မိန္းမေတြ တမ္းတမ္းစြဲခ်စ္မ၀ႏိုင္ျဖစ္ပီး ဘယ္ေတာ့မွျပစ္မသြားႏိုင္တဲ့ အိမ္ေထာင္ဘက္ေကာင္းျဖစ္ဖို႔

ခင္ပြန္းေကာင္းဆိုတာ

1. နံနက္အိပ္ယာထတဲ့အခါ “ မင္းေနေကာင္းလား၊ က်န္းမာေရးဂရုစုိက္ေနာ္ ” စိုးရိမ္စကား ေျပာေပးတတ္သူ။

2. နံနက္စာစားတဲ့အခါ “ ေကာ္ဖီ ၁-ခြက္ ကို ၂-ေယာက္ တူတူေသာက္ၾကရေအာင္ကြာ ” မွ်ေ၀ခံစားတတ္သူ။

3. နံနက္စာ ျပင္ဆင္ (သို ့မဟုတ္) စားေသာက္ျပီးတဲ့အခါ ပန္းကန္ခြက္ေယာက္ကူသယ္/ကူသိမ္းေပးတတ္သူ။

4. ထမင္းစားတဲ့့အခါ “လက္ရာကေတာ့ရွယ္ပဲ…ေယာက်ာ္း အၾကိဳက္သိ တဲ့ မိန္းမ..ငယ္ငယ္တုန္းက စားခဲ့တဲ့ ေမေမ့လက္ ရာ အတိုင္းဘဲ” ခ်ီးမြမ္းေျမွာက္ပင့္ေျပာတတ္သူ။

5. အလုပ္သြားခါနီးတိုင္း အိမ္ေနာက္ေဖးမွာအလုပ္ရႈပ္ေနတတ္တဲ့ ခ်စ္ဇနီးကိုမေတြ ့ေတြ ့ေအာင္ရွာျပီး “ေမၾကီးေရ.. အလုပ္ သြားျပီကြာ” လို ့အေရးတယူႏႈတ္ဆက္တတ္သူ (လူလစ္ရင္ အနမ္းျဖင့္ႏႈတ္ဆက္ တတ္သူ)

6. ေန ့လယ္ဘက္ ထမင္းစားခ်ိန္ အားလပ္ခ်ိန္မွာ ဖုန္း (သို ့မဟုတ္) ဖုန္းမတ္ေဆ့ခ်္ျဖင့္ “မိန္းမေရ ဘာေတြ လုပ္ေနတုန္းကြာ ဒီမွာ ေညာင္းေနလို ့ဇက္ေၾကာေလးလာဆြဲေပးပါဦး ” အရႊန္းေဖာက္တတ္္သူ။

7. အလုပ္ဆင္းခ်ိန္ အိမ္အျပန္လမ္းမွာ မိသားစုအတြက္ စားစရာေလးျဖစ္ျဖစ္ ၀ယ္လာတတ္သူ။

10. မိမိအလုပ္နဲ ့ပတ္သက္ျပီး ဇနီးျဖစ္သူကို ေကာင္း၏/ဆိုး၏/ေပ်ာ္၏/စိတ္ညစ္၏… ရင္ဖြင့္ေျပာျပတတ္သူ။

11. ဇနီးသည္ကို စိတ္၀င္စားမႈရွိသူ/ေႏြးေႏြးေထြးေထြးေပြ ့ဖက္တတ္သူ (လင့္၀တၱရားေက်သူ)

12. ေဆြမ်ိဳးမ်ား နဲ ့ အေပါင္းသင္းမိတ္ေဆြေတြေရွ ့မွာ ဇနီးသည္ကို ေဖးေဖးမမ ဂရုစိုက္ျပတတ္သူ။

13. သားသမီးေတြ ေရွ ့မွာ “ မင္းတို ့ေမေမက ေက်းဇူးရွိတယ္ေနာ္ ေမေမ့စကားနားေထာင္ ေမေမ့ကို စိတ္ညစ္ေအာင္ မလုပ္ ရဘူး” လို ့ မၾကာခဏ ေျပာေပးတတ္သူ။

14. ဇနီးသည္ အလုပ္ရႈပ္ေနတဲ့အခါ ကေလးေတြကိုအေဖာ္ျပဳေပးတတ္သူ။

15. အလုပ္ပိတ္ရက္ေတြမွာ အခါအားေလ်ာ္စြာ မိသားစုကို သီးသန္႔ အခ်ိန္ေပးျပီး အျပင္ထြက္လည္ပတ္ေပးတတ္သူ။ နွစ္ေယာက္ထဲရွိေနခ်ိန္မွာ မိမိ ဇနီးကို မၾကာခဏဆိုသလို “ မင္း ကေတာ့ ဒို ့မိသားစုအတြက္ မရွိမျဖစ္ဘဲကြာ၊ မင္းရွိလို ့သာေပါ့၊

မင္းလည္းေတာ္ေတာ္ ပင္ပန္း ေနျပီေနာ္ ” စတဲ့ စကားေလး တခြန္းျဖင့္ ေက်းဇူးတင္စကားေျပာေပးဖို ့ႏႈတ္မေနွးၾကပါနဲ ့လို ့ သုေတသီမ်ားက အၾကံျပဳထားပါတယ္။ ဒီလိုဂရုစိုက္ စကားေလးေတြေၾကာင့္ ဇနီးသည္အတြက္သာမက၊ ခင္ပြန္းျဖစ္သူအတြက္ပါ

အိမ္ေထာင္ေရးသုချဖစ္ေစမွာပါတဲ့။ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ပိုင္ဆိုင္ၾကပါေစလို ့ေနာ္​။ မူရင္ေရးသားသူအား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ခင်ပွန်းကောင်းဆိုတာ

1. နံနက်အိပ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။

2. နံနက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် တူတူသောက်ကြရအောင်ကွာ ” မျှဝေခံစားတတ်သူ။

3. နံနက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါ ပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။

4. ထမင်းစားတဲ့အခါ “လက်ရာကတော့ရှယ်ပဲ…ယောကျာ်း အကြိုက်သိ တဲ့ မိန်းမ..ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ” ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။

5. အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာအလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကိုမတွေ့တွေ့အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီကွာ” လို့အရေးတယူနှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက် တတ်သူ)

6. နေ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ ဖုန်း (သို့မဟုတ်) ဖုန်းမတ်ဆေ့ချ်ဖြင့် “မိန်းမရေ ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ဇက်ကြောလေးလာဆွဲပေးပါဦး ” အရွှန်းဖောက်တတ်သူ။

7. အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ဝယ်လာတတ်သူ။

10. မိမိအလုပ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏… ရင်ဖွင့်ပြောပြတတ်သူ။

11. ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/နွေးနွေးထွေးထွေးပွေ့ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)

12. ဆွေမျိုးများ နဲ့ အပေါင်းသင်းမိတ်ဆွေတွေရှေ့မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။

13. သားသမီးတွေ ရှေ့မှာ “ မင်းတို့မေမေက ကျေးဇူးရှိတယ်နော် မေမေ့စကားနားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့ မကြာခဏ ပြောပေးတတ်သူ။

14. ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကိုအဖော်ပြုပေးတတ်သူ။

15. အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက်လည်ပတ်ပေးတတ်သူ။ နှစ်ယောက်ထဲရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏဆိုသလို “ မင်း ကတော့ ဒို့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့သာပေါ့၊

မင်းလည်းတော်တော် ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို့နှုတ်မနှေးကြပါနဲ့လို့ သုတေသီများက အကြံပြုထားပါတယ်။ ဒီလိုဂရုစိုက် စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ

အိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝပိုင်ဆိုင်ကြပါစေလို့နော်။ မူရင်ရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။