ႏွစ္ေပါင္း ( ၅၀ ) တိုင္ နာမည္ေက်ာ္ဆဲျဖစ္တဲ့ ေဟာင္ေကာင္က ေႁမြစြပ္ျပဳတ္ေရာင္းတဲ့ ေႁမြဘုရင္မ(႐ုပ္သံ)

ႏွစ္ေပါင္း (၅၀) တိုင္ နာမည္ေက်ာ္ဆဲ ေဟာင္ေကာင္က ေႁမြစြပ္ျပဳတ္ေရာင္းတဲ့ ေႁမြဘုရင္မ



အစားေသာက္နဲ႕ပတ္သက္လာရင္ တ႐ုတ္လူမ်ိဳးေတြက အစုံစားသူေတြလို႔ ကမာၻမွာ နာမည္ေက်ာ္ပါတယ္။ တ ႐ုတ္ေတြဟာ ေႁမြသားကို ၁၆ ရာစုတည္းက စတင္စားသုံးခဲ့ၾကပါတယ္။၁၉၈၀ ခုႏွစ္ဝန္းက်င္တုန္းကဆိုရင္

ေဟာင္ေကာင္မွာ ေႁမြသားစြပ္ျပဳတ္ဆိုင္ေပါင္း ရာနဲ႕ခ်ီၿပီးရွိပါတယ္။တ႐ုတ္ေတြဟာ ေႁမြသားစြပ္ျပဳတ္ကို ေဆာင္းရာသီမွာ အစားမ်ားၾကပါတယ္။ေဟာင္ေကာင္က ေႁမြသားစြပ္ျပဳတ္ဆိုင္ပိုင္ရွင္ ေခ်ာင္ကာလင္



ဆိုသူဟာ ေႁမြေတြကို ကိုင္တြယ္ထိန္းခ်ဳပ္ရာမွာ ပိုင္နိုင္ကြၽမ္းက်င္တာေၾကာင့္ ေႁမြဘုရင္မဆိုတဲ့ ဘြဲ႕ကို ရရွိထားပါတယ္။ေခ်ာင္ကာလင္ဟာ ငယ္စဥ္က ေက်ာင္းစာကို စိတ္ပါဝင္စားမႈနည္းခဲ့ၿပီး သူ႕အေဖရဲ႕ဆိုင္မွာ

အခ်ိန္ကုန္တာမ်ားခဲ့ပါတယ္။သူ႕အေဖရဲ႕ ေႁမြကို ကိုင္ တြယ္ခ်က္ျပဳတ္ပုံေတြကို မ်က္ေရးဝေနတဲ့ ေခ်ာင္ဟာ သူကိုယ္တိုင္ ဆိုင္ကို ဦးစီးလုပ္ကိုင္ရခ်ိန္မွာေတာ့ သူတို႔ရဲ႕ဆိုင္ဟာ ေဟာင္ေကာင္တခြင္မွာ နာမည္ေက်ာ္လာ

ခံခဲ့ရပါတယ္။ေခ်ာင္ကာလင္ဟာ ဒီလုပ္ငန္းကို ၁၉၇၀ ခုႏွစ္ဝန္းက်င္တည္းက စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ႏွစ္ေပါင္း ၅၀ နီးပါးရွိပါၿပီ။ လူေန အိမ္ေျခခ်ဲ့ထြင္မႈေတြ၊ အလြန္အကြၽံအမဲလိုက္မႈေတြနဲ႕



ေတာမီးရွို႔မႈေတြေၾကာင့္ ေတာရိုင္းေႁမြေတြ ရွားပါးလာၿပီး ေဟာင္ေကာင္မွာလည္း ေႁမြသားစြပ္ ျပဳတ္ဆိုင္ ၂၀ ဝန္းက်င္ေလာက္သာ က်န္ရွိပါေတာ့တယ္။ေခ်ာင္ကာလင္ကေတာ့ ၿမိဳ႕ျပထဲကို နယ္ကြၽံလာတဲ့ ေတာေႁမြ

ေတြကို ဖမ္းဆီးရင္း သူ႕ရဲ႕ စြပ္ျပဳတ္ဆိုင္ေလးကို ယေန႕တိုင္ ဆက္လက္ဦးစီးလုပ္ကိုင္လ်က္ ရွိပါတယ္။ (Nine Thuwun)

ယူနီကုဒ်ဖြင့် ဖတ်ရန်

နှစ်ပေါင်း (၅၀) တိုင် နာမည်ကျော်ဆဲ ဟောင်ကောင်က မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ



အစားသောက်နဲ့ပတ်သက်လာရင် တရုတ်လူမျိုးတွေက အစုံစားသူတွေလို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ တ ရုတ်တွေဟာ မြွေသားကို ၁၆ ရာစုတည်းက စတင်စားသုံးခဲ့ကြပါတယ်။၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင်

ဟောင်ကောင်မှာ မြွေသားစွပ်ပြုတ်ဆိုင်ပေါင်း ရာနဲ့ချီပြီးရှိပါတယ်။တရုတ်တွေဟာ မြွေသားစွပ်ပြုတ်ကို ဆောင်းရာသီမှာ အစားများကြပါတယ်။ဟောင်ကောင်က မြွေသားစွပ်ပြုတ်ဆိုင်ပိုင်ရှင် ချောင်ကာလင်



ဆိုသူဟာ မြွေတွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ပိုင်နိုင်ကျွမ်းကျင်တာကြောင့် မြွေဘုရင်မဆိုတဲ့ ဘွဲ့ကို ရရှိထားပါတယ်။ချောင်ကာလင်ဟာ ငယ်စဉ်က ကျောင်းစာကို စိတ်ပါဝင်စားမှုနည်းခဲ့ပြီး သူ့အဖေရဲ့ဆိုင်မှာ

အချိန်ကုန်တာများခဲ့ပါတယ်။သူ့အဖေရဲ့ မြွေကို ကိုင် တွယ်ချက်ပြုတ်ပုံတွေကို မျက်ရေးဝနေတဲ့ ချောင်ဟာ သူကိုယ်တိုင် ဆိုင်ကို ဦးစီးလုပ်ကိုင်ရချိန်မှာတော့ သူတို့ရဲ့ဆိုင်ဟာ ဟောင်ကောင်တခွင်မှာ နာမည်ကျော်လာ

ခံခဲ့ရပါတယ်။ချောင်ကာလင်ဟာ ဒီလုပ်ငန်းကို ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၅၀ နီးပါးရှိပါပြီ။ လူနေ အိမ်ခြေချဲ့ထွင်မှုတွေ၊ အလွန်အကျွံအမဲလိုက်မှုတွေနဲ့



တောမီးရှို့မှုတွေကြောင့် တောရိုင်းမြွေတွေ ရှားပါးလာပြီး ဟောင်ကောင်မှာလည်း မြွေသားစွပ် ပြုတ်ဆိုင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိပါတော့တယ်။ချောင်ကာလင်ကတော့ မြို့ပြထဲကို နယ်ကျွံလာတဲ့ တောမြွေ

တွေကို ဖမ်းဆီးရင်း သူ့ရဲ့ စွပ်ပြုတ်ဆိုင်လေးကို ယနေ့တိုင် ဆက်လက်ဦးစီးလုပ်ကိုင်လျက် ရှိပါတယ်။ (Nine Thuwun)