ထီတစောင် (၁၀၀၀) ကျပ်နဲ့ မရောင်းနိုင်တဲ့ လက်ပွေ့ထီသည်၊ အခြေခံထီသည်တွေရဲ့ ဘဝ

ခြေညောင်းခံပြီး ထီတစောင် (၁၀၀၀) ကျပ်နဲ့ မရောင်းနိုင်တဲ့ အခြေခံထီသည်တွေရဲ့ ဘဝ

လက်ငင်း အကြွေး လပေးရောင်းရတဲ့ ထီသည်တွေလည်း ရှိတယ်.. ငွေမစုမိတဲ့အခါ ငွေခေါင်းကွဲပြီး စိတ် ပျက်ပြီး လက်လျှော့သွားတဲ့ထီသည်တွေဒုနဲ့ဒေး တစ်ခါတစ်ခါ ထီသည်တွေရဲ့ဘဝဟာ ကောက်တင်းကောက်သလိုပဲ ကောက်တင်းဆိုတဲ့စပါးကို ဆန်ဖြစ်အောင်

ထမင်းချက်ဖို့အတွက် ကောက်တင်းဆိုတဲ့စပါးကို ခြေညောင်းခံပြီး လျှောက်ကောက်ရတယ်.. အဲ့လိုပဲ အခြေ ခံထီသည်တွေရဲ့ဘဝကလည်း မိမိထီကုန်စင်အောင်ရောင်းချဖို့အတွက် အကြွေးပေး လပေးပေးပြီး ခြေအညောင်းခံကာ (စက်ရုံ၊ အလုပ်ရုံ၊အသိမိတ်ဆွေများ



ရဲ့ အိမ်များသို့ တစ်ရွာဝင် တစ်ရွာထွက်နဲ့ တစ်လအမြတ်လေးရပြီး အူစိုဖို့အတွက် ထီကုန်မှာဖြစ်မယ်ဆိုတဲ့ အသိစိတ်ကြောင့် ထီများကို ကုန်စင်အောင် ရောင်းရပေအုန်းမည်..တစ်လအမြတ်လေးရဖို့ မိမိထီချထားတဲ့သူများဆီသို့ အကြွေးတောင်းရဖို့အတွက်

တစ်လတစ်ခါသွားရပေအုန်းမည်.. လွယ်ကူသည်မဟုတ်ပါ.. ကောက်တင်းကောက်သလိုပဲ နည်းနည်းချင်း ဖြည်းဖြည်းချင်းစုစည်းရပေသည်.. လူလောကသဘာဝအတိုင်း ယူတုန်းကသာ ကြည်ကြည်ဖြုဖြူယူတတ်ကြပေမဲ့ ပေးခါနီးကာလတွေမှာ လက်ခတ်တတ်သော



လူမျိုးများကပါနေပေသည်.. ရတဲ့ဟာရ မရတဲ့ဟာ ခနစိုက်ထည့်.. စက်ရုံများမှာရောင်းတဲ့ တစ်ပိုင်တစ်နိုင်ထီသည်တွေဆိုလျှင် ထီကရမည့်အမြတ်ကအသာထား မိမိရဲ့လစာဖြင့်စိုက်ထည့်လို့ မိမိလစာ မိမိကိုယ်တိုင်မသုံးရတော့ပေ.. တစ်ချို့အရပ်ထဲရောင်းတဲ့

လက်ပွေ့များသည် အကြွေးများပတ်သောဘဝသို့ပင် ရောက်ခဲ့လေသည်..မိမိစိုက်ထည့်ထားတဲ့လူ ပေးတဲ့အချိန်ခါသည် စုစုစည်စည်းမရတဲ့အခါမျိုးဖြစ်သောကြောင့် ဈေးသုံးထဲပါပြီး လစာလည်းပြုတ် ထီအမြတ်လည်းဆုံးပြီး ထီဆိုတော်ပါပြီဗျ လို့ပြောတဲ့



လူတွေလည်းဒုနဲ့ဒေး.. ဒါကိုမသိတဲ့ ဖေ့စဘွတ်ပေါ်က လူချမ်းသာတစ်ချို့က လော်ဘီလုပ် ပြည်သူ့အတွက်ဘာညာပြောပြီး ဖေ့စဘွတ်မှာ လိုက်ခ် ရဖို့အတွက် ထီသည်တွေရဲ့ဘဝကို ချကျွေးတာလည်း တွေ့နေရတယ်..အစိုးရက အကြွေးမပေးဖူး.. ဒါကြောင့်

အကြွေးရတဲ့ဆီက ယူရောင်းတယ်.. အစိုးရက ပြန်အပ်လို့မရဖူး.. အကြွေးပေးပြီးယူလို့ရတဲ့နေရာက ပြန်အပ်လို့ရတယ်.. ခင်ဗျားဒို့ကိုယ်ကိုကိုယ် သိပ်ဟုတ်လှချည်းထင်မနေနဲ့.. စာရေးသူကိုယ်တိုင်ထီသည်ဖြစ်လို့ လူ့ကျင့်ဝတ်ရဒီလောက်ပဲပြောမယ်..



ခင်ဗျားဒို့ပြောနေတဲ့ e-lottery လား.. အေးတစ်ခါထဲပြောလိုက်မယ် ပြောလာတဲ့နေ့ ထီပေါက်ပြီး ချမ်းသာတဲ့လူ ကံကောင်းရင်တစ်သက်ဆိုတဲ့ အောက်ဘာလေထီရဲ့ကံထူးရှင်ဟာ သေချာတာကတော့ ဆင်းရဲနွင်းပါးတဲ့လူ မပေါက်ဖူးဆိုတာကျိန်သေးပြောရဲတယ်..

မြို့ပေါ်က ချမ်းသာတဲ့အသိုင်းဝိုင်းမှာပဲ ထီဆုကရှိနေမယ်ဆိုတာ ပြည်သူ့အတွက်လို့ပြောနေတဲ့ ဖေ့စဘွတ်မှာ လူတွင်ကျယ်လုပ်ချင်နေတဲ့ လူ့ချမ်းသာတွေကိုသိစေချင်တယ်..ခင်ဗျားတို့လို ထီသည်တွေမရှိလည်း ဘာမှမဖြစ်ဖူးလို့ ပြောနေတဲ့ လူပိန်းတွေကိုလည်းပြောချင်ပါတယ်..

သုံးစွဲသူကလည်း နောကြေတဲ့နိုင်ငံကြီးတွေမှာနော်.. ဖြစ်နိုင်ချေ ရှိတာက ထီရောင်းလို့ရတဲ့အစိုးရ အဆက်ဆက်ရယူထားတဲ့ ရောင်းရငွေရဲ့ ၄၀% ကို ပြည်သူတွေအတွက် အောက်ခြေထီသည်တွေအတွက် %ကို လျှော့ယူလိုက်ရင် ကိစ္စက ပြတ်လောက်ပါတယ်..



ခုတော့ ဈေးကွက်စီးပွားရေးစနစ်လို့ အော်နေတဲ့ ကျုပ်ဒို့နိုင်ငံမှာ ၁၀၀၀ ထက်ပိုရောင်းရင် ထောင်ဒဏ်ဘာညာဆိုပြီး လုပ်ဖို့ကြိုးစားနေတယ်.. စာချုပ်တွေမှာတောင် တံဆိပ်ခေါင်းတွေမှာတောင် သူ့မူရင်းဈေးအတိုင်း ရပါသလား.. ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်တဲ့

အောင်ဘာလေထီမှာ ဘယ်သူက အမြတ်ထုတ်နေလည်း ဒီလောက်ဆိုသိနိုင်ပါပြီခင်ဗျာ.. လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်..