ရာထူးႏွစ္ဆင့္ ပုိျမင့္သြားတဲ့သမီးကို ဂုဏ္ယူစြာနဲ႔အေလးျပဳခဲ့တဲ့ ရဲအရာရွိဖခင္ႀကီး

မိဘဆုိတာ သားသမီးအျမင့္ေရာက္ေလ ဝမ္းသာအားရရွိေလ၊ ေပ်ာ္ရႊင္ေလ ျဖစ္ပါတယ္။ သားသမီးကို ငယ္စဥ္ကတည္းက ဂုဏ္ယူရတဲ့ လုပ္ငန္းခြင္ေတြမွာ က်င္လည္အသက္ေမြးေစခ်င္ၾကတာ မိဘတုိင္းရဲ႕ ဗီဇျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္လည္း ငယ္စဥ္ကတည္းက ကိုယ့္သားသမီးကို ဆရာဝန္ႀကီးလုပ္မွာလားအင္ဂ်င္နီယာႀကီးလုပ္မွာလားဆုိၿပီး လမ္းေၾကာင္းျပ ေမးခြန္းေလးေတြနဲ႔ ဆြယ္ၾကတာပါ။ အခုလည္း အိႏၵိယက ရဲအရာရွိဖခင္တစ္ေယာက္ဟာ ကိုယ့္ထက္ ရာထူးႏွစ္ဆင့္ပိုျမင့္သြားတဲ့ သမီးကို

ေလးေလးစားစား ဝမ္းေျမာက္ဝမ္းသာ အေလးျပဳႏႈတ္ဆက္ခဲ့ရာ၊ အဆုိပါဓာတ္ပုံဟာ လူမႈကြန္ရက္မွာ နာမည္ႀကီးသြားခဲ့ပါတယ္။ သမီးျဖစ္သူရဲ႕အမည္ကေတာ့ Yendluru Jessy Prashanthi ျဖစ္ပါတယ္။ သူမကေတာ့ SP ဆုိတဲ့ရာထူးနဲ႔ တာဝန္ထမ္းေဆာင္ေနတာပါ။

SP ဆုိတဲ့ရာထူးဟာ Deputy Superintendent of Police ရာထူးရဲ႕အတုိေကာက္ျဖစ္ပါတယ္။ ဖခင္ကေတာ့ Deputy Superintendent of Police (Dy. SP)ရာထူးနဲ႔ သမီးထက္ ႏွစ္ဆင့္နိမ့္တဲ့အေနအထားမွာတာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး၊

အမည္ကေတာ့ Y Shyam Sunder ျဖစ္ပါတယ္။ သမီးျဖစ္သူက ကိုယ့္ထက္ ရာထူးအဆင့္ျမင့္သြားတာကို သူ ဂုဏ္ယူေနတာပါ။ သူတုိ႔သားအဖႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ(၄)ရက္ တနလၤာေန႔က Tirupati မွာက်င္းပတဲ့ Andhra Pradesh Police Duty Meet ေတြ႕ဆုံပြဲမွာ ျပန္ဆုံၾကတာပါ။

သမီး Prashanthi ကေတာ့ Andhra Pradesh ျပည္နယ္က Guntur ခ႐ုိင္မွာ တာဝန္က်သူျဖစ္ၿပီး၊ သူတုိ႔တစ္ေတြ အခုေတြ႕ဆုံပြဲမွာမွ ျပန္ဆုံခဲ့တာျဖစ္ၿပီး ဖခင္ Shyamက ဂုဏ္ယူစြာနဲ႔ လာေရာက္အေလးျပဳေတာ့ ရဲအရာရွိတစ္ဦးနဲ႔ စကားေျပာေနတဲ့ သမီးျဖစ္သူလည္း ခ်က္ခ်င္း ျပန္အေလးျပဳၿပီး

”ေဖေဖ ဘာလုပ္တာတုန္း “ဆုိၿပီး(အေလးျပဳတာကို မခံယူဝံ့တဲ့သေဘာနဲ႔) ေျပာလုိက္ပါတယ္။ ဒီအျဖစ္အပ်က္ကို ရဲအရာရွိတစ္ဦးက မွတ္တမ္းတင္ထားခဲ့တာပါ။ Tirupati (Urban) မွာ SP အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ A Ramesh Reddyi က ဒီျဖစ္စဥ္ကိုၾကည့္ၿပီး “ဒါမ်ိဳး ႐ုပ္ရွင္ထဲမွာ ေတြ႕ဖူးပါတယ္

အျပင္မွာေတာ့ သိပ္မေတြ႕ဖူးဘူး ကၽြန္ေတာ္ကေတာ့ သူတုိ႔သားအဖႏွစ္ေယာက္ကို ၾကည့္ၿပီး ေပ်ာ္ေနမိတယ္ တူညီဝတ္စုံဝတ္ဆင္ၿပီး လမ္းေၾကာင္းတူ ေလွ်ာက္လွမ္းေနၾကတာေလ ငယ္ငယ္ရြယ္ရြယ္နဲ႔ ထက္ျမတ္လြန္းတဲ့ Prashanthi အတြက္ ဖခင္လုိပဲ ကၽြန္ေတာ္လည္း ဂုဏ္ယူေနမိတယ္ “လုိ႔ ေျပာခဲ့ပါတယ္။ ခရက္ဒစ္ လင္းေဇာ္ကို

ယူနီကုဒ္ျဖင့္ ဖတ္ရန္

မိဘဆိုတာ သားသမီးအမြင့်ရောက်လေ ဝမ်းသာအားရရှိလေ၊ ပျော်ရွှင်လေ ဖြစ်ပါတယ်။ သားသမီးကို ငယ်စဉ်ကတည်းက ဂုဏ်ယူရတဲ့ လုပ်ငန်းခွင်တွေမှာ ကျင်လည်အသက်မွေးစေချင်ကြတာ မိဘတိုင်းရဲ့ ဗီဇဖြစ်ပါလိမ့်မယ်။

ဒါကြောင့်လည်း ငယ်စဉ်ကတည်းက ကိုယ့်သားသမီးကို ဆရာဝန်ကြီးလုပ်မှာလားအင်ဂျင်နီယာကြီးလုပ်မှာလားဆိုပြီး လမ်းကြောင်းပြ မေးခွန်းလေးတွေနဲ့ ဆွယ်ကြတာပါ။ အခုလည်း အိန္ဒိယက ရဲအရာရှိဖခင်တစ်ယောက်ဟာ ကိုယ့်ထက် ရာထူးနှစ်ဆင့်ပိုမြင့်သွားတဲ့ သမီးကို

လေးလေးစားစား ဝမ်းမြောက်ဝမ်းသာ အလေးပြုနှုတ်ဆက်ခဲ့ရာ၊ အဆိုပါဓာတ်ပုံဟာ လူမှုကွန်ရက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ သမီးဖြစ်သူရဲ့အမည်ကတော့ Yendluru Jessy Prashanthi ဖြစ်ပါတယ်။ သူမကတော့ SP ဆိုတဲ့ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာပါ။

SP ဆိုတဲ့ရာထူးဟာ Deputy Superintendent of Police ရာထူးရဲ့အတိုကောက်ဖြစ်ပါတယ်။ ဖခင်ကတော့ Deputy Superintendent of Police (Dy. SP)ရာထူးနဲ့ သမီးထက် နှစ်ဆင့်နိမ့်တဲ့အနေအထားမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊

 

အမည်ကတော့ Y Shyam Sunder ဖြစ်ပါတယ်။ သမီးဖြစ်သူက ကိုယ့်ထက် ရာထူးအဆင့်မြင့်သွားတာကို သူ ဂုဏ်ယူနေတာပါ။ သူတို့သားအဖနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက် တနင်္လာနေ့က Tirupati မှာကျင်းပတဲ့ Andhra Pradesh Police Duty Meet တွေ့ဆုံပွဲမှာ ပြန်ဆုံကြတာပါ။

သမီး Prashanthi ကတော့ Andhra Pradesh ပြည်နယ်က Guntur ခရိုင်မှာ တာဝန်ကျသူဖြစ်ပြီး၊ သူတို့တစ်တွေ အခုတွေ့ဆုံပွဲမှာမှ ပြန်ဆုံခဲ့တာဖြစ်ပြီး ဖခင် Shyamက ဂုဏ်ယူစွာနဲ့ လာရောက်အလေးပြုတော့ ရဲအရာရှိတစ်ဦးနဲ့ စကားပြောနေတဲ့ သမီးဖြစ်သူလည်း ချက်ချင်း ပြန်အလေးပြုပြီး

”ဖေဖေ ဘာလုပ်တာတုန်း “ဆိုပြီး(အလေးပြုတာကို မခံယူဝံ့တဲ့သဘောနဲ့) ပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို ရဲအရာရှိတစ်ဦးက မှတ်တမ်းတင်ထားခဲ့တာပါ။ Tirupati (Urban) မှာ SP အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ A Ramesh Reddyi က ဒီဖြစ်စဉ်ကိုကြည့်ပြီး “ဒါမျိုး ရုပ်ရှင်ထဲမှာ တွေ့ဖူးပါတယ်

အပြင်မှာတော့ သိပ်မတွေ့ဖူးဘူး ကျွန်တော်ကတော့ သူတို့သားအဖနှစ်ယောက်ကို ကြည့်ပြီး ပျော်နေမိတယ် တူညီဝတ်စုံဝတ်ဆင်ပြီး လမ်းကြောင်းတူ လျှောက်လှမ်းနေကြတာလေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်လွန်းတဲ့ Prashanthi အတွက် ဖခင်လိုပဲ ကျွန်တော်လည်း ဂုဏ်ယူနေမိတယ် “လို့ ပြောခဲ့ပါတယ်။ ခရက်ဒစ် လင်းဇော်ကို