ျမန္မာ့ပထမဆုံးပုဂၢလိကပိုင္ ေရွးေဟာင္းျပတိုက္ျဖစ္တဲ့ ေဇကမၻာျပတိုက္ကို လာမယ့္ေဖေဖာ္ဝါရီလ (၁)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္

ျမန္မာ့ပထမဆုံးပုဂၢလိက ေရွးေဟာင္းျပတိုက္ကို ေဖေဖာ္ဝါရီလ ၁ရက္တြင္ ဖြင့္လွစ္မည္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အာရွတြင္ အႀကီးဆုံးျပတိုက္ျဖစ္လာမည့္ ျမန္မာႏိုင္ငံ၏ ပထမဆုံး ပုဂၢလိကေရွးေဟာင္းျပတိုက္

ေဇကမာၻMuseumကို ေဖေဖာ္ဝါရီလ ၁ရက္တြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို ကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္မည္ျဖစ္ ေၾကာင္း သိရသည္။ ”Soft openingကို ေဖေဖာ္ဝါရီ ၁ရက္မွာ ဝန္ႀကီးတက္ေရာက္ဖြင့္လွစ္မယ္။

ျပတိုက္ရဲ႕ႏွစ္ထပ္ကို ဖြင့္မွာျဖစ္တယ္။ က်န္တဲ့ႏွစ္ထပ္ကို အခု ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလကိုေတာ့ ဖြင့္ႏိုင္ေအာင္ စီစဥ္မယ္။ အဲဒီအခါေတာ့ ျပတိုက္ႀကီးတစ္ခုလုံးကို ဖြင့္တာေပါ့”ဟု ေဇကမာၻကုမၸဏီဥကၠ႒ ေဒါက္တာခင္ေ႐ႊက ေျပာသည္။ အဆိုပါျပတိုက္ႀကီးကို ရန္ကုန္တိုင္းေဒသႀကီး

မဂၤလာဒုံၿမိဳ႕နယ္ မဂၤလာဒုံ ေဂါက္ကြင္းေရွ႕ ေျမ ၅ဧကေပၚတြင္ စတုရန္းေပ ၁၆၀၀၀၀က်ယ္ဝန္းသည့္ ေလးထပ္အေဆာက္အအုံအျဖစ္ အေမရိကန္ေဒၚလာ ၁၀သန္းခန႔္ သုံးစြဲတည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ျပတိုက္အတြင္း ကုန္းေနေရေနသတၱဝါမ်ား၏ ေမး႐ိုး၊ သြား

ဦးေခါင္.းခြံ၊ ေျခ၊ လက္၊ အ႐ိုး၊ မစင္စသည့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းပစၥည္းမ်ိဳးစုံ၊ ႏွစ္သန္း ၁၁၀သက္တမ္းရွိ အင္းဆက္မ်ိဳးႏြယ္စုပါဝင္ေသာ ျမန္မာ့ပယင္းတြင္းထြက္မ်ား၊ Sivapithecus မ်ိဳးႏြယ္စုဝင္ ကမာၻ႔ရွားပါး လူတူပ႐ိုင္းမိတ္ ေမး႐ိုးႏွင့္လက္ေမာင္း႐ိုးမ်ား

ေခတ္အဆက္ဆက္ပစၥည္းမ်ား၊ ယြန္းထည္ပစၥည္းအမ်ိဳးမ်ိဳး စသည္တို႔ကိုၾကည့္ရႈႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။ ယင္းျပတိုက္တြင္ျပသမည့္ ေရွးေဟာင္းပစၥည္းမ်ားမွာ ကမာၻ႔ရွားပါးပစၥည္းမ်ားပါဝင္ၿပီး အမ်ိဳးအမည္လည္း အလြန္ မ်ားျပားေၾကာင္း

ယင္းေၾကာင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွစစ္ေဆး၍ မွတ္ပုံတင္ထားၿပီးလည္းျဖစ္ကာ သမိုင္းတန္ဖိုးႀကီးမားသည့္ ျပတိုက္ႀကီးျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက မီဒီယာမ်ားအား ေျပာၾကားထားသည္။

“စုေဆာင္းထားတဲ့ ေရွးေဟာင္း ပစၥည္းေတြေရာက္တိုင္းေရာက္တိုင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနရဲ႕ ရန္ကုန္တိုင္းတာဝန္ခံ ၫႊန္ၾကားေရးမႉး ေဒၚဥမၼာေအာင္နဲ႔အဖြဲ႕ကို ဒီမွာလာၿပီး ပစၥည္းေတြကို ေရွးေဟာင္း စစ္မစစ္ခြဲျခားပါတယ္။ မွတ္ပုံတင္စာရင္းသြင္းသလို

ဓာတ္ပုံမွတ္တမ္း၊ TV မွတ္တမ္း၊ ကြန္ပ်ဴတာမွတ္တမ္းေတြ အကုန္လုံးတင္ထားပါတယ္။ မွတ္တမ္းတင္ထားၿပီးတဲ့ ဒီပစၥည္းေတြသည္ သတ္မွတ္ထားတဲ့ ဒီေနရာကလြဲလို႔ ေနာက္တစ္ေနရာကို ေ႐ႊ႕ေျပာင္းခြင့္မရေတာ့ပါဘူး။ ေက်ာက္ေခတ္၊ သံေခတ္၊ ပ်ဳေခတ္၊ မ်က္ေမွာက္ေခတ္

ပုဂံ၊ အင္းဝ၊ ကုန္းေဘာင္ေခတ္ပစၥည္းေတြကို စုေဆာင္းထားတာကလည္း အင္မတန္မွ ၾကည္ႏူးအားတက္ဖြယ္ ျဖစ္ပါတယ္” ဟု ဝန္ႀကီးကဆိုသည္။ ေဇကမာၻျပတိုက္တြင္ ေရွးဦးဆင္(၅)မ်ိဳး၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားျပခန္း၊ ကမာၻဦးသတၱဝါမ်ား၏ ေက်ာက္ျဖစ္႐ုပ္ၾကြင္းမ်ားျပခန္း

ယဥ္ေက်းမႈအေမြအႏွစ္ ျမန္မာမႈအႏုလက္ရာပစၥည္းမ်ားျပခန္း သံ ေခတ္အေလာင္းျမႇဳပ္ႏွံမႈျပခန္း၊ ပယင္းျပ ခန္း၊ ႏွစ္သန္းေပါင္းမ်ားစြာက လိပ္ ေက်ာက္ျဖစ္႐ုပ္<ကင္းျပခန္း၊ ယြန္းထည္အ မ်ိဳးမ်ိဳးျပခန္း၊ ေရွးေဟာင္းေ႐ႊေက်ာင္းျပခန္း၊ ပုဂံေခတ္အႏုပညာလက္ရာျပခန္း စသည္တို႔ကို

ကနဦး ဖြင့္လွစ္ျပသမည္ျဖစ္ေၾကာင္း သိရသည္။ ”ကိုယ့္သမိုင္းေပါ့ေလ။ တစ္ခ်ိန္က်ရင္ ေသၾကရေတာ့မွာပဲ။ အန္ကယ္ ႏိုင္ငံေရးမလုပ္ေတာ့ဘူး။ အန္ကယ့္အေနနဲ႔ တည္ေဆာက္ခဲ့တဲ့စီမံကိန္းေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ေနာင္လာတဲ့မ်ိဳးဆက္ေတြသိဖို႔ သမိုင္းမွာက်န္ခဲ့ဖို႔

ဒီေဇကမာၻျပတိုက္ႀကီးကို တည္ေဆာက္တာျဖစ္တယ္” ဟု ေဒါက္တာခင္ေ႐ႊကေျပာသည္။ ျပတိုက္တြင္ သမိုင္းမတင္မီေခတ္မွ ေက်ာက္၊ ေၾကး၊ သံ၊ ပ်ဴ၊ ပုဂံ၊ ပင္းယ၊ အင္းဝ စေသာေခတ္အဆက္ဆက္မွ ကိုလိုနီေခတ္အထိ လူ႔အသုံးအေဆာင္မ်ား ျဖစ္သည့္

လ.က္န.က္၊ အိုးခြက္-ပုတီး-ကိုးကြယ္ယုံၾကည္မႈျပခန္းမ်ား၊ ျမန္မာမႈ လက္ရာပန္းခ်ီ-ပန္းပု-႐ုပ္လုံး ႐ုပ္ႂကြပန္း(၁၀)မ်ိဳးအတတ္ျပခန္းမ်ားလည္း ပါဝင္ေၾကာင္းသိရသည္။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္႐ွိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာ့ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီလ ၁ရက်တွင် ဖွင့်လှစ်မည်။ အာရှတွင် အကြီးဆုံးပြတိုက်ဖြစ်လာမည့် မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက်

ဇေကမ္ဘာMuseumကို ဖေဖော်ဝါရီလ ၁ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ ”Soft openingကို ဖေဖော်ဝါရီ ၁ရက်မှာ ဝန်ကြီးတက်ရောက်ဖွင့်လှစ်မယ်။

ပြတိုက်ရဲ့နှစ်ထပ်ကို ဖွင့်မှာဖြစ်တယ်။ ကျန်တဲ့နှစ်ထပ်ကို အခု ၂၀၂၁ခုနှစ် ဒီဇင်ဘာလကိုတော့ ဖွင့်နိုင်အောင် စီစဉ်မယ်။ အဲဒီအခါတော့ ပြတိုက်ကြီးတစ်ခုလုံးကို ဖွင့်တာပေါ့”ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြောသည်။ အဆိုပါပြတိုက်ကြီးကို ရန်ကုန်တိုင်းဒေသကြီး

မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းရှေ့ မြေ ၅ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် အမေရိကန်ဒေါ်လာ ၁၀သန်းခန့် သုံးစွဲတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ပြတိုက်အတွင်း ကုန်းနေရေနေသတ္တဝါများ၏ မေးရိုး၊ သွား

ဦးခေါင်.းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက်ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀သက်တမ်းရှိ အင်းဆက်မျိုးနွယ်စုပါဝင်သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်းရိုးများ

ခေတ်အဆက်ဆက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်းအမျိုးမျိုး စသည်တို့ကိုကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။ ယင်းပြတိုက်တွင်ပြသမည့် ရှေးဟောင်းပစ္စည်းများမှာ ကမ္ဘာ့ရှားပါးပစ္စည်းများပါဝင်ပြီး အမျိုးအမည်လည်း အလွန် များပြားကြောင်း

ယင်းကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှစစ်ဆေး၍ မှတ်ပုံတင်ထားပြီးလည်းဖြစ်ကာ သမိုင်းတန်ဖိုးကြီးမားသည့် ပြတိုက်ကြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာများအား ပြောကြားထားသည်။

“စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတွေရောက်တိုင်းရောက်တိုင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်နဲ့အဖွဲ့ကို ဒီမှာလာပြီး ပစ္စည်းတွေကို ရှေးဟောင်း စစ်မစစ်ခွဲခြားပါတယ်။ မှတ်ပုံတင်စာရင်းသွင်းသလို

ဓာတ်ပုံမှတ်တမ်း၊ TV မှတ်တမ်း၊ ကွန်ပျူတာမှတ်တမ်းတွေ အကုန်လုံးတင်ထားပါတယ်။ မှတ်တမ်းတင်ထားပြီးတဲ့ ဒီပစ္စည်းတွေသည် သတ်မှတ်ထားတဲ့ ဒီနေရာကလွဲလို့ နောက်တစ်နေရာကို ရွှေ့ပြောင်းခွင့်မရတော့ပါဘူး။ ကျောက်ခေတ်၊ သံခေတ်၊ ပျုခေတ်၊ မျက်မှောက်ခေတ်

ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်ပစ္စည်းတွေကို စုဆောင်းထားတာကလည်း အင်မတန်မှ ကြည်နူးအားတက်ဖွယ် ဖြစ်ပါတယ်” ဟု ဝန်ကြီးကဆိုသည်။ ဇေကမ္ဘာပြတိုက်တွင် ရှေးဦးဆင်(၅)မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း၊ ကမ္ဘာဦးသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း

ယဉ်ကျေးမှုအမွေအနှစ် မြန်မာမှုအနုလက်ရာပစ္စည်းများပြခန်း သံ ခေတ်အလောင်းမြှုပ်နှံမှုပြခန်း၊ ပယင်းပြ ခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်<ကင်းပြခန်း၊ ယွန်းထည်အ မျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်းပြခန်း၊ ပုဂံခေတ်အနုပညာလက်ရာပြခန်း စသည်တို့ကို

ကနဦး ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။ ”ကိုယ့်သမိုင်းပေါ့လေ။ တစ်ချိန်ကျရင် သေကြရတော့မှာပဲ။ အန်ကယ် နိုင်ငံရေးမလုပ်တော့ဘူး။ အန်ကယ့်အနေနဲ့ တည်ဆောက်ခဲ့တဲ့စီမံကိန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ နောင်လာတဲ့မျိုးဆက်တွေသိဖို့ သမိုင်းမှာကျန်ခဲ့ဖို့

ဒီဇေကမ္ဘာပြတိုက်ကြီးကို တည်ဆောက်တာဖြစ်တယ်” ဟု ဒေါက်တာခင်ရွှေကပြောသည်။ ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်၊ ကြေး၊ သံ၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသောခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိ လူ့အသုံးအဆောင်များ ဖြစ်သည့်

လ.က်န.က်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွပန်း(၁၀)မျိုးအတတ်ပြခန်းများလည်း ပါဝင်ကြောင်းသိရသည်။ အချိန်ပေးဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်