တာရိုးဘေးမှာ ကပ်ပြီးနေရတဲ့ ဇနီးမောင်နှံ အောင်ဘာလေထီ သိန်းနှစ်ထောင်ဆုကြီး ဆွတ်ခူးရရှိ
ယူနီကုဒ်ဖြင့် ဖတ်ရန်
၁၆ ကြိမ်မြောက်အောင်ဘာလေထီ သိန်း 2000 ဆုကြီးကိုဆွတ်ခူးခဲ့တဲ့ ဇနီးမောင်နှံပါ။ ယခု ၁၆ ကြိမ်မြောက်မှာလည်း ကျုံပျော်မြန်ပြည်ချမ်းသာထီဆိုင်ကြီး
ကနေ သိန်းနှစ်ထောင်ဆုကြီး ဆွတ်ခူးသွားတဲ့ ကံထူးရှင်ဇနီးမောင်နှံ ကိုမြင့်စိုး၊ မခင်ဌေးလွင်တို့ရဲ့ပုံပါ။ ငါးသိုင်းချောင်းတံတားအလွန်လေး တာဘေးမှာ
နေကြပါတယ်။ တက်ဆိပ်၊ ဇီးတန်းကျေးရွာကပါ။ ကျုံပျော်မြန်ပြည်ချမ်းသာထီဆိုင်ကြီးမှ စ ၈၁၀၁၂၂ လက်မှတ်နံပါတ်ဖြင့် ကျပ်သိန်း ၂၀၀၀ဆုကြီး ဆွတ်ခူးခဲ့တာ
ဖြစ်ပါတယ်။ တာဘေးမှာကပ်နေရတဲ့ သူတို့ဘဝလေးတွေ လွတ်မြောက်ခွင့်ရသွားပြီမို့ သိပ်ဝမ်းသာစရာကောင်းလှပါတယ်။ ထီပေါက်အောင်ရောင်းပေးတဲ့
အရောင်းကိုယ်စားလှယ်တွေကလည်း အဲဒီနားကပဲ ငါးသိုင်းချောင်း ဒေါင်ကြီးကျေးရွာက ကိုကျော်မျိုးနိုင်တို့ ညီအကိုနှစ်ဦးပါ။ ခရက်ဒစ် U Soe Than