အသက်ငယ်ငယ်လေးဖြင့်​ ဓမ္မာစရိယဘွဲ့ရခဲ့​သော ဆေးတက္ကသိုလ်ကျောင်းသူ​လေး မဝေမွန်ကျော်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဓမ္မာစရိယဘွဲ့ရ မဝေမွန်ကျော် အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။မဝေမွန်ကျော်သည် လောကုတ္တရာစာပေကိုမလေ့လာခင်ကဆေးတက္ကသိုလ်မှာကျောင်းတက်နေသည့်ကျောင်းသူလေးဖြစ်သည်။
ထို့နောက်ဆေးတက္ကသိုလ်ကိုမတက်တော့ဘဲလောကု တ္တရာစာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့ရာ ဓမ္မာစရိယသုံးကျမ်းအောင်မြင်သဖြင့် “ဓမ္မာစရိယ” ဘွဲ့ကိုရရှိသွားပြီ ဖြစ်သည်။အောင်မြင်ခဲ့သောစာမေးပွဲများ
၁။ အဘိဓမ္မာစာမေးပွဲ (မြန်မာတစ်နိူင်ငံလုံး ပထမ)၂။ အဘိဓမ္မာ(ဂုဏ်ထူး) (မြန်မာတစ်နိူင်ငံလုံး ဒုတိယ)၃။ ဝိသုဒ္ဓိမဂ်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး ပထမ၄။ ပထမငယ်တန်း (ရန်ကုန်တိုင်း ပထမ)
အောင်မြင်၍ဆေးတက္ကသိုလ်ကိုတက်ခွင့်ရသူဆရာဝန်လောင်းတစ်ယောက်ဖြစ်သည်။သို့သော်လည်း ဆေးတက္ကသိုလ်ကိုခဏမျှသာတက်ရောက်ခဲ့ပြီး ဉာဏ်ပညာကြီးသူတို့၏ ကျက်စားရာဖြစ်သော၊ အဘိဓမ္မာနှင့်
ဝိသုဒ္ဓိမဂ် သင်တန်းတို့ကိုတက်ရောက်ခဲ့သည်။ထို့နောက် ပါဠိပထမပြန်စာမေးပွဲပထမငယ်၊ ပထမလတ်၊ပထမကြီးတန်းတို့ကိုဖြေဆိုအောင်မြင်ခဲ့သည်။ဆရာများမှာရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊
မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်မှ ဆရာများဖြစ်သည်။(၂၀၁၉ )ခုနှစ်တွင်ဓမ္မာစရိယစာမေးပွဲကိုအောင်မြင်ပြီး“သာသနဓဇဓမ္မာစရိယ”ဘွဲ့ကိုရရှိသွားပြီဖြစ်ပါသည်။”ဒါကြောင့်အသက်ငယ်ငယ်လေးနဲ့
သာသနဓဇဓမ္မာစရိယဘွဲ့ကိုရရှိခဲ့တဲ့ မဝေမွန်ကျော်ကိုအတုယူအားကျနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်