‘ရုတ္တရက္ဆိုသလို သိန္းေသာင္းခ်ီပိုင္ဆိုင္နိုင္တဲ့ဘဝ’ကို ေပးစြမ္းႏိုင္တဲ့ တနဂၤေႏြၿဂိဳလ္ခုံေပၚက ငါး႐ုပ္သေကၤတ

သိန္းေသာင္းခ်ီပိုင္ဆိုင္နိုင္ေသာ တနဂၤေႏြၿဂိဳလ္ခုံေပၚက ငါး႐ုပ္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ကြၽႏု္ပ္သည္ လကၡဏာပညာကို အသက္ ၁၃ႏွစ္ထဲက ေလ့လာလိုက္စားခဲ့သည္။ သင္ယူခဲ့ေသာ ပညာရပ္မ်ားကိုလဲ

အျပင္တြင္ လက္ေတြ႕က်က်ေလ့လာသုံးသပ္ၿပီးမွ လကၡဏာဆရာေလာကသို႔ဝင္လာခဲ့တာပါ။ လကၡဏာပညာဟာ လူတစ္ေယာက္ရဲ႕ဘဝကို ၇၅ရာခိုင္ႏႈုန္းေလာက္ မီးေမာင္းထိုးျပထားသလိုပါပဲ။ ဒီလေတာ့ လက္ဝါးျပင္ တနဂၤေႏြၿဂိဳလ္ခုံမွာရွိတဲ့ ငါး႐ုပ္နဲ႔ပတ္သက္၍

တင္ျပေပးသြားမယ္။ လက္ဝါးျပင္ရဲ႕ လက္သူႂကြယ္ေအာက္မွာ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ မွားတတ္တဲ့ ငါး႐ုပ္သေကၤတတခုပါတတ္တယ္။ ေသခ်ာၾကည့္ရင္ေတာ့ ကြဲပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းက ေျဖာင့္မတ္တယ္။ ငါး႐ုပ္ကေတာ့အခြၽန္ အတက္ေလးေတြပါတယ္။

ငါး႐ုပ္က ေပးစြမ္းနိုင္ပါတယ္။ တနဂၤေႏြၿဂိဳလ္ခုံမွာပါလာခဲ့ရင္ ေအာင္ျမင္ေရးသေကၤတလိုပဲ အက်ိဳးေပးမယ္။ ထူးျခားသြားတာက အေမြေတြ ထီေတြ ႐ုတ္တရတ္ရတာေပါက္တာထက္ လကၡဏာပိုင္ရွင္ဟာ မိမိအစြမ္းအစနဲ႔ ေအာင္ျမင္ခ်မ္းသာျခင္းကို ႐ုတ္တရက္ရလာတတ္ပါတယ္။

ကိုယ္ပိုင္အစြမ္းအစ ကိုယ္ပိုင္လုပ္ငန္းနဲ႔ပဲ အဆင္ေျပတတ္ပါတယ္။ သူမ်ားလက္ေအာက္ခံဘဝ ၾကာၾကာမေနရပါ။ အစိုးရဝန္ထမ္းဆိုလဲ အာဏာရာထူး ထိပ္ဆုံးထိေရာက္တတ္တယ္။ အသက္အ႐ြယ္ရတာနဲ႔ ပိုေအာင္ျမင္တတ္ပါတယ္။ ေမ်ာ္လင့္မထားတဲ့ ခ်မ္းသာတဲ့ဘဝကို

႐ုတ္တရတ္ပိုင္ဆိုင္ လာရတတ္ပါတယ္။ အိုဇာတာေကာင္း၍ အသက္ႀကီးရင္ ခ်မ္းခ်မ္းသာသာေနရတတ္ပါတယ္။ ငါး႐ုပ္ႀကီးရင္ႀကီးသလို အက်ိဳးေပးခံစားရမ်ားတတ္တယ္။ လကၡဏာၾကည့္ပရိသတ္ရဲ႕ လက္ဝါးတြင္ ကံေကာင္းျခင္းႏွင့္ပတ္သက္ေသာ သေကၤတမ်ားရွိသလို

ကံဆိုးျခင္းႏွင့္ ပတ္သက္ေသာသေကၤတမ်ားလဲ ရွိတတ္ၾကသည္။ ကံေကာင္းျခင္းသေကၤတပါလာရင္ အက်ိဳးရွိေပမဲ့ ကံဆိုးျခင္းသေကၤတပါလာရင္ မိမိအတြက္ ျပင္ဆင္ဖို႔အခ်ိန္ရေအာင္ တတ္သိနားလည္တဲ့ဆရာေတြနဲ႔ ျပထားသင့္ပါတယ္။ ဒီလေတာ့ဒီပိုစ့္နဲ႕ပဲ

ဗဟုသုတအျဖစ္ သင္ေပးလိုက္ပါတယ္။ လကၡဏာလမ္းေၾကာင္းမ်ားနဲ႔ပါတ္သက္၍ ေလ့လာစရာေတြက လိုက္မကုန္နိုင္ပါ။ ကြၽန္ုပ္အားရင္အားသလို လကၡဏာၾကည့္ပရိသတ္မ်ားကို တင္ျပေပးသြားပါမည္။ လကၡဏာဆရာမင္းခန႔္ (Viber-09694506705) ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်က ငါးရုပ်။ ကျွနု်ပ်သည် လက္ခဏာပညာကို အသက် ၁၃နှစ်ထဲက လေ့လာလိုက်စားခဲ့သည်။ သင်ယူခဲ့သော ပညာရပ်များကိုလဲ

အပြင်တွင် လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှ လက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ။ လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅ရာခိုင်နှုုန်းလောက် မီးမောင်းထိုးပြထားသလိုပါပဲ။ ဒီလတော့ လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ ငါးရုပ်နဲ့ပတ်သက်၍

တင်ပြပေးသွားမယ်။ လက်ဝါးပြင်ရဲ့ လက်သူကြွယ်အောက်မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှားတတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။ သေချာကြည့်ရင်တော့ ကွဲပါတယ်။ အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။ ငါးရုပ်ကတော့အချွန် အတက်လေးတွေပါတယ်။

ငါးရုပ်က ပေးစွမ်းနိုင်ပါတယ်။ တနင်္ဂနွေဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေးသင်္ကေတလိုပဲ အကျိုးပေးမယ်။ ထူးခြားသွားတာက အမွေတွေ ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက်ရလာတတ်ပါတယ်။

ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်။ သူများလက်အောက်ခံဘဝ ကြာကြာမနေရပါ။ အစိုးရဝန်ထမ်းဆိုလဲ အာဏာရာထူး ထိပ်ဆုံးထိရောက်တတ်တယ်။ အသက်အရွယ်ရတာနဲ့ ပိုအောင်မြင်တတ်ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကို

ရုတ်တရတ်ပိုင်ဆိုင် လာရတတ်ပါတယ်။ အိုဇာတာကောင်း၍ အသက်ကြီးရင် ချမ်းချမ်းသာသာနေရတတ်ပါတယ်။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။ လက္ခဏာကြည့်ပရိသတ်ရဲ့ လက်ဝါးတွင် ကံကောင်းခြင်းနှင့်ပတ်သက်သော သင်္ကေတများရှိသလို

ကံဆိုးခြင်းနှင့် ပတ်သက်သောသင်္ကေတများလဲ ရှိတတ်ကြသည်။ ကံကောင်းခြင်းသင်္ကေတပါလာရင် အကျိုးရှိပေမဲ့ ကံဆိုးခြင်းသင်္ကေတပါလာရင် မိမိအတွက် ပြင်ဆင်ဖို့အချိန်ရအောင် တတ်သိနားလည်တဲ့ဆရာတွေနဲ့ ပြထားသင့်ပါတယ်။ ဒီလတော့ဒီပိုစ့်နဲ့ပဲ

ဗဟုသုတအဖြစ် သင်ပေးလိုက်ပါတယ်။ လက္ခဏာလမ်းကြောင်းများနဲ့ပါတ်သက်၍ လေ့လာစရာတွေက လိုက်မကုန်နိုင်ပါ။ ကျွန်ုပ်အားရင်အားသလို လက္ခဏာကြည့်ပရိသတ်များကို တင်ပြပေးသွားပါမည်။ လက္ခဏာဆရာမင်းခန့် (Viber-09694506705) လေးစားစွာဖြင့် ခရက်ဒစ်