“အရမ္းလွပေပမယ့္ လူသိနည္းေနေသးတဲ့ အပ်ိဳစင္ကမ္းေျခ အသစ္ေလး…..ကိုဗစ္ႀကီးၿပီးရင္ သြားလည္ၾကေနာ္”

မြန္ျပည္နယ္ရဲ႕အပ်ိဳစင္ကမ္းေျခ (လြန္ခဲ့တဲ့ႏွစ္လေက်ာ္ေလာက္မွလာေရာက္လည္ပတ္သူမ်ားခဲ့တဲ့ကမ္းေျခ)

လိပ္ခုံးကမ္းေျခ သံျဖဴဇရပ္ၿမိဳ႕ မြန္ျပည္နယ္ တည္ေနရာသံျဖဴဇရပ္-က်ိဳက္ခမီသြားတဲ့လမ္းရဲ႕ဘယ္ဘက္ျခမ္း ကဒါတ္ေထာက္႐ြာလမ္းကိုဝင္ရၿပီး

(မဒံငံေလး႐ြာကိုလြန္သြားၿပီးက်ိဳက္ခမီမေရာက္ခင္မွာတည္ရွိပါတယ္)15-20 မိနစ္ေလာက္သြားရပါတယ္ လမ္းတစ္ေလ်ာက္မွာေျမနီလမ္းတစ္ခ်ိဳ႕ေတာင္ေပၚလည္းအနည္းငယ္တက္ရပါတယ္

​ေတာင္တက္လမ္းကကြန္ကရစ္လမ္းျဖစ္ၿပီးေဘးပတ္ပတ္လည္ရာဘာၿခံေတြပဲရွိတာျဖစ္ပါတယ္ ေတာင္တက္လမ္းကကားတစ္စီးစာပဲသြားလို႔ရတဲ့အက်ယ္အဝန္းပဲရွိပါတယ္

(ကမ္းေျခထိေရာက္တဲ့လမ္းကိုလည္းတည္ေဆာက္ေနၿပီလို႔သိရပါတယ္) ေတာင္ေပၚေရာက္ရင္ဘုရားတစ္ဆူရွိၿပီး ေတာင္ေပၚကဘုန္းႀကီးေက်ာင္းမွာကားထားၿပီးကမ္းေျခသို႔ေတာင္ေအာက္ကို

လမ္းေလ်ာက္ဆယ္မိနစ္ခန႔္ဆင္းၿပီးရင္ အပ်ိဳစင္ကမ္းေျခရဲ႕အလွကိုခံစားလို႔ရပါၿပီ ဖြံံၿဖိဳးဆဲကမ္းေျချဖစ္တာေၾကာင့္ အိမ္သာေတြအဆင္မေျပတာ ေရခ်ိဳးခန္းေတြမရွိတာ စားေသာက္ဆိုင္ေတြေသခ်ာမရွိတာ

(မုန႔္ဆိုင္ အေၾကာ္ဆိုင္ အသုပ္ဆိုင္အနည္းငယ္မွ်သာရွိ) စသည့္အခက္အခဲမ်ားလည္းရွိပါတယ္ ကမ္းေျခမေရာက္ဘူးသူမ်ားအေနနဲ႕သြားေရာက္ လည္ပတ္သင့္တယ္လို႔အႀကံျပဳပါရေစ

လိပ္ခုံးကမ္းေျခသြား က်ိဳက္ခမီဘုရားဖူး..စက္စဲကမ္းေျခမွာအပန္းေျဖၾကရင္း..ေပ်ာ္႐ႊင္ေက်နပ္စရာခရီးစဥ္ေလးတစ္ခုျဖစ္ပါေစဗ်ာ။ ဓာတ္ပုံလွလွေလးေတြလည္းအမ်ားႀကီးရိုက္နိုင္ၾကပါေစ။ ခရက္ဒစ္

1.

2.

3.

4.

ယူနီကုဒ္ျဖင့္ ဖတ္ရန္

မွန်ပြည်နယ်ရဲ့အပျိုစင်ကမ်းခြေ (လွန်ခဲ့တဲ့နှစ်လကျော်လောက်မှလာရောက်လည်ပတ်သူများခဲ့တဲ့ကမ်းခြေ)

လိပ်ခုံးကမ်းခြေ သံဖြူဇရပ်မြို့ မွန်ပြည်နယ် တည်နေရာသံဖြူဇရပ်-ကျိုက်ခမီသွားတဲ့လမ်းရဲ့ဘယ်ဘက်ခြမ်း ကဒါတ်ထောက်ရွာလမ်းကိုဝင်ရပြီး

(မဒံငံလေးရွာကိုလွန်သွားပြီးကျိုက်ခမီမရောက်ခင်မှာတည်ရှိပါတယ်)15-20 မိနစ်လောက်သွားရပါတယ် လမ်းတစ်လျောက်မှာမြေနီလမ်းတစ်ချို့တောင်ပေါ်လည်းအနည်းငယ်တက်ရပါတယ်

တောင်တက်လမ်းကကွန်ကရစ်လမ်းဖြစ်ပြီးဘေးပတ်ပတ်လည်ရာဘာခြံတွေပဲရှိတာဖြစ်ပါတယ် တောင်တက်လမ်းကကားတစ်စီးစာပဲသွားလို့ရတဲ့အကျယ်အဝန်းပဲရှိပါတယ်

(ကမ်းခြေထိရောက်တဲ့လမ်းကိုလည်းတည်ဆောက်နေပြီလို့သိရပါတယ်) တောင်ပေါ်ရောက်ရင်ဘုရားတစ်ဆူရှိပြီး တောင်ပေါ်ကဘုန်းကြီးကျောင်းမှာကားထားပြီးကမ်းခြေသို့တောင်အောက်ကို

လမ်းလျောက်ဆယ်မိနစ်ခန့်ဆင်းပြီးရင် အပျိုစင်ကမ်းခြေရဲ့အလှကိုခံစားလို့ရပါပြီ ဖွံံဖြိုးဆဲကမ်းခြေဖြစ်တာကြောင့် အိမ်သာတွေအဆင်မပြေတာ ရေချိုးခန်းတွေမရှိတာ စားသောက်ဆိုင်တွေသေချာမရှိတာ

(မုန့်ဆိုင် အကြော်ဆိုင် အသုပ်ဆိုင်အနည်းငယ်မျှသာရှိ) စသည့်အခက်အခဲများလည်းရှိပါတယ် ကမ်းခြေမရောက်ဘူးသူများအနေနဲ့သွားရောက် လည်ပတ်သင့်တယ်လို့အကြံပြုပါရစေ

လိပ်ခုံးကမ်းခြေသွား ကျိုက်ခမီဘုရားဖူး..စက်စဲကမ်းခြေမှာအပန်းဖြေကြရင်း..ပျော်ရွှင်ကျေနပ်စရာခရီးစဉ်လေးတစ်ခုဖြစ်ပါစေဗျာ။ ဓာတ်ပုံလှလှလေးတွေလည်းအများကြီးရိုက်နိုင်ကြပါစေ။ ခရက်ဒစ်

1.

2.

3.

ခရက္ဒစ္