မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါသည္ ဟု ႏွိုင္းယွဥ္ေဝဖန္ ခံရၿပီးေနာက္ ၿခိမ့္ေကကို ကို အာမခံ ေပးနိုင္သည့္ ပုဒ္မျဖင့္ ေျပာင္းလဲအမႈဖြင့္

ႏွိုင္းယွဥ္ေဝဖန္ ခံရၿပီးေနာက္ ၿခိမ့္ေကကို ကို အာမခံ ေပးနိုင္သည့္ ပုဒ္မျဖင့္ ေျပာင္းလဲအမႈဖြင့္





ကိုဗစ္ကာလ စည္းကမ္းသတ္မွတ္ခ်က္ ေဖာက္ဖ်က္က်ဴးလြန္သူမ်ားကို အမႈဖြင့္ တရားစြဲဆိုရာတြင္ ညီမွ်မႈ မရွိေၾကာင္း ႏွိုင္းယွဥ္ေဝဖန္ ခံခဲ့ရၿပီးေနာက္ မႏၲေလး တိုင္းေဒသႀကီး ျမစ္သားၿမိဳ႕နယ္ရဲစခန္း၌ ဘနားနား(ခ) ၿခိမ့္ေကကို ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅/၃၀(က)ျဖင့္ အမႈဖြင့္ထားရာမွ

အာမခံေပးနိုင္ေသာ ပုဒ္မျဖင့္ ေျပာင္းလဲအမႈဖြင့္လိုက္ေၾကာင္း သတင္းရရွိသည္။ကိုဗစ္ တားျမစ္ခ်က္မ်ား မလိုက္နာဘဲ ျမစ္သားၿမိဳ႕နယ္ မင္းဝန္ေက်း႐ြာ၌ က်င္းပခဲ့သည့္ ေမြးေန႕ပြဲတစ္ခုတြင္ တီးဝိုင္းျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့မႈေၾကာင့္ သဘာဝေဘး၊ စီမံ ဥပေဒျဖင့္ အမႈဖြင့္ခံထားရသည့္ ဘနားနား (ခ) ၿခိမ့္ေကကို ကို





အာမခံေပး၍ရသည့္ ပုဒ္မျဖင့္ ေျပာင္းလဲ အမႈဖြင့္လိုက္ေၾကာင္း ျမစ္သားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။ၿပီးခဲ့သည့္ ဒီဇင္ဘာ(၃)ရက္က ျမစ္သားၿမိဳ႕နယ္ မင္းဝန္ေက်း႐ြာေန ဦးေဇာ္မင္းထိုက္သည္ ၄င္း၏ သမီးျဖစ္သူ အသက္(၁၁)ႏွစ္ျပည့္ ေမြးေန႕တြင္ ၿခိမ့္ေကကို ကို ငွါးရမ္း၍ တီးဝိုင္းျဖင့္ ေဖ်ာ္ေျဖခဲ့ရာ လူစုလူေဝးျဖင့္

ေမြးေန႕ပြဲက်င္းပခဲ့မႈအတြက္ ဦးေဇာ္မင္းထိုက္ႏွင့္ ၿခိမ့္ေကကိုတို႔ ႏွစ္ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅/ ၃၀(က)ျဖင့္ ျမစ္သားၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္း ျဖစ္သည္။အဆိုပါ ျဖစ္စဥ္တြင္ အမႈဖြင့္ခံရသည့္ ဦးေဇာ္မင္းထိုက္ႏွင့္ ၿခိမ့္ေကကိုတို႔ ႏွစ္ဦးသည္ အဖမ္းမခံဘဲ ေရွာင္တိမ္းေနရာမွ





တစ္လခန႔္အၾကာ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ႏွစ္ဦးစလုံးက ရဲစခန္း၌ လာေရာက္အဖမ္းခံခဲ့ျခင္း ျဖစ္သည္ဟု ၎တို႔ႏွင့္ နီးစပ္သူမ်ားက ေျပာသည္။ဖမ္းဆီရမိၿပီးေနာက္ ၿခိမ့္ေကကိုႏွင့္ ဦးေဇာ္မင္းထိုက္တို႔ ႏွစ္ဦးကို စြဲဆိုထားမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာသို႔ ဥပေဒအႀကံေတာင္းရာ ျခမ့္ေကကိုကို မူလစြဲဆိုထားသည့္

သဘာဝေဘး၊စီမံ ဥပေဒ ပုဒ္မ ၂၅/ ၃၀(က) အစား ပုဒ္မ ၃၀(က)ျဖင့္ ေျပာင္းလဲဖြင့္ရန္ ဥပေဒ အႀကံေပးၿပီး ဦးေဇာ္မင္းထိုက္ကိုမူ မူလစြဲဆိုထားသည့္ ပုဒ္မအတိုင္းသာ ျဖစ္ေၾကာင္း ျမစ္သားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။” ၿခိမ့္ေကကိုကေတာ့ ေျပာင္းတယ္၊ တစ္ခုျပဳတ္သြားတာေပါ့။

ထိန္းသိမ္းထားၿပီး တရားစြဲတင္နိုင္ရန္ ေဆာင္႐ြက္ေနသည္ဟု ဆိုသည္။ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈကာကြယ္ေရး စည္းကမ္းသတ္မွတ္ခ်က္မ်ား မလိုက္နာဟုဆိုကာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အမႈဖြင့္ အေရးယူမႈမ်ား နိုင္ငံတဝန္း ေပၚေပါက္ေနၿပီး ေဖာက္ဖ်က္က်ဴးလြန္သည့္





ပုံစံျခင္း တူေသာ္လည္း အမႈဖြင့္ အေရးယူရာတြင္ မတူညီဘဲ အခ်ိဳ႕ကို အာမခံေပးကာ အခ်ိဳ႕ကို အာမခံမေပးဘဲ ဖမ္းဆီးမႈမ်ား ရွိေနေၾကာင္း၊ ၿခိမ့္ေကကို အမႈႏွင့္ပတ္သက္၍ မူလစြဲဆိုထားေသာ ပုဒ္မသည္ မျဖစ္သင့္ေၾကာင္း အႏုပညာရွင္အခ်ိဳ႕ အပါအဝင္ လူမႈကြန္ယက္တြင္ ေဝန္ဖန္လာၾကသျဖင့္ သက္ဆိုင္ရာက

ယခုကဲ့သို႔ ပုဒ္မေျပာင္းလိုက္ျခင္း ျဖစ္မည္ဟု ၿခိမ့္ေကကိုအမႈႏွင့္ ပတ္သက္၍ ကူညီေဆာင္႐ြက္ေနသူ ေက်ာက္ဆည္ၿမိဳ႕ခံတစ္ဦးက မွတ္ခ်က္ျပဳ သည္ ။”တစ္နိုင္ငံလုံးေက်ာ္တဲ့ကိစၥကလည္း ရွိတယ္ေလ။ ဘာမွမသိတဲ့ ဘနားနား က်ေတာ့ ျပင္းထန္တဲ့ပုဒ္မနဲ႕ အေရးယူတယ္။ က်န္တဲ့သူက် ၃၀(က)ေလာက္နဲ႕၊





ဒဏ္ရိုက္တဲ့ဟာေတြလည္း ျဖစ္ေနတယ္ေလ။ ျဖစ္ေတာ့ လူေတြကလည္း အႏုပညာရွင္ေတြေရာ၊ အြန္လိုင္းဆယ္လီေတြကေရာ ဒါက မျဖစ္သင့္တဲ့ကိစၥလို႔ ဝိုင္းေျပာၾကေတာ့။ ဒါႀကီးက ေဟာ့ျဖစ္လာေတာ့ အဆင့္ဆင့္ကေန ဒါႀကီးေတာ့ မျဖစ္သင့္ဘူးဆိုၿပီး ပုဒ္မေျပာင္းခ်ေပးလိုက္တာေနမွာေပါ့”ဟု ၎က သုံးသပ္သည္။

၂၀၁၃ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ အရ မည္သူမဆို ဆန္းစစ္ခ်က္ မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာ က်ေရာက္နိုင္သည္ကို သိလ်က္ႏွင့္ တမင္ျပဳလုပ္မႈေၾကာင့္ ျဖစ္ေစ၊ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚလွ်င္ သို႔မဟုတ္





ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္ အျပင္ေငြဒဏ္လည္း ခ်မွတ္နိုင္သည္ဟု ျပဌာန္းထားသည္။ယင္း ဥပေဒ ပုဒ္မ ၃၀ မူ မည္သူမဆို (က) သဘာဝေဘး အႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈ တစ္ရပ္ရပ္ကို ေဆာင္႐ြက္ရန္ ဤဥပေဒအရ တာဝန္ေပးအပ္ျခင္း ခံရသည့္ဌာန၊

အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္၏ ၫႊန္ၾကားခ်က္တစ္ရပ္ရပ္ကို လိုက္နာရန္ တမင္ပ်က္ကြက္ျခင္း၊ သို႔မဟုတ္ ပ်က္ကြက္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္းျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပဌာန္းထားသည္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

နှိုင်းယှဉ်ဝေဖန် ခံရပြီးနောက် ခြိမ့်ကေကို ကို အာမခံ ပေးနိုင်သည့် ပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်





ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်ကျူးလွန်သူများကို အမှုဖွင့် တရားစွဲဆိုရာတွင် ညီမျှမှု မရှိကြောင်း နှိုင်းယှဉ်ဝေဖန် ခံခဲ့ရပြီးနောက် မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့နယ်ရဲစခန်း၌ ဘနားနား(ခ) ခြိမ့်ကေကို ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့်ထားရာမှ

အာမခံပေးနိုင်သော ပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။ကိုဗစ် တားမြစ်ချက်များ မလိုက်နာဘဲ မြစ်သားမြို့နယ် မင်းဝန်ကျေးရွာ၌ ကျင်းပခဲ့သည့် မွေးနေ့ပွဲတစ်ခုတွင် တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေခဲ့မှုကြောင့် သဘာဝဘေး၊ စီမံ ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ဘနားနား (ခ) ခြိမ့်ကေကို ကို





အာမခံပေး၍ရသည့် ပုဒ်မဖြင့် ပြောင်းလဲ အမှုဖွင့်လိုက်ကြောင်း မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ပြီးခဲ့သည့် ဒီဇင်ဘာ(၃)ရက်က မြစ်သားမြို့နယ် မင်းဝန်ကျေးရွာနေ ဦးဇော်မင်းထိုက်သည် ၄င်း၏ သမီးဖြစ်သူ အသက်(၁၁)နှစ်ပြည့် မွေးနေ့တွင် ခြိမ့်ကေကို ကို ငှါးရမ်း၍ တီးဝိုင်းဖြင့် ဖျော်ဖြေခဲ့ရာ လူစုလူဝေးဖြင့်

မွေးနေ့ပွဲကျင်းပခဲ့မှုအတွက် ဦးဇော်မင်းထိုက်နှင့် ခြိမ့်ကေကိုတို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀(က)ဖြင့် မြစ်သားမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။အဆိုပါ ဖြစ်စဉ်တွင် အမှုဖွင့်ခံရသည့် ဦးဇော်မင်းထိုက်နှင့် ခြိမ့်ကေကိုတို့ နှစ်ဦးသည် အဖမ်းမခံဘဲ ရှောင်တိမ်းနေရာမှ

တစ်လခန့်အကြာ ပြီးခဲ့သည့်ရက်ပိုင်းတွင် နှစ်ဦးစလုံးက ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ဖမ်းဆီရမိပြီးနောက် ခြိမ့်ကေကိုနှင့် ဦးဇော်မင်းထိုက်တို့ နှစ်ဦးကို စွဲဆိုထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ဥပဒေအကြံတောင်းရာ ခြမ့်ကေကိုကို မူလစွဲဆိုထားသည့်

သဘာဝဘေး၊စီမံ ဥပဒေ ပုဒ်မ ၂၅/ ၃၀(က) အစား ပုဒ်မ ၃၀(က)ဖြင့် ပြောင်းလဲဖွင့်ရန် ဥပဒေ အကြံပေးပြီး ဦးဇော်မင်းထိုက်ကိုမူ မူလစွဲဆိုထားသည့် ပုဒ်မအတိုင်းသာ ဖြစ်ကြောင်း မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။” ခြိမ့်ကေကိုကတော့ ပြောင်းတယ်၊ တစ်ခုပြုတ်သွားတာပေါ့။

ထိန်းသိမ်းထားပြီး တရားစွဲတင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များ မလိုက်နာဟုဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် အရေးယူမှုများ နိုင်ငံတဝန်း ပေါ်ပေါက်နေပြီး ဖောက်ဖျက်ကျူးလွန်သည့်

ပုံစံခြင်း တူသော်လည်း အမှုဖွင့် အရေးယူရာတွင် မတူညီဘဲ အချို့ကို အာမခံပေးကာ အချို့ကို အာမခံမပေးဘဲ ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ခြိမ့်ကေကို အမှုနှင့်ပတ်သက်၍ မူလစွဲဆိုထားသော ပုဒ်မသည် မဖြစ်သင့်ကြောင်း အနုပညာရှင်အချို့ အပါအဝင် လူမှုကွန်ယက်တွင် ဝေန်ဖန်လာကြသဖြင့် သက်ဆိုင်ရာက





ယခုကဲ့သို့ ပုဒ်မပြောင်းလိုက်ခြင်း ဖြစ်မည်ဟု ခြိမ့်ကေကိုအမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်နေသူ ကျောက်ဆည်မြို့ခံတစ်ဦးက မှတ်ချက်ပြု သည် ။”တစ်နိုင်ငံလုံးကျော်တဲ့ကိစ္စကလည်း ရှိတယ်လေ။ ဘာမှမသိတဲ့ ဘနားနား ကျတော့ ပြင်းထန်တဲ့ပုဒ်မနဲ့ အရေးယူတယ်။ ကျန်တဲ့သူကျ ၃၀(က)လောက်နဲ့၊

ဒဏ်ရိုက်တဲ့ဟာတွေလည်း ဖြစ်နေတယ်လေ။ ဖြစ်တော့ လူတွေကလည်း အနုပညာရှင်တွေရော၊ အွန်လိုင်းဆယ်လီတွေကရော ဒါက မဖြစ်သင့်တဲ့ကိစ္စလို့ ဝိုင်းပြောကြတော့။ ဒါကြီးက ဟော့ဖြစ်လာတော့ အဆင့်ဆင့်ကနေ ဒါကြီးတော့ မဖြစ်သင့်ဘူးဆိုပြီး ပုဒ်မပြောင်းချပေးလိုက်တာနေမှာပေါ့”ဟု ၎င်းက သုံးသပ်သည်။





၂၀၁၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အရ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ်

ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ယင်း ဥပဒေ ပုဒ်မ ၃၀ မူ မည်သူမဆို (က) သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့်ဌာန၊





အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း၊ သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။