တစ္ေယာက္တည္းေနကာ ကိုယ္တိုင္ ထင္းေခြ ေရခပ္ သစ္ပင္စိုက္ေနတဲ့ အသက္ ၁၀၀ေက်ာ္ ဖြားသက္ရွည္

“အသက္ ၁၀၀ ေက်ာ္ၿပီျဖစ္ၿပီး တစ္ေယာက္တည္းေနကာ ကိုယ္တိုင္ ထင္းေခြ ေရခပ္ သစ္ပင္စိုက္ ေနတဲ့ဖြားသက္ရွည္”။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) မေတြ႕တာ သုံးႏွစ္ေလာက္ ၾကာသြားတဲ့ေနာက္ အဖြားအသက္

ဆလးႏွစ္ေလာက္ ျပန္ငယ္သြားတယ္။ ရယ္စရာေတာ့ ေကာင္းသား။ အရင္တစ္ႀကိမ္က အဖြားရဲ႕ေျမး ေျပာျပတာက အသက္ ၁၁၀။ အခု တစ္ႀကိမ္ အဖြားရဲ႕ေျမးမေလး ေျပာျပတာက ၁၀၆ႏွစ္တဲ့။ အဖြားက ပူတာအိုက ရဝမ္လူမ်ိးပါ။ တကယ္ေတာ့ အသက္ ၁၀၀ ဝန္းက်င္ေရာက္ေနတဲ့

အဖြားအိုကေတာ့ သူ႕ရဲ႕ေမြးေန႕ကို မွတ္မိေနမွာ မဟုတ္ပါဘူး။ သူ႕အတြက္လည္း အေရးႀကီးမွာ မဟုတ္ဘူး။ က်န္တဲ့ သူ႕သားသမီး၊ ေျမးျမစ္ဆိုတာေတြကလည္း ကိုယ့္အဖြားကို ဘယ္ႏွစ္ကေမြးလဲဆိုတာ ေမးၾကည့္ဖို႔ အဖြားရဲ႕အေမလည္း မရွိေတာ့ဘူးဆိုေတာ့ သူတို႔လည္း

ဘယ္ အတိအက် သိနိုင္ပါ့မလဲ။ အသက္ ၁၀၀ေက်ာ္တဲ့အထိ ကိုယ့္ဘာသာတစ္ေယာက္တည္းေန၊ ထင္းေခြ၊ ေရခပ္၊ သစ္ပင္စိုက္ကို က်န္းက်န္းမာမာနဲ႔ လုပ္ေနနိုင္ေသးတယ္ဆိုေတာ့ အဖြားဘယ္လိုေနလဲဆိုတာ သိရေအာင္ အဖြားရဲ႕ အိမ္ေလးေပၚအထိ တက္ၾကည့္ခဲ့တယ္။

ကန္ေတာ့လိုက္ေတာ့ ၿပဳံးၿပဳံးႀကီး ေက်နပ္ေနတဲ့အဖြားကို ၾကည့္ရတာ အလြန္စိတ္ခ်မ္းသာဖို႔ေကာင္းတာပဲ။ အေပါင္းအသင္းနဲလာတာကို သတိထားမိတယ္။ အေနေဝးလို႔ အဆက္အသြယ္ ျပတ္သြားတာေတြရွိသလို၊ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔အဆက္အသြယ္

ျပ.တ္သြားတာေတြလည္း ရွိတယ္။ တကယ္ေတာ့ ဘဝမွာ ေပ်ာ္႐ႊင္စြာေနဖို႔ရာအတြက္ ေရာင့္ရဲတင္းတိမ္တတ္တဲ့ စိတ္ထားတစ္ခုရယ္၊ အျပန္အလွန္ နားလည္မႉရွိတဲ့ လက္တစ္ဆုပ္စာ ရင္းႏွီးခင္မင္ရတဲ့သူတစ္ခ်ိဳ႕ရယ္ရွိရင္ ရပါ ၿပီ။ ဒါ့ထက္ တစ္ဆင့္တက္ၿပီး ေျပာရရင္

တစ္ေယာက္တည္းေန တစ္စိတ္တည္းထားနိုင္တာေတာ့ အေကာင္းဆုံးပါပဲ။ ေလာကသေဘာဆႏၵနဲ႔ ေျပာရရင္ေတာ့ မိမိကိုယ္တိုင္လည္း အသက္႐ြယ္ႀကီးရလာၿပီ။ ေနာက္ပိုင္းမွာ ဝင္ေငြနဲနဲ ထြက္ေငြနဲနဲနဲ႔ သစ္ပင္စိုက္ရင္းပဲ ေအးေအးေနခ်င္တယ္။ ၿပီးေတာ့ ေတာင္ပံသာလွ်င္

ဝန္ရွိေသာငွက္ကဲ့သို႔ဆိုတဲ့ စကားလို ဘာကိုမွ မတြယ္တာ မၿငိတြယ္ဘဲေနခ်င္တယ္၊ ဘဝရဲ႕ေနာက္ဆုံးကာလေတြကို အလိုနည္းတဲ့ဘဝနဲ႔ပဲ ကုန္ဆုံးသြားခ်င္တယ္။ ေလာဘေလွ်ာ့ဖို႔ဆိုတာ အေျပာလြယ္သေလာက္ လက္ေတြ႕ထိမ္းခ်ဳပ္ဖို႔ရာေတာ့ တကယ္ခက္ပါတယ္ေလ။

ကိုယ့္ေလာဘကို ကိုယ္သိေနဖို႔ ဆင္ျခင္ရဦးမွာပါ။ သတိထားရဦးမွာပါေလ။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါတယ္။ သာယာခ်မ္းေျမ့ေသာဘဝကို ပိုင္ဆိုင္၍ စီးပြားဥစၥာမ်ား ဒီေရအလား တိုးတက္ႀကီးပြားၾကပါေစ။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

“အသက် ၁၀၀ ကျော်ပြီဖြစ်ပြီး တစ်ယောက်တည်းနေကာ ကိုယ်တိုင် ထင်းခွေ ရေခပ် သစ်ပင်စိုက် နေတဲ့ဖွားသက်ရှည်”။ မတွေ့တာ သုံးနှစ်လောက် ကြာသွားတဲ့နောက် အဖွားအသက်

ဆလးနှစ်လောက် ပြန်ငယ်သွားတယ်။ ရယ်စရာတော့ ကောင်းသား။ အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြောပြတာက အသက် ၁၁၀။ အခု တစ်ကြိမ် အဖွားရဲ့မြေးမလေး ပြောပြတာက ၁၀၆နှစ်တဲ့။ အဖွားက ပူတာအိုက ရဝမ်လူမျိးပါ။ တကယ်တော့ အသက် ၁၀၀ ဝန်းကျင်ရောက်နေတဲ့

အဖွားအိုကတော့ သူ့ရဲ့မွေးနေ့ကို မှတ်မိနေမှာ မဟုတ်ပါဘူး။ သူ့အတွက်လည်း အရေးကြီးမှာ မဟုတ်ဘူး။ ကျန်တဲ့ သူ့သားသမီး၊ မြေးမြစ်ဆိုတာတွေကလည်း ကိုယ့်အဖွားကို ဘယ်နှစ်ကမွေးလဲဆိုတာ မေးကြည့်ဖို့ အဖွားရဲ့အမေလည်း မရှိတော့ဘူးဆိုတော့ သူတို့လည်း

ဘယ် အတိအကျ သိနိုင်ပါ့မလဲ။ အသက် ၁၀၀ကျော်တဲ့အထိ ကိုယ့်ဘာသာတစ်ယောက်တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်စိုက်ကို ကျန်းကျန်းမာမာနဲ့ လုပ်နေနိုင်သေးတယ်ဆိုတော့ အဖွားဘယ်လိုနေလဲဆိုတာ သိရအောင် အဖွားရဲ့ အိမ်လေးပေါ်အထိ တက်ကြည့်ခဲ့တယ်။

ကန်တော့လိုက်တော့ ပြုံးပြုံးကြီး ကျေနပ်နေတဲ့အဖွားကို ကြည့်ရတာ အလွန်စိတ်ချမ်းသာဖို့ကောင်းတာပဲ။ အပေါင်းအသင်းနဲလာတာကို သတိထားမိတယ်။ အနေဝေးလို့ အဆက်အသွယ် ပြတ်သွားတာတွေရှိသလို၊ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့အဆက်အသွယ်

ပြ.တ်သွားတာတွေလည်း ရှိတယ်။ တကယ်တော့ ဘဝမှာ ပျော်ရွှင်စွာနေဖို့ရာအတွက် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ထားတစ်ခုရယ်၊ အပြန်အလှန် နားလည်မှူရှိတဲ့ လက်တစ်ဆုပ်စာ ရင်းနှီးခင်မင်ရတဲ့သူတစ်ချို့ရယ်ရှိရင် ရပါ ပြီ။ ဒါ့ထက် တစ်ဆင့်တက်ပြီး ပြောရရင်

တစ်ယောက်တည်းနေ တစ်စိတ်တည်းထားနိုင်တာတော့ အကောင်းဆုံးပါပဲ။ လောကသဘောဆန္ဒနဲ့ ပြောရရင်တော့ မိမိကိုယ်တိုင်လည်း အသက်ရွယ်ကြီးရလာပြီ။ နောက်ပိုင်းမှာ ဝင်ငွေနဲနဲ ထွက်ငွေနဲနဲနဲ့ သစ်ပင်စိုက်ရင်းပဲ အေးအေးနေချင်တယ်။ ပြီးတော့ တောင်ပံသာလျှင်

ဝန်ရှိသောငှက်ကဲ့သို့ဆိုတဲ့ စကားလို ဘာကိုမှ မတွယ်တာ မငြိတွယ်ဘဲနေချင်တယ်၊ ဘဝရဲ့နောက်ဆုံးကာလတွေကို အလိုနည်းတဲ့ဘဝနဲ့ပဲ ကုန်ဆုံးသွားချင်တယ်။ လောဘလျှော့ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ထိမ်းချုပ်ဖို့ရာတော့ တကယ်ခက်ပါတယ်လေ။

ကိုယ့်လောဘကို ကိုယ်သိနေဖို့ ဆင်ခြင်ရဦးမှာပါ။ သတိထားရဦးမှာပါလေ။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာချမ်းမြေ့သောဘဝကို ပိုင်ဆိုင်၍ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်