ဇနီးျဖစ္သူက တျခားသူေတြနဲ႔ ေလယာဥ္အတူမစီးခ်င္ဘူးေျပာလို႔ ေလယာဥ္ကိုစင္းလုံးျပတ္ငွားရမ္းခဲ့တဲ့ အင္ဒုိလူငယ္သူေဌး

ဇနီးက တျခားသူေတြနဲ႔ ေလယာဥ္အတူမစီးခ်င္လို႔ စင္းလုံးျပတ္ငွားခဲ့တဲ့ အင္ဒုိလူငယ္သူေဌး။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အင္ဒုိနီးရွားႏုိင္ငံက လူငယ္သူေဌးတစ္ေယာက္ဟာ တျခားခရီးသည္ေတြနဲ႔ အတူမစီးခ်င္လုိ႔

ေလယာဥ္တစ္စင္းလုံးကို စင္းလုံးျပတ္ငွားၿပီး ခရီးသြားခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါသူေဌးဟာ ဂ်ာကာတာမွာ နာမည္ေက်ာ္သူေဌးစာရင္းဝင္ ျဖစ္ပါတယ္။ သူနဲ႔ဇနီးျဖစ္သူဟာ ဘာလီကုိ ႏွစ္သစ္ကူးအလည္အပတ္ သြားေရာက္ဖုိ႔အတြက္ ေလယာဥ္ကို ငွားရမ္းခဲ့တာပါ။

သူရဲ႕ဇနီးက တျခားသူေတြနဲ႔ ေလယာဥ္အတူစီးရင္ ပုိးကူးစက္မွာ စုိးရိမ္ခဲ့ပါတယ္။ ဒါေၾကာင့္ ငွားရမ္းထားတဲ့ခရီးသည္တင္ေလယာဥ္ကို အထူးပုိးသတ္ခုိင္းခဲ့တယ္လုိ႔ေတာင္ ဆုိထားပါတယ္။ ေနာက္ ေလယာဥ္ထုိင္ခုံေတြကို အကုန္ဝယ္ခဲ့တာပါတဲ့။ သူေဌးရဲ႕အမည္ကေတာ့

စင္းလုံးျပတ္ငွားတယ္ဆုိတာထက္ ခရီးသည္ထုိင္ခုံေတြအကုန္လုံး ဘြတ္ကင္လုပ္လုိက္တာပါ ဆုိရရင္ ပုဂၢလိကေလယာဥ္ငယ္ ငွားတာထက္ေတာင္ ေစ်းခ်ိဳပါတယ္“လုိ႔ ေျပာပါတယ္။ သူရဲ႕ဇနီးဟာ ကူးစက္ေရာဂါေတြနဲ႔ပတ္သက္ရင္ အလြန္သံသယရွိတဲ့အတြက္ အခုကိစၥကလည္း

ဇနီးအႀကိဳက္ တျခားသူေတြဆီကေန ပုိးမကူးေအာင္ ႀကိဳတင္ကာကြယ္ျခင္းသာျဖစ္တယ္လုိ႔ ေျပာပါတယ္။ သိရသေလာက္ေတာ့ အကယ္၍ သူ႔အေနနဲ႔ စင္းလုံးျပတ္သေဘာ ငွားမယ္ဆုိရင္ အဲဒီလမ္းေၾကာင္းအတြက္ ေဒၚလာ ေဒၚလာ(၇၈၉၅)အထိ က်သင့္မွာပါ။

အဲဒီေလယာဥ္မွာ အထူးတန္း (၁၂)ခုံ၊ ႐ုိး႐ုိးတန္းခုံ (၁၅၀) ပါဝင္ပါတယ္။ အကယ္၍ ကိုယ္ပိုင္ေလယာဥ္ငယ္ ငွားမယ္ဆုိပါက ဒီေလာက္ က်သင့္ဖုိ႔မရွိဘဲ၊ ေဒၚလာ (၇၀၀၀)ဝန္းက်င္ေလာက္သာ က်သင့္လိမ့္မယ္လုိ႔ ကၽြမ္းက်င္သူတစ္ဦးက တြက္ခ်က္ျပပါတယ္။ လူမႈကြန္ရက္မွာေတာ့

ဒီကိစၥကို ေဝဖန္သူေတြ ရွိေနပါတယ္။ ေဝဖန္သူတစ္ဦးကေတာ့ “ေရာဂါကူးမွာ ေၾကာက္လုိ႔ဆုိတာက တစ္ေၾကာင္း၊ ကုိယ္ခ်မ္းသာတယ္ဆုိတာ ၾကြားဖုိ႔ကတစ္ေၾကာင္း”လုိ႔ ခနဲ႔တဲ့တဲ့ေရးခဲ့ပါတယ္။ အျခားတစ္ဦးကေတာ့ ”ဒီလုိ ကိန္းႀကီးခန္းႀကီးႏုိင္တယ္ဆုိရင္

အမ်ားျပည္သူဆုိင္ရာ ေလေၾကာင္းလုိင္းကို မငွားနဲ႔ေပါ့“လုိ႔ ေရးသားခဲ့ပါတယ္။ Batik Air ေလေၾကာင္းလုိင္းကုိ ေျပးဆြဲေနတဲ့ Lion Air Groupမွ တာဝန္ရွိသူတစ္ဦးကေတာ့ အဆုိပါဇနီးေမာင္ႏွံဟာ ဂ်ာကာတာကေန ဒန္ပါစာကို ေလေၾကာင္းနံပတ္ ID-6502 နဲ႔ သြားတာျဖစ္ေၾကာင္း

သုိ႔ေသာ္ သူတုိ႔မွာ ဘြတ္ကင္ကုဒ္တစ္ခုသာ ရွိတဲ့အတြက္ ႏွစ္ေယာက္စာသာ ဘြတ္ကင္တင္ခဲ့တာျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး၊ အျခားခရီးသည္ထုိင္ခုံေတြအတြက္ပါ ဘြတ္ကင္လုပ္ခဲ့တယ္ဆုိတဲ့ကိစၥကိုေတာ့ ေလေၾကာင္းလုိင္းက အတည္မျပဳပါဘူး။ ဒါဆုိရင္ သူ တျခားခုံေတြကို

ဘယ္လုိနည္းလမ္းသုံးၿပီး ဘြတ္ကင္လုပ္ခဲ့သလဲ၊ ဒါမွမဟုတ္ ၾကြားဝါ႐ုံသက္သက္လားဆုိတာ သူပဲ သိႏုိင္မွာျဖစ္ပါတယ္။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါတယ္။ သာယာခ်မ္းေျမ့ၾကပါေစ။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဇနီးက တခြားသူတွေနဲ့ လေယာဉ်အတူမစီးချင်လို့ စင်းလုံးပြတ်ငှားခဲ့တဲ့ အင်ဒိုလူငယ်သူဌေး။ အင်ဒိုနီးရှားနိုင်ငံက လူငယ်သူဌေးတစ်ယောက်ဟာ တခြားခရီးသည်တွေနဲ့ အတူမစီးချင်လို့

လေယာဉ်တစ်စင်းလုံးကို စင်းလုံးပြတ်ငှားပြီး ခရီးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါသူဌေးဟာ ဂျာကာတာမှာ နာမည်ကျော်သူဌေးစာရင်းဝင် ဖြစ်ပါတယ်။ သူနဲ့ဇနီးဖြစ်သူဟာ ဘာလီကို နှစ်သစ်ကူးအလည်အပတ် သွားရောက်ဖို့အတွက် လေယာဉ်ကို ငှားရမ်းခဲ့တာပါ။

သူရဲ့ဇနီးက တခြားသူတွေနဲ့ လေယာဉ်အတူစီးရင် ပိုးကူးစက်မှာ စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ငှားရမ်းထားတဲ့ခရီးသည်တင်လေယာဉ်ကို အထူးပိုးသတ်ခိုင်းခဲ့တယ်လို့တောင် ဆိုထားပါတယ်။ နောက် လေယာဉ်ထိုင်ခုံတွေကို အကုန်ဝယ်ခဲ့တာပါတဲ့။ သူဌေးရဲ့အမည်ကတော့

စင်းလုံးပြတ်ငှားတယ်ဆိုတာထက် ခရီးသည်ထိုင်ခုံတွေအကုန်လုံး ဘွတ်ကင်လုပ်လိုက်တာပါ ဆိုရရင် ပုဂ္ဂလိကလေယာဉ်ငယ် ငှားတာထက်တောင် ဈေးချိုပါတယ်“လို့ ပြောပါတယ်။ သူရဲ့ဇနီးဟာ ကူးစက်ရောဂါတွေနဲ့ပတ်သက်ရင် အလွန်သံသယရှိတဲ့အတွက် အခုကိစ္စကလည်း

ဇနီးအကြိုက် တခြားသူတွေဆီကနေ ပိုးမကူးအောင် ကြိုတင်ကာကွယ်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။ သိရသလောက်တော့ အကယ်၍ သူ့အနေနဲ့ စင်းလုံးပြတ်သဘော ငှားမယ်ဆိုရင် အဲဒီလမ်းကြောင်းအတွက် ဒေါ်လာ ဒေါ်လာ(၇၈၉၅)အထိ ကျသင့်မှာပါ။

အဲဒီလေယာဉ်မှာ အထူးတန်း (၁၂)ခုံ၊ ရိုးရိုးတန်းခုံ (၁၅၀) ပါဝင်ပါတယ်။ အကယ်၍ ကိုယ်ပိုင်လေယာဉ်ငယ် ငှားမယ်ဆိုပါက ဒီလောက် ကျသင့်ဖို့မရှိဘဲ၊ ဒေါ်လာ (၇၀၀၀)ဝန်းကျင်လောက်သာ ကျသင့်လိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက တွက်ချက်ပြပါတယ်။ လူမှုကွန်ရက်မှာတော့

ဒီကိစ္စကို ဝေဖန်သူတွေ ရှိနေပါတယ်။ ဝေဖန်သူတစ်ဦးကတော့ “ရောဂါကူးမှာ ကြောက်လို့ဆိုတာက တစ်ကြောင်း၊ ကိုယ်ချမ်းသာတယ်ဆိုတာ ကြွားဖို့ကတစ်ကြောင်း”လို့ ခနဲ့တဲ့တဲ့ရေးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ ”ဒီလို ကိန်းကြီးခန်းကြီးနိုင်တယ်ဆိုရင်

အများပြည်သူဆိုင်ရာ လေကြောင်းလိုင်းကို မငှားနဲ့ပေါ့“လို့ ရေးသားခဲ့ပါတယ်။ Batik Air လေကြောင်းလိုင်းကို ပြေးဆွဲနေတဲ့ Lion Air Groupမှ တာဝန်ရှိသူတစ်ဦးကတော့ အဆိုပါဇနီးမောင်နှံဟာ ဂျာကာတာကနေ ဒန်ပါစာကို လေကြောင်းနံပတ် ID-6502 နဲ့ သွားတာဖြစ်ကြောင်း

သို့သော် သူတို့မှာ ဘွတ်ကင်ကုဒ်တစ်ခုသာ ရှိတဲ့အတွက် နှစ်ယောက်စာသာ ဘွတ်ကင်တင်ခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ အခြားခရီးသည်ထိုင်ခုံတွေအတွက်ပါ ဘွတ်ကင်လုပ်ခဲ့တယ်ဆိုတဲ့ကိစ္စကိုတော့ လေကြောင်းလိုင်းက အတည်မပြုပါဘူး။ ဒါဆိုရင် သူ တခြားခုံတွေကို

ဘယ်လိုနည်းလမ်းသုံးပြီး ဘွတ်ကင်လုပ်ခဲ့သလဲ၊ ဒါမှမဟုတ် ကြွားဝါရုံသက်သက်လားဆိုတာ သူပဲ သိနိုင်မှာဖြစ်ပါတယ်။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာချမ်းမြေ့ကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်