တစ်သက်မှာတစ်ခါသာကြုံခဲ့ရတဲ့ ကုသိုလ်ထူးတစ်ခုမှာ ရွှေချိန်(၄)ပိသာအပြင် ဆွဲကြိုးနဲ့ လက်ထပ်လက်​​စွပ်​​တွေပါ ချွတ်ပြီးလှူဒါန်းခဲ့ကြတဲ့ ဝါဝါဝင်းရွှေတို့မိသားစု
ယူနီကုဒ်ဖြင့် ဖတ်ရန်
တစ်သက်မှာတစ်ခါသာကြုံရမယ့်ကုသိုလ်တစ်ခုမှာ ရွှေလေးပိသာအပြင် လက်ထပ်လက်စွပ်၊ဆွဲကြိုးများပါချွတ်ပြီး လှူဒါန်းခဲ့ကြတဲ့ ဝါဝါဝင်းရွှေတို့မိသားစု။ တစ်ခေတ်တခါက လျှမ်းလျှမ်းတောက်
အောင်မြင်ခဲ့တဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဝါဝါဝင်းရွှေကတော့ ယနေ့အချိန်ထိတောင် အရွယ်တင်နုပျိုနေပြီး ပရိသတ်အားပေးချစ်ခင်နေဆဲသူတစ်ယောက် ြစ်ပါတယ်။ ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းပေါ်
လက်တွဲခေါ်ယူပြီး သေချာသင်ကြားပေးတာဖြစ်ပါတယ်။ ဝါဝါ‌ဝင်းရွှေကချစ်သား သမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာဖြစ်ပါတယ်နော်။ ဝါဝါဝင်းရွှေရဲ့သားတွေကလည်း မိခင်ကိုစိတ်ချမ်းသာအောင်ထားပေးပြီး အမြဲပျော်စရာတွေသာ ဖန်တီးပေးနေတာဖြစ်ပါတယ်နော်။
ကုသိုလ်ထူးကို ပရိသတ်တွေသိအောင် ပြောပြလာတာဖြစ်ပါတယ်နော်။ ဝါဝါဝင်းရွှေရဲ့တူလေးက ဘဝတစ်သက်တာမှာ တစ်ခါသာကြုံခဲ့ရတဲ့ကုသိုလ်တစ်ခုကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်နဲ့ထီးတော်တင်ပွဲကြီးမှာ ဦးလေးဖြစ်သူက
ဦးဆောင်ပြီး ကျွန်တော်အပါအဝင် ညီငယ်ချစ်စု၊ ညီငယ်သားထူး၊ ညီငယ်သားထွေးတို့နဲ့ စိန်ဖူးတော်အထိကို တက်ရောက်ပူဇော်ကန်တော့ခွင့် ရခဲ့ပါတယ်။ စိန်ဖူးတော်ရဲ့ထိပ်ကို ရောက်ရှိသွားတဲ့အခါမှတော့ ညီငယ်သားထူး(ဝါဇင်)ကသူ့ လည်ပင်းမှာဝတ်ဆင်ထားတဲ့
ရွှေဆွဲကြိုးကို ချက်ချင်းသဒ္ဒါတရားပေါက်လို့ ချွတ်ပြီးလှူခဲ့ပါတယ်။ ကျွန်တော်ကတော့ ကျွန်‌တော်တို့ရဲ့မင်္ဂလာဆောင်မှာ မင်္ဂလာလက်ထပ်လက်စွပ်အဖြစ် ဦးလေးနဲ့အဒေါ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တဲ့ ပတ္တမြားလက်စွပ်နှစ်ကွင်းကို ပူးတွဲဂဟေဆက်ပြီး ကိုယ်တိုင်ချိတ်ဆွဲလှုဒါန်းခဲ့ပါတယ်
ဦးလေးနဲ့ အဒေါ်မိသားစုကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရွှေပိသာချိန်(လေးပိသာ)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ထီးတော်စိန်ဖူးတော်မှ နတ်မင်းကြီးလေးပါးရွှေမဏ္ဍိုင်တော်ကြီးကိုပါ လှူဒါန်းခဲ့ပါတယ်ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော စာဖတ်ပရိတ်သတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာချမ်းမြေ့သောဘဝကို ပိုင်ဆိုင်၍ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်