ပုသိမ္ေဆးရံုႀကီးမွာ မ်က္ရည္လည္တဲ့ ေန႔တစ္ေန႔.. ကိုဗစ္ကာလႀကီးမွာ ဒီတစ္ခါက်ေသာ မ်က္ရည္ကေတာ့ ဘာနဲ႔မွမတူ

ပုသိမ္ေဆးရံုႀကီးမွာ မ်က္ရည္လည္တဲ့ ေန႔တစ္ေန႔။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) မ်က္ရည္လည္ေသာ ေန႔တစ္ေန႔။ ဒီေန႔ ကြၽန္ေတာ္မ်က္ရည္က်ရပါသည္။ ကြၽန္ေတာ္သာလား ဆိုေတာ့ မဟုတ္ပါ။

အနီးအနားက လူေတြပါ မ်က္ရည္က်ရပါသည္။ ယုတ္စြအဆုံး လာေခၚေသာ ကားသမားႀကီးပင္ မ်က္ရည္ေတြ ျပည့္လို႔။ ကိုဗစ္ကာလႀကီးမွာ ဒီတစ္ခါက်ေသာ မ်က္ရည္ကေတာ့ ဘာနဲ႔မွမတူ။ အရသာရွိေသာ မ်က္ရည္၊ ပီတိ မ်က္ရည္ ျဖစ္ပါေလသည္။ အဘယ္ေၾကာင့္ပါနည္း။

ဟိုး လြန္ခဲ့ေသာ (၇၅)ရက္။ အတိအက်ေျပာရရင္ ၂၀၂၀ျပည့္ႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔မွာ သူတို႔ ပုသိမ္ေဆး႐ုံ ICUကို ေရာက္လာခဲ့ၾကသည္။ သူတို႔ကိုလႊဲလိုက္သည့္ေနရာက ငါးသိုင္းေခ်ာင္းေဆး႐ုံ။ သူတို႔ဆိုသည္က ေဒၚသင္းသင္းေဌးႏွင့္ ေဒၚသင္းသင္းေအးဆိုေသာ အမႊာညီအမ။

ေနာက္ထပ္ေရာက္လာသူက ေဒၚသင္းသင္းေဌး၏အမ်ိဳးသား ဦးေအာင္တင္စိန္။ သူတို႔ေရာက္လာရသည့္ အေၾကာင္းရင္းက ကိုဗစ္ပိုးေတြ႕လို႔ပါပဲ။ သူတို႔အထဲမွာ ေဒၚသင္းသင္းေဌးက အဆို.းဆုံ.း။ ေ.သြးတိုးရွိသည္ ဆီးခ်ိဳရွိသည္ ႏွလုံးေ.ရာဂါရွိသည္ ေအာက္စီဂ်င္က်သည္ ေ.မာသည္။

သူ႔အခန္းထဲက လူတစ္ေယာက္ဆုံ.းၿပီဆို သူကရင္ေတြတုန္ အသ.က္ရႈေ.တြၾကပ္၊ ဆရာ ဆရာမေတြခမ်ာ ဆုံ.းခါနီ.းလူနာကတစ္ဘက္၊ သူကတစ္ဘက္။ သည္လိုႏွင့္ HFNC စက္ကို (၂)လေက်ာ္ေလာက္ တင္ျဖစ္ခဲ့သည္။ သူ အေ.မာေ.ဖာ.က္တိုင္း သမားေတာ္ ေဒါက္တာခင္သူဇာကစလို႔

လက္ေထာက္ဆရာဝန္ေလးေတြ၊ ဆရာမေလးေတြ၊ အလုပ္သမားေတြ အၿငိမ္မေနရ ေျပးၾကလႊားၾက စိတ္ဓါတ္က်ၿပီး တရႈံ႕ရႈံ႕ငိုျပန္ေတာ့ PPE ေတြဝတ္ သြားေခ်ာ့ၾက။ ၾကာေတာ့ လူနာႏွင့္ဆရာဝန္ၾကား၊ လူနာႏွင့္ဆရာမေတြၾကား သံေယာဇဥ္ အျမစ္တြယ္လာခဲ့သည္။ (၁)လေက်ာ္ ၾကာၾကာမွာေတာ့ HFNC ဂိတ္ဆုံးေပးသည့္ၾကားက

သူၿပံဳးလာႏိုင္ခဲ့သည္။ ဆရာဝန္ဆရာမေတြႏွင့္ intercom မွာဖုန္းေခၚရင္း စႏိုင္ေနာက္ႏိုင္လာၿပီ။ သည္ေတာင္ကို သူေက်ာ္ႏိုင္မည္ဟု ယုံၾကည္စျပဳလာၿပီ။ ဆရာမေလးေတြကလည္း အားေပးေကာင္းသည္။ အေကာင္းအတိုင္း ျပန္ဆင္းဖို႔ အားေတြေပးၾကသည္။

သည္လိုႏွင့္ ICUထဲမွာ (၇၅)ရက္အၾကာ ဒီေန႔မွာ သူတို႔ေဆး႐ုံဆင္းႏိုင္ခဲ့ပါၿပီ။ ေဆး႐ုံဆင္းမည့္အခ်ိန္က ျမင္ကြင္းေလးကို ၾကည့္ပါဦး။ သမားေတာ္ေဒါက္တာခင္သူဇာက ညီအမ(၂)ေယာက္အတြက္ ၿခဳံပုဝါ(၂)ထည္ ဆင္တူ။ ကိုယ္တိုင္ၿခံဳေပးသည္။ ေဆာင္းတြင္းေႏြးေႏြးေလး ေနလိုလွ်င္ သည္ၿခဳံပုဝါေလးေတြၿခံဳရင္း သတိရေစဖို႔တဲ့။

ဆရာမေလးေတြက အ႐ုပ္ေလးလက္ေဆာင္ေပးသည္။ ညက် ကြၽန္မတို႔ကိုသတိရလွ်င္ ဖက္ထားေနာ္တဲ့။ ဆရာမေလး သင္းရီေမႊးက သစ္ခြပန္းပင္ေလး လက္ေဆာင္ေပးလိုက္သည္။ သည္အပင္ေလးကို ရွင္ေအာင္စိုက္။ သည္အပင္ထဲမွာ ေမတၱာေတြရွိသည္ေလ။

သူတို႔ထိုင္ကန္ေတာ့ဖို႔လုပ္ေတာ့ ဆရာမေလးေတြက အကန္ေတာ့မခံ ျပာျပာသလဲထူေပးၾကသည္ လမ္းခရီး ကားမူ.းမွာစိုးလို႔၊ ကားမူ.းေျပေဆးေတြ တိုက္လိုက္ၾကေသးသည္။ သည္လိုႏွင့္ (၇၅)ရက္ၾကာ ICU ထဲမွာ တိုက္ပြဲဝင္ခဲ့ေသာ ေဒၚသင္းသင္းေဌးတစ္ေယာက္

ဒီေန႔ သူ႔အိမ္သူ႔႐ြာကို ျပန္ႏိုင္ခဲ့ပါၿပီ။ သူတစ္ေယာက္တည္းအတြက္ ကုန္ခဲ့ေသာ ေအာက္စီဂ်င္ဖိုးက သိန္းတစ္ရာနီးပါးရွိခဲ့သည္။ က်န္တဲ့ေဆးဖိုးေတြ မပါေသး။ သို႔ေသာ္ သည္ပမာဏကို ပုသိမ္သူ ပုသိမ္သားတို႔က ေစတနာအျပည့္ျဖင့္ လႉဒါန္းေပးခဲ့သျဖင့္ တစ္ရက္ေလးမွ

ေအာက္စီဂ်င္အတြက္ စိတ္မပူခဲ့ရ။ အလႉရွင္မ်ားကို ေက်းဇူးအထူးတင္ရပါသည္။ ကားေလး ဘီးတစ္လိမ့္လိမ့္ထြက္ေတာ့ အားလုံး လက္ျပက်န္ရစ္ခဲ့ၾကသည္။ မ်က္ဝန္းမွာ မ်က္ရည္ေတြစိုလို႔ သည္တစ္ခါက်ေသာမ်က္ရည္သည္ ဝမ္းနည္း၍က်ေသာ မ်က္ရည္မဟုတ္

ဝမ္းသာမ်က္ရည္၊ ပီတိမ်က္ရည္ဆိုတာ ေျပာစရာလိုမည္မထင္ပါေလ။ (ဤစာစုေလးျဖင့္ သမားေတာ္ ေဒါက္တာခင္သူဇာ ဦးေဆာင္ေသာ ဆရာဝန္မ်ား၊ sister ေဒၚခင္ခင္ျမင့္ဦးေဆာင္ေသာ ဆရာမမ်ားႏွင့္ အလုပ္သမားမ်ား၊ ေဒါက္တာအိအိမြန္ ဦးေဆာင္ေသာ ေရာဂါရွာေဖြေရးႏွင့္

ဓါတ္ခြဲဝန္ထမ္းမ်ား၊ ပုသိမ္ကိုဗစ္ Team တစ္ခုလုံးကို ဂုဏ္ျပဳပါသည္။) Fighting Our PGH Team။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါသည္။ သာယာခ်မ္းေျမ့ေသာဘဝကို ပိုင္ဆိုင္၍ စီးပြားဥစၥာမ်ား တိုးတက္ႀကီးပြားၾကပါေစ။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပုသိမ်ဆေးရုံကြီးမှာ မျက်ရည်လည်တဲ့ နေ့တစ်နေ့။ မျက်ရည်လည်သော နေ့တစ်နေ့။ ဒီနေ့ ကျွန်တော်မျက်ရည်ကျရပါသည်။ ကျွန်တော်သာလား ဆိုတော့ မဟုတ်ပါ။

အနီးအနားက လူတွေပါ မျက်ရည်ကျရပါသည်။ ယုတ်စွအဆုံး လာခေါ်သော ကားသမားကြီးပင် မျက်ရည်တွေ ပြည့်လို့။ ကိုဗစ်ကာလကြီးမှာ ဒီတစ်ခါကျသော မျက်ရည်ကတော့ ဘာနဲ့မှမတူ။ အရသာရှိသော မျက်ရည်၊ ပီတိ မျက်ရည် ဖြစ်ပါလေသည်။ အဘယ်ကြောင့်ပါနည်း။

ဟိုး လွန်ခဲ့သော (၇၅)ရက်။ အတိအကျပြောရရင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၃)ရက်နေ့မှာ သူတို့ ပုသိမ်ဆေးရုံ ICUကို ရောက်လာခဲ့ကြသည်။ သူတို့ကိုလွှဲလိုက်သည့်နေရာက ငါးသိုင်းချောင်းဆေးရုံ။ သူတို့ဆိုသည်က ဒေါ်သင်းသင်းဌေးနှင့် ဒေါ်သင်းသင်းအေးဆိုသော အမွှာညီအမ။

နောက်ထပ်ရောက်လာသူက ဒေါ်သင်းသင်းဌေး၏အမျိုးသား ဦးအောင်တင်စိန်။ သူတို့ရောက်လာရသည့် အကြောင်းရင်းက ကိုဗစ်ပိုးတွေ့လို့ပါပဲ။ သူတို့အထဲမှာ ဒေါ်သင်းသင်းဌေးက အဆို.းဆုံ.း။ ေ.သွးတိုးရှိသည် ဆီးချိုရှိသည် နှလုံးေ.ရာဂါရှိသည် အောက်စီဂျင်ကျသည် ေ.မာသည်။

သူ့အခန်းထဲက လူတစ်ယောက်ဆုံ.းပြီဆို သူကရင်တွေတုန် အသ.က်ရှုေ.တွကြပ်၊ ဆရာ ဆရာမတွေခမျာ ဆုံ.းခါနီ.းလူနာကတစ်ဘက်၊ သူကတစ်ဘက်။ သည်လိုနှင့် HFNC စက်ကို (၂)လကျော်လောက် တင်ဖြစ်ခဲ့သည်။ သူ အေ.မာေ.ဖာ.က်တိုင်း သမားတော် ဒေါက်တာခင်သူဇာကစလို့

လက်ထောက်ဆရာဝန်လေးတွေ၊ ဆရာမလေးတွေ၊ အလုပ်သမားတွေ အငြိမ်မနေရ ပြေးကြလွှားကြ စိတ်ဓါတ်ကျပြီး တရှုံ့ရှုံ့ငိုပြန်တော့ PPE တွေဝတ် သွားချော့ကြ။ ကြာတော့ လူနာနှင့်ဆရာဝန်ကြား၊ လူနာနှင့်ဆရာမတွေကြား သံယောဇဉ် အမြစ်တွယ်လာခဲ့သည်။ (၁)လကျော် ကြာကြာမှာတော့ HFNC ဂိတ်ဆုံးပေးသည့်ကြားက

သူပြုံးလာနိုင်ခဲ့သည်။ ဆရာဝန်ဆရာမတွေနှင့် intercom မှာဖုန်းခေါ်ရင်း စနိုင်နောက်နိုင်လာပြီ။ သည်တောင်ကို သူကျော်နိုင်မည်ဟု ယုံကြည်စပြုလာပြီ။ ဆရာမလေးတွေကလည်း အားပေးကောင်းသည်။ အကောင်းအတိုင်း ပြန်ဆင်းဖို့ အားတွေပေးကြသည်။

သည်လိုနှင့် ICUထဲမှာ (၇၅)ရက်အကြာ ဒီနေ့မှာ သူတို့ဆေးရုံဆင်းနိုင်ခဲ့ပါပြီ။ ဆေးရုံဆင်းမည့်အချိန်က မြင်ကွင်းလေးကို ကြည့်ပါဦး။ သမားတော်ဒေါက်တာခင်သူဇာက ညီအမ(၂)ယောက်အတွက် ခြုံပုဝါ(၂)ထည် ဆင်တူ။ ကိုယ်တိုင်ခြုံပေးသည်။ ဆောင်းတွင်းနွေးနွေးလေး နေလိုလျှင် သည်ခြုံပုဝါလေးတွေခြုံရင်း သတိရစေဖို့တဲ့။

ဆရာမလေးတွေက အရုပ်လေးလက်ဆောင်ပေးသည်။ ညကျ ကျွန်မတို့ကိုသတိရလျှင် ဖက်ထားနော်တဲ့။ ဆရာမလေး သင်းရီမွှေးက သစ်ခွပန်းပင်လေး လက်ဆောင်ပေးလိုက်သည်။ သည်အပင်လေးကို ရှင်အောင်စိုက်။ သည်အပင်ထဲမှာ မေတ္တာတွေရှိသည်လေ။

သူတို့ထိုင်ကန်တော့ဖို့လုပ်တော့ ဆရာမလေးတွေက အကန်တော့မခံ ပြာပြာသလဲထူပေးကြသည် လမ်းခရီး ကားမူ.းမှာစိုးလို့၊ ကားမူ.းပြေဆေးတွေ တိုက်လိုက်ကြသေးသည်။ သည်လိုနှင့် (၇၅)ရက်ကြာ ICU ထဲမှာ တိုက်ပွဲဝင်ခဲ့သော ဒေါ်သင်းသင်းဌေးတစ်ယောက်

ဒီနေ့ သူ့အိမ်သူ့ရွာကို ပြန်နိုင်ခဲ့ပါပြီ။ သူတစ်ယောက်တည်းအတွက် ကုန်ခဲ့သော အောက်စီဂျင်ဖိုးက သိန်းတစ်ရာနီးပါးရှိခဲ့သည်။ ကျန်တဲ့ဆေးဖိုးတွေ မပါသေး။ သို့သော် သည်ပမာဏကို ပုသိမ်သူ ပုသိမ်သားတို့က စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သဖြင့် တစ်ရက်လေးမှ

အောက်စီဂျင်အတွက် စိတ်မပူခဲ့ရ။ အလှူရှင်များကို ကျေးဇူးအထူးတင်ရပါသည်။ ကားလေး ဘီးတစ်လိမ့်လိမ့်ထွက်တော့ အားလုံး လက်ပြကျန်ရစ်ခဲ့ကြသည်။ မျက်ဝန်းမှာ မျက်ရည်တွေစိုလို့ သည်တစ်ခါကျသောမျက်ရည်သည် ဝမ်းနည်း၍ကျသော မျက်ရည်မဟုတ်

ဝမ်းသာမျက်ရည်၊ ပီတိမျက်ရည်ဆိုတာ ပြောစရာလိုမည်မထင်ပါလေ။ (ဤစာစုလေးဖြင့် သမားတော် ဒေါက်တာခင်သူဇာ ဦးဆောင်သော ဆရာဝန်များ၊ sister ဒေါ်ခင်ခင်မြင့်ဦးဆောင်သော ဆရာမများနှင့် အလုပ်သမားများ၊ ဒေါက်တာအိအိမွန် ဦးဆောင်သော ရောဂါရှာဖွေရေးနှင့်

ဓါတ်ခွဲဝန်ထမ်းများ၊ ပုသိမ်ကိုဗစ် Team တစ်ခုလုံးကို ဂုဏ်ပြုပါသည်။) Fighting Our PGH Team။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါသည်။ သာယာချမ်းမြေ့သောဘဝကို ပိုင်ဆိုင်၍ စီးပွားဥစ္စာများ တိုးတက်ကြီးပွားကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်