၁၅ နှစ်အရွယ် မိန်းခလေးကို ဓာတ်ပုံရိုက်ပေးမယ်ဆိုပီး သားမယားပြုကျင့်မှုမှ ကြားကနေ ချိတ်ဆက်ပေးတဲ့ အဓိကတရားခံ ပွဲစားမ နုနုလှိုင်(ခ)မယ်နု အား ထပ်မံဖမ်းစီး
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြိတ်တွင် မော်ဒယ်ဓါတ်ပုံရိုက်ရန် ချိတ်ဆက်ဆောင် ရွက်ပေးသူကို ဖမ်းဆီး စစ်ဆေးနေ 12 , 1 , 2021
မြိတ်တွင် မော်ဒယ်ဓါတ်ပုံရိုက်ပေးမည်ဟုပြောဆိုစည်းရုံးပြီး ထားဝယ်စုရပ်ကြီးမှ ဟိုတယ်တစ်လုံးတွင် သားမယားအဖြစ်ပြုကျင့်ကာ ဗွီဒီယိုရိုက်ကူးပြီး
ဖြန့်ဝေခဲ့သူတွေကို ဇန်နဝါရီလ ၁၁ ရက်နေ့က မြိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ကျူးလွန်သူများဖြစ်တဲ့ ထက်ဖြိုးဝင်း(ခ)ကိုထက် ၊ မင်းခန့်ထူး(ခ)
မင်းခန့်ဦး နှင့် အောင်မင်းခန့်(ခ)အောင်းချမ်းအောင် တို့ရဲ ဝန်ခံထွက်ဆိုချက်အရ မ—နှင့် အဖော်အဖြစ်လိုက်ပါလာတဲ့ ဆိုင်အလုပ်သမားအမျိုးသမီးမှာ
အခင်းဖြစ်တဲ့နေရာတွင်ရှိနေပြီး မ—- နှင့် ၎င်းတို့ ၃ ဦး တွေ့ဆုံနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ရန် အားပေးကူညီခဲ့သူ နုနုလှိုင်(ခ)မယ်နု အား မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/ ၁၁၄ ညွှန်းဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့၊
နံနက် ၈ နာရီခန့်က ဖမ်းဆီး၍ဆက်လက်စစ်ဆေးနေကြောင်းသိရပါတယ်။မြတ်ထွဋ် (မြိတ်)