ဇနီးက ကေလးေမြးဖြားၿပီးခါစ အဲ့ လို စေနာက္တာ မ်ိဳးေတာ့ မလုပ္သင့္ပါဘူး

ဇနီးျဖစ္သူကို မၾကာခဏစေနာက္က်ီစယ္တတ္ၿပီး သူ႕ရဲ႕ကိုယ္ပိုင္ youtube ခ်န္နယ္မွာတင္ေလ့ရွိတဲ့ ထိုင္းက “ ကာရင္ ၁၄၁၂” လို႔ခ်န္နယ္အမည္ေပးထားတဲ့ နာမည္ေက်ာ္ Youtube ဆယ္လီတစ္ဦးဟာ ၿပီးခဲ့ေသာ ဇန္န ဝါရီလ ၁ ရက္ေန႕တုန္းက “ကားထဲ အသုံးျပဳၿပီးတဲ့

ကြန္ဒုံးေတြ႕ရွိတယ္” လို႔နာမည္ေပးထားတဲ့သူ႕ရဲ႕ဇနီးကိုစေနာက္ထားတဲ့ ဗီဒီယိုကလစ္ေလးအသစ္တစ္ခု အြန္လိုင္းမွာ တင္လိုက္ပါတယ္။၎ဟာ ကြန္ဒုံးထဲကိုအုန္းနို႔ထည့္ၿပီး ကားအတြင္းတစ္ေနရာမွာသြားဖြက္ထားၿပီးေနာက္ ေတြ႕သြားတဲ့ဇနီးျဖစ္သူရဲ႕တုံ႕ျပန္မႈကို

ေစာင့္ၾကည့္ရန္ တမင္ရိုက္ကူးစီစဥ္ထားတဲ့ အေၾကာင္း အရာေလးျဖစ္ပါတယ္။အစမွာ သူ႕ရဲ႕လမ္ဘိုဂီနီကားထဲက ေမာင္းသူထိုင္ခုံဘက္ျခမ္းမွာထားခဲ့ေသးတယ္။ဒါေပမယ့္ သူ႕မိန္းမက မေတြ႕လိုက္ဘဲ အဲ့ဒီတစ္ေခါက္က မေအာင္ျမင္ခဲ့ပါဘူး။ထို႔ေနာက္ ကားေနာက္တစ္စီး

ေျပာင္းၿပီး ထင္သာျမင္သာပိုရွိတဲ့ေနရာမွာ ထားလိုက္ပါေတာ့တယ္။ဒီတစ္ေခါက္ သူ႕ရဲ႕ႀကံစည္မႈက ေအာင္ျမင္တယ္လို႔ ဆိုလို႔ရပါ တယ္။ေနာက္ဆုံးေတာ့ ကားေပၚေရာက္ေနတဲ့ ကေလးေမြးဖြားၿပီးခါစသူ႕ဇနီးသည္က ကားထဲအမွိုက္ေတြလိုက္ရွင္းရင္း

႐ုတ္တရက္ေတြ႕သြားတယ္။ေတြ႕သြားေသာဇနီးျဖစ္သူမွာ ခ်က္ခ်င္းဆိုသလို ေဒါသထြက္ၿပီး ငိုကာ ေယာက်္ားျဖစ္သူအား ရဲေတြလူဆိုးစစ္ေဆးသလို ရိုက္ႏွက္ထုေထာင္းကာ ေမးခြန္းမ်ားစြာတရစပ္ေျပာဆိုေမးျမန္းေနပါ တယ္။ “ရွင္က ကြၽန္မနဲ႕သားသမီးမ်က္ႏွာကို

မဟုတ္ေၾကာင္း အတင္းျပန္ျငင္းဆိုေနရွာတယ္။လမ္းတစ္ေလွ်ာက္လုံး ပြစိပြစိျဖစ္လာၿပီး အိမ္လည္းျပန္ေရာက္ေကာ အိမ္ထဲအထိ မတည္ၿငိမ္ေသးအေျခအေနပဲ၊ ေနာက္ဆုံးမွာေတာ့အေၾကာင္းအရာအားလုံးမွာ စေနာက္က်ီစယ္တမင္ျပဳလုပ္စီစဥ္ထားေၾကာင္း

ေယာက်္ားက ဖြင့္ေျပာလိုက္ပါေတာ့တယ္။အေၾကာင္းမွန္သိသြားေသာမိန္းမကေတာ့ အနည္းငယ္ၿငိမ္သက္သြားခဲ့ေသာ္လည္း တျခားမိန္းမအေၾကာင္းနဲ႕ပတ္သက္လာရင္ သူအရမ္းခံစားလြယ္ေၾကာင္းဆိုၿပီး ဆက္လက္ငိုေႂကြးေနဆဲပါ။ဒီအေၾကာင္းအရာအြန္လိုင္းမွာ

ပ်ံ့ႏွံ႕သြားၿပီးေနာက္ ဝင္ေရာက္ၾကည့္ရႈသူ ၂.၄ သန္းေက်ာ္ရွိၿပီး၊ ေဝဖန္ရႈံ႕ခ်သဴေတြလည္း အမ်ားအျပားရွိခဲ့ပါတယ္။ ဒီအေၾကာင္းအရာကို ရယ္ေမာဖို႔ဟာသေနာက္စရာအေၾကာင္းမဟုတ္ဘူးလို႔ ေျပာၾကားထားပါတယ္။ အထူးသျဖင့္ ကေလးမီးဖြားၿပီးခါစအမ်ိဳးသမီးေတြကို

ဒီလိုမ်ိဳးစေနာက္ျပဳလုပ္ဖို႔ လုံးဝမသင့္ေတာ္ဘူးလို႔ မွတ္ခ်က္မ်ားစြာေရးသားထားပါတယ္။ ေသြးသားႏုေသးေသာ ကေလးမီးဖြားၿပီးခါစအမ်ိဳးသမီးသည္ ခႏၶာကိုယ္တြင္းေဟာ္မုန္းအေျပာင္းအလဲရွိ၍ စိတ္အတက္အက်လြယ္တဲ့အခ်ိန္၊ စိတ္ဓါတ္က်လြယ္တဲ့

အခ်ိန္ ျဖစ္တာေၾကာင့္ ဒီလိုအခ်ိန္မ်ိဳးမွာ စိတ္ခံစားခ်က္ထိခိုက္လြယ္ေစတဲ့အေၾကာင္းအရာေတြ လုံးဝမေပးသင့္ေၾကာင္း ဆိုၾကပါတယ္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဇနီးဖြစ်သူကို မကြာခဏစနောက်ကျီစယ်တတ်ပြီး သူ့ရဲ့ကိုယ်ပိုင် youtube ချန်နယ်မှာတင်လေ့ရှိတဲ့ ထိုင်းက “ ကာရင် ၁၄၁၂” လို့ချန်နယ်အမည်ပေးထားတဲ့ နာမည်ကျော် Youtube ဆယ်လီတစ်ဦးဟာ ပြီးခဲ့သော ဇန်န ဝါရီလ ၁ ရက်နေ့တုန်းက “ကားထဲ အသုံးပြုပြီးတဲ့

ကွန်ဒုံးတွေ့ရှိတယ်” လို့နာမည်ပေးထားတဲ့သူ့ရဲ့ဇနီးကိုစနောက်ထားတဲ့ ဗီဒီယိုကလစ်လေးအသစ်တစ်ခု အွန်လိုင်းမှာ တင်လိုက်ပါတယ်။၎င်းဟာ ကွန်ဒုံးထဲကိုအုန်းနို့ထည့်ပြီး ကားအတွင်းတစ်နေရာမှာသွားဖွက်ထားပြီးနောက် တွေ့သွားတဲ့ဇနီးဖြစ်သူရဲ့တုံ့ပြန်မှုကို

စောင့်ကြည့်ရန် တမင်ရိုက်ကူးစီစဉ်ထားတဲ့ အကြောင်း အရာလေးဖြစ်ပါတယ်။အစမှာ သူ့ရဲ့လမ်ဘိုဂီနီကားထဲက မောင်းသူထိုင်ခုံဘက်ခြမ်းမှာထားခဲ့သေးတယ်။ဒါပေမယ့် သူ့မိန်းမက မတွေ့လိုက်ဘဲ အဲ့ဒီတစ်ခေါက်က မအောင်မြင်ခဲ့ပါဘူး။ထို့နောက် ကားနောက်တစ်စီး

ပြောင်းပြီး ထင်သာမြင်သာပိုရှိတဲ့နေရာမှာ ထားလိုက်ပါတော့တယ်။ဒီတစ်ခေါက် သူ့ရဲ့ကြံစည်မှုက အောင်မြင်တယ်လို့ ဆိုလို့ရပါ တယ်။နောက်ဆုံးတော့ ကားပေါ်ရောက်နေတဲ့ ကလေးမွေးဖွားပြီးခါစသူ့ဇနီးသည်က ကားထဲအမှိုက်တွေလိုက်ရှင်းရင်း

ရုတ်တရက်တွေ့သွားတယ်။တွေ့သွားသောဇနီးဖြစ်သူမှာ ချက်ချင်းဆိုသလို ဒေါသထွက်ပြီး ငိုကာ ယောကျ်ားဖြစ်သူအား ရဲတွေလူဆိုးစစ်ဆေးသလို ရိုက်နှက်ထုထောင်းကာ မေးခွန်းများစွာတရစပ်ပြောဆိုမေးမြန်းနေပါ တယ်။ “ရှင်က ကျွန်မနဲ့သားသမီးမျက်နှာကို

မဟုတ်ကြောင်း အတင်းပြန်ငြင်းဆိုနေရှာတယ်။လမ်းတစ်လျှောက်လုံး ပွစိပွစိဖြစ်လာပြီး အိမ်လည်းပြန်ရောက်ကော အိမ်ထဲအထိ မတည်ငြိမ်သေးအခြေအနေပဲ၊ နောက်ဆုံးမှာတော့အကြောင်းအရာအားလုံးမှာ စနောက်ကျီစယ်တမင်ပြုလုပ်စီစဉ်ထားကြောင်း

ယောကျ်ားက ဖွင့်ပြောလိုက်ပါတော့တယ်။အကြောင်းမှန်သိသွားသောမိန်းမကတော့ အနည်းငယ်ငြိမ်သက်သွားခဲ့သော်လည်း တခြားမိန်းမအကြောင်းနဲ့ပတ်သက်လာရင် သူအရမ်းခံစားလွယ်ကြောင်းဆိုပြီး ဆက်လက်ငိုကြွေးနေဆဲပါ။ဒီအကြောင်းအရာအွန်လိုင်းမှာ

ပျံ့နှံ့သွားပြီးနောက် ဝင်ရောက်ကြည့်ရှုသူ ၂.၄ သန်းကျော်ရှိပြီး၊ ဝေဖန်ရှုံ့ချသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီအကြောင်းအရာကို ရယ်မောဖို့ဟာသနောက်စရာအကြောင်းမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အထူးသဖြင့် ကလေးမီးဖွားပြီးခါစအမျိုးသမီးတွေကို

ဒီလိုမျိုးစနောက်ပြုလုပ်ဖို့ လုံးဝမသင့်တော်ဘူးလို့ မှတ်ချက်များစွာရေးသားထားပါတယ်။ သွေးသားနုသေးသော ကလေးမီးဖွားပြီးခါစအမျိုးသမီးသည် ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲရှိ၍ စိတ်အတက်အကျလွယ်တဲ့အချိန်၊ စိတ်ဓါတ်ကျလွယ်တဲ့

အချိန် ဖြစ်တာကြောင့် ဒီလိုအချိန်မျိုးမှာ စိတ်ခံစားချက်ထိခိုက်လွယ်စေတဲ့အကြောင်းအရာတွေ လုံးဝမပေးသင့်ကြောင်း ဆိုကြပါတယ်။