ျမန္မာနိုင္ငံရဲ႕ ပထမဆုံး မွန္တံတားနဲ႔ အပန္းေျဖစခန္းႀကီးကို လာမယ့္ ၂၀၂၂ခုႏွစ္မွာ ဖြင့္လွစ္နိုင္ဖို႔ လ်ာထား

ျမန္မာနိုင္ငံရဲ႕ ပထမဆုံး မွန္တံတားနဲ႔ အပန္းေျဖစခန္း လာမယ့္ႏွစ္မွာ ဖြင့္လွစ္နိုင္ဖို႔ လ်ာထား။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး မွန္တံတားနဲ႔ အပန္းေျဖစခန္းကို ရွမ္းျပည္နယ္ေျမာက္ပိုင္း

ေက်ာက္မဲခ႐ိုင္ ေနာင္ခ်ိဳၿမိဳ႕နယ္မွာ တည္ေဆာက္ေနၿပီး လာမယ့္ႏွစ္ျဖစ္တဲ့ ၂၀၂၂ခုႏွစ္မွာ ဖြင့္လွစ္ႏိုင္ဖို႔လ်ာထားတယ္လို႔ ခ်ယ္ရီမူဆယ္ကုမၸဏီ၏ ဒါ႐ိုက္တာ (အဖြဲ႕ဝင္)ျဖစ္သူ မလင္းလင္းထက္ဦးက ေျပာပါတယ္။

အဲဒီစီမံကိန္းကို လက္ရွိမွာ လမ္းပိုင္းဆိုင္ရာမ်ား စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။ စီမံကိန္းမွာ ျပည္တြင္းက စိတ္ဝင္စားတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကိုလည္း အက်ိဳးတူဖိတ္ေခၚထားၿပီး

ရင္းႏွီးျမႇဳပ္ႏွံမႈေငြ ေဒၚလာ ငါးသန္းေအာက္ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။ ဒီမွန္တံတားစီမံကိန္းကို ဂုတ္ထိပ္တံတားႀကီးရဲ႕ ၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန္းက်င္မွာ စီစဥ္တည္ေဆာက္ေနၿပီး

အက်ယ္ ၁၂၀ ေပရွိမယ္လို႔သိရၿပီး လုံၿခဳံေရး ေကာင္းမြန္မႈကို အဓိကထားၿပီး ႏိုဝင္ဘာမွာ စတင္ေဖာ္ေဆာင္ေနၿပီျဖစ္တယ္လို႔ သူက ေျပာပါတယ္။ ေဒီမွန္တံတားႀကီး ၿပီးဆုံးရင္ အပန္းေျဖအနားယူစရာေတြ

စိတ္လႈပ္ရွားေပ်ာ္႐ႊင္ဖြယ္ဖန္တီးမႈေတြ သက္တန႔္ေလွ်ာစီးနဲ႔ သဘာဝနားခိုရန္တဲအိမ္ေတြ ပါရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီေနရာကို ေန႔စဥ္လည္ပတ္သူဦးေရ ၁၀၀၀ေက်ာ္ ခန႔္မွန္းထားၿပီး

ေဒသခံျပည္သူေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္မယ္လို႔ မလင္းလင္းထက္ဦးက ေျပာပါတယ္။ အခ်ိန္ေပးဖတ္႐ႈေပးတဲ့အတြက္ ေက်းဇူးအထူးတင္႐ွိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်း လာမယ့်နှစ်မှာ ဖွင့်လှစ်နိုင်ဖို့ လျာထား။ မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း

ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှာ တည်ဆောက်နေပြီး လာမယ့်နှစ်ဖြစ်တဲ့ ၂၀၂၂ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့လျာထားတယ်လို့ ချယ်ရီမူဆယ်ကုမ္ပဏီ၏ ဒါရိုက်တာ (အဖွဲ့ဝင်)ဖြစ်သူ မလင်းလင်းထက်ဦးက ပြောပါတယ်။

အဲဒီစီမံကိန်းကို လက်ရှိမှာ လမ်းပိုင်းဆိုင်ရာများ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ စီမံကိန်းမှာ ပြည်တွင်းက စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း အကျိုးတူဖိတ်ခေါ်ထားပြီး

ရင်းနှီးမြှုပ်နှံမှုငွေ ဒေါ်လာ ငါးသန်းအောက် ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဒီမှန်တံတားစီမံကိန်းကို ဂုတ်ထိပ်တံတားကြီးရဲ့ ၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန်းကျင်မှာ စီစဉ်တည်ဆောက်နေပြီး

အကျယ် ၁၂၀ ပေရှိမယ်လို့သိရပြီး လုံခြုံရေး ကောင်းမွန်မှုကို အဓိကထားပြီး နိုဝင်ဘာမှာ စတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒေီမှန်တံတားကြီး ပြီးဆုံးရင် အပန်းဖြေအနားယူစရာတွေ

စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ဖန်တီးမှုတွေ သက်တန့်လျှောစီးနဲ့ သဘာဝနားခိုရန်တဲအိမ်တွေ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေရာကို နေ့စဉ်လည်ပတ်သူဦးရေ ၁၀၀၀ကျော် ခန့်မှန်းထားပြီး

ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ မလင်းလင်းထက်ဦးက ပြောပါတယ်။ အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်