အိမ်ငှားခနဲ့တင် နိထ္တိတန်နေပြီ။ အဂတိတရား ကင်းသောဝန်ထမ်းများ ဖြစ်နိုင်ပါတော့မလား။ လစာတိုးပေးရန်မလိုပါ နေစရာမရှိသူကို နေစရာ၊ စားစရာမရှိသူကို စားစရာပေးစေချင်ပါသည်။ အခွင့်အရေးဆိုသည်မှာ

အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ဘူးပါသည်။ အခွင့်အလမ်း ၂ခုတော့ ပေးစေချင်ပါတယ်။ ကားဝယ်စီးနိုင်သူတွေကိုကားပါမစ်ပေးပြီး။ ကျနော်တို့ လခစား နင်းပြားအမှုထမ်းများအတွက် နေစရာအိမ်မရှိတဲ့သူတွေကို မြို့သစ်ရွာသစ်မြို့စွန် နယ်စွန်က

နေလောက်တဲ့မြေကွက်လေးအစိုးရဈေးနှုန်းနဲ့ ရောင်းပေးစေချင်ပါသည်။ ပင်စင်ယူချိန်အမှီ ပျဉ်ထောင် သွပ်မိုး နေအိမ်လေးတော့ နေရတန်ကောင်းပါရဲ့လို့ထင်မိပါသည်။ လစာအပေါ်မှာ မှီခိုစားနေရတဲ့ နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ယောက်အနေနဲ့။ ဟိုးအရင်ခေတ်က

မပြောရဲ မတောင်းဆိုရဲခဲ့ရတာကို လိုချင် အိပ်မက်မက်ခဲ့ရတာလေးပြောကြည့် တောင်းဆိုကြည့်တာပါ။ ကျနော်က နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ဦးပါ။ အသက်(၄၅)နှစ်ရှိပါပြီ။ အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ လိုပါတော့သည်။ ကျေးဇူးတင်ပါတယ်။ စိုးထိုက်အောင် လေးစားစွာဖြင့် ခရက်ဒစ်