ခ်စ္သူနဲ႔လက္ထပ္ဖို႔လုံးဝသေဘာမတူခဲ့တဲ့ဖခင္ကို ရေအာင္သိမ္းသြင္းနိုင္ခဲ့တဲ့နည္းလမ္းကို ေဝမၽွခဲ့တဲ့အမ်ိဳးသား

ဒီအမ်ိဳးသားကေတာ့ သူ၏ international relationship အေတြ႕အၾကဳံကို Subtle Asian Traits ဟုေခၚေသာ ​ေဖ့ဘုတ္ group မွာ ေဝမၽွခဲ့တဲ့အတြက္ လူအမ်ား၏စိတ္ဝင္စားမႈကိုခံခဲ့ရပါတယ္။ Clarence Tan အမည္ရွိတဲ့အဆိုပါအမ်ိဳးသားဟာ ေဟာင္ေကာင္ေသြးတစ္ဝက္

(Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

စင္ကာပူေသြးတစ္ဝက္ေရာေနာခဲ့တဲ့ ကျပားတစ္ေယာက္ျဖစ္ၿပီး USA မွာအေၿခ ခ်ေနထိုင္ေနသူလည္းျဖစ္ပါတယ္။ သူမၾကာေသးခင္ကလက္ထပ္ခဲ့တဲ့ ခ်စ္သူေကာင္မေလးကေတာ့ Edna ျဖစ္ၿပီး အာဖရိကအေနာက္ပိုင္းက Ghanaနိုင္ငံသူေလးျဖစ္ပါတယ္။Clarence ၏ေျပာျပခ်က္အရ

” စိတ္ကူးၾကည့္ပါ၊ အသားမဲတဲ့ အာဖရိကအမ်ိဳးသမီးနဲ႔ တြဲခုတ္ေနတာကို ဘယ္​ေပါက္​ေဖာ္၊အာရွ ယဥ္ေက်းမႈကမွ ေႏြးေႏြးေထြးေထြးႀကိဳဆိုတာမ်ိဳးမရွိခဲ့ပါဘူး။ၿပီးေတာ့ ပိုၿပီးေသခ်ာတာက ကၽြန္ေတာ္ Edna နဲ႔တြဲစတုန္းက မိဘေတြဆီက ကန္ထုတ္တာခံခဲ့ရတယ္၊

အထူးသျဖင့္ အေဖဆီကေပါ့ ‘ ဆိုၿပီးေျပာျပထားပါတယ္။ထို႔အျပင္ သူ၏ဖခင္ရဲ့ထင္ျမင္ခ်က္ကိုလည္း ”ကၽြန္ေတာ့္အေဖက အေဖေကာင္းတစ္ေယာက္ပါ ၿပီးေတာ့ ကၽြန္ေတာ္သူ႔ကို ေတာ္ေတာ္ေလး ေလးစားတယ္၊ သူကအလုပ္ကို အေတာ္ေလး ႀကိဳးစားတယ္ဗ်

ကၽြန္ေတာ္တို႔ကိုေထာက္ပံ့ေပးဖို႔လည္း အေတာ္ေလးအနစ္နာခံခဲ့တယ္၊ ၿပီးေတာ့ မိသားစုကို ေရွ႕တန္းတင္ထားတယ္၊ ကၽြန္ေတာ္ဒီေန႔အခ်ိန္ထိ ေရာက္လာရျခင္းကလည္း အေဖ့ကိုၾကည့္ၿပီးအတုယူခဲ့လို႔ပါ၊ အဲ့ေၾကာင့္ အေဖက Edna နဲ႔သေဘာမတူေတာ့

ကၽြန္ေတာ္ အေတာ္ေလးကို စိတ္ပ်က္ခဲ့ရပါတယ္ ” ဆိုၿပီးေျပာျပထားပါေသးတယ္။ ဖခင္ျဖစ္သူ Edna နဲ႔သေဘာမတူတဲ့အခ်က္ေတြကေတာ့ ယဥ္ေက်းမႈမတူညီဘဲလက္ထပ္ရင္ အခက္အခဲမ်ားစြာေတြ႕တတ္ျခင္း ႏွင့္ Clarence ကအာရွသို႔ျပန္လာခဲ့ရင္လည္း

စီးပြားေရးနဲ႔ပက္သက္ၿပီး အခက္အခဲရင္ဆိုင္ရနိုင္တဲ့အတြက္ေၾကာင့္ သေဘာမတူခဲ့ရျခင္း ျဖစ္ပါတယ္။ ထို႔အျပင္ ဖခင္က Clarence ရဲေရြးခ်ယ္မႈသာျဖစ္ၿပီး Edna နဲ႔လက္ထပ္မယ္ဆိုရင္ေတာ့ သူ႔ဆီက သေဘာတူမႈကိုရမွာ မဟုတ္ေၾကာင္းႏွင့္ မဂၤလာပြဲကိုလည္း တက္ေရာက္မွာ မဟုတ္ေၾကာင္း

ဖခင္ျဖစ္သူက ပ်က္ပ်က္သားသားေျပာဆိုခဲ့ပါတယ္။ ထိုအခ်ိန္ကစၿပီး Clarence ကသူ၏ အစီအစဥ္ေတြကိုစတင္ အေကာင္အထည္ေဖာ္ခဲ့ပါေတာ့တယ္။

ထို႔ေၾကာင့္ Clarence ကသူမကို အိမ္သို႔အလည္သြားဖို႔တြန္းအားေပးတိုင္း ရန္ျဖစ္ခဲ့ၾကရၿပီး အခ်ိဳ႕အႀကိမ္ေတြမွာဆိုရင္ သူ၏မိဘမ်ားက ဖိတ္ခိုင္းလို႔ပါဆိုၿပီး လိမ္ေျပာခဲ့ရပါတယ္။တျဖည္းျဖည္းၾကာလာေတာ့ သူမရဲ့အရည္အခ်င္းေတြ၊ သေဘာထားႀကီးမႈေတြ၊ ဂ႐ုစိုက္မႈေတြ၊

စဥ္းစားဆင္ျခင္တတ္မႈေတြနဲ႔ ယဥ္ေက်းတဲ့သူမရဲ့အျပဳအမႈေတြေၾကာင့္ Clarence ရဲ့မိဘေတြက သူမကိုေႏြးေႏြးေထြးေထြး ႀကိဳဆိုလာခဲ့ၾကပါတယ္။“မိဘေတြက သူမကိုေလ့လာမိခဲ့ၾကတယ္၊ သူမ အားေနတဲ့အခ်ိန္ေတြမွာဆိုရင္ ကၽြန္ေတာ္တည္ေထာင္ေနတဲ့ကုမၸဏီအတြက္

အလုပ္လုပ္ေပးတယ္ (အခုေတာ့ ကၽြန္ေတာ္တို႔ ကုမၸဏီေပါ့ဗ်ာ)၊ ၿပီးေတာ့ အဲ့အခ်ိန္တုန္က ေငြေရးေၾကးေရးေတြလည္း သူမက ေထာက္ပံ့ေပးခဲ့တယ္၊ ကၽြန္ေတာ္ရွက္လို႔အဲ့အေၾကာင္းေတြ မေျပာခဲ့ေပမဲ့လည္း ေနာက္ပိုင္းကၽြန္ေတာ့္မိဘေတြက ကၽြန္ေတာ့္ရဲ့

အားနည္းခ်က္ကို သိသြားခဲ့ၾကတယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္။ ညစာအတူတူစားၾကရင္း၊ စကားစျမည္းေတြေျပာၾကရင္နဲ႔ ေနာက္ပိုင္းသူ တို႔ေတြက Edna ရဲ့ရိုးသားမႈကို သိရွိသြားခဲ့ၾကၿပီး ေနာက္ပိုင္းကၽြန္ေတာ္တို႔ကို လုံးဝသေဘာတူခဲ့ၾကပါတယ္။ “ကၽြန္ေတာ္တို႔ ခ်စ္သူသက္တမ္း

3ႏွစ္ၾကာၿပီးေနာက္မွာေတာ့ ကၽြန္ေတာ့္ရဲ့မိသားစုေတြဆီက ေထာက္ခံမႈကိုအျပည့္အဝရခဲ့ပါတယ္။ အထူးသျဖင့္ အေဖ့ဆီကေပါ့၊ ကၽြန္ေတာ့္မဂၤလာပြဲမွာ အေဖအဲ့ေလာက္ေပ်ာ္ေနတာကိုတစ္ခါးမွမျမင္ဖူးဘူး၊ Ednaက ‘Daddy,yum cha ‘လို႔ေျပာလိုက္တဲ့

အခ်ိန္မွာ အေဖအေတာ္ေလးျပဳံးသြားခဲ့တယ္၊ ၿပီးေတာ့ ကၽြန္ေတာ္နဲ႔အေမအတူကဖို႔သူကိုယ္တိုင္ Saxophone ကိုမႈတ္ေပးခဲ့ေသးတယ္ ” ဆိုၿပီးသူ၏ မိဘေတြဆီက 100% သေဘာတူမႈရရွိခဲ့ေအာင္ ႀကိဳးစားခဲ့တဲ့သူ၏ အေတြ႕အၾကဳံကို ေျပာျပသြားခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဒီအမျိုးသားကတော့ သူ၏ international relationship အတွေ့အကြုံကို Subtle Asian Traits ဟုခေါ်သော ဖေ့ဘုတ် group မှာ ဝေမျှခဲ့တဲ့အတွက် လူအများ၏စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။ Clarence Tan အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဟောင်ကောင်သွေးတစ်ဝက်

(Zawgyi Code ဖွင့ျ ဖတျမရသူမြားအတှကျ အောကျတှငျ ယူနီကုဒျဖွင့ျ ဖောျပွထားရှိပါသညျ)

စင်ကာပူသွေးတစ်ဝက်ရောနောခဲ့တဲ့ ကပြားတစ်ယောက်ဖြစ်ပြီး USA မှာအခြေ ချနေထိုင်နေသူလည်းဖြစ်ပါတယ်။ သူမကြာသေးခင်ကလက်ထပ်ခဲ့တဲ့ ချစ်သူကောင်မလေးကတော့ Edna ဖြစ်ပြီး အာဖရိကအနောက်ပိုင်းက Ghanaနိုင်ငံသူလေးဖြစ်ပါတယ်။Clarence ၏ပြောပြချက်အရ

” စိတ်ကူးကြည့်ပါ၊ အသားမဲတဲ့ အာဖရိကအမျိုးသမီးနဲ့ တွဲခုတ်နေတာကို ဘယ်ပေါက်ဖော်၊အာရှ ယဉ်ကျေးမှုကမှ နွေးနွေးထွေးထွေးကြိုဆိုတာမျိုးမရှိခဲ့ပါဘူး။ပြီးတော့ ပိုပြီးသေချာတာက ကျွန်တော် Edna နဲ့တွဲစတုန်းက မိဘတွေဆီက ကန်ထုတ်တာခံခဲ့ရတယ်၊

အထူးသဖြင့် အဖေဆီကပေါ့ ‘ ဆိုပြီးပြောပြထားပါတယ်။ထို့အပြင် သူ၏ဖခင်ရဲ့ထင်မြင်ချက်ကိုလည်း ”ကျွန်တော့်အဖေက အဖေကောင်းတစ်ယောက်ပါ ပြီးတော့ ကျွန်တော်သူ့ကို တော်တော်လေး လေးစားတယ်၊ သူကအလုပ်ကို အတော်လေး ကြိုးစားတယ်ဗျ

ကျွန်တော်တို့ကိုထောက်ပံ့ပေးဖို့လည်း အတော်လေးအနစ်နာခံခဲ့တယ်၊ ပြီးတော့ မိသားစုကို ရှေ့တန်းတင်ထားတယ်၊ ကျွန်တော်ဒီနေ့အချိန်ထိ ရောက်လာရခြင်းကလည်း အဖေ့ကိုကြည့်ပြီးအတုယူခဲ့လို့ပါ၊ အဲ့ကြောင့် အဖေက Edna နဲ့သဘောမတူတော့

ကျွန်တော် အတော်လေးကို စိတ်ပျက်ခဲ့ရပါတယ် ” ဆိုပြီးပြောပြထားပါသေးတယ်။ ဖခင်ဖြစ်သူ Edna နဲ့သဘောမတူတဲ့အချက်တွေကတော့ ယဉ်ကျေးမှုမတူညီဘဲလက်ထပ်ရင် အခက်အခဲများစွာတွေ့တတ်ခြင်း နှင့် Clarence ကအာရှသို့ပြန်လာခဲ့ရင်လည်း

စီးပွားရေးနဲ့ပက်သက်ပြီး အခက်အခဲရင်ဆိုင်ရနိုင်တဲ့အတွက်ကြောင့် သဘောမတူခဲ့ရခြင်း ဖြစ်ပါတယ်။ ထို့အပြင် ဖခင်က Clarence ရဲရွေးချယ်မှုသာဖြစ်ပြီး Edna နဲ့လက်ထပ်မယ်ဆိုရင်တော့ သူ့ဆီက သဘောတူမှုကိုရမှာ မဟုတ်ကြောင်းနှင့် မင်္ဂလာပွဲကိုလည်း တက်ရောက်မှာ မဟုတ်ကြောင်း

ဖခင်ဖြစ်သူက ပျက်ပျက်သားသားပြောဆိုခဲ့ပါတယ်။ ထိုအချိန်ကစပြီး Clarence ကသူ၏ အစီအစဉ်တွေကိုစတင် အကောင်အထည်ဖော်ခဲ့ပါတော့တယ်။

ထို့ကြောင့် Clarence ကသူမကို အိမ်သို့အလည်သွားဖို့တွန်းအားပေးတိုင်း ရန်ဖြစ်ခဲ့ကြရပြီး အချို့အကြိမ်တွေမှာဆိုရင် သူ၏မိဘများက ဖိတ်ခိုင်းလို့ပါဆိုပြီး လိမ်ပြောခဲ့ရပါတယ်။တဖြည်းဖြည်းကြာလာတော့ သူမရဲ့အရည်အချင်းတွေ၊ သဘောထားကြီးမှုတွေ၊ ဂရုစိုက်မှုတွေ၊

စဉ်းစားဆင်ခြင်တတ်မှုတွေနဲ့ ယဉ်ကျေးတဲ့သူမရဲ့အပြုအမှုတွေကြောင့် Clarence ရဲ့မိဘတွေက သူမကိုနွေးနွေးထွေးထွေး ကြိုဆိုလာခဲ့ကြပါတယ်။“မိဘတွေက သူမကိုလေ့လာမိခဲ့ကြတယ်၊ သူမ အားနေတဲ့အချိန်တွေမှာဆိုရင် ကျွန်တော်တည်ထောင်နေတဲ့ကုမ္ပဏီအတွက်

အလုပ်လုပ်ပေးတယ် (အခုတော့ ကျွန်တော်တို့ ကုမ္ပဏီပေါ့ဗျာ)၊ ပြီးတော့ အဲ့အချိန်တုန်က ငွေရေးကြေးရေးတွေလည်း သူမက ထောက်ပံ့ပေးခဲ့တယ်၊ ကျွန်တော်ရှက်လို့အဲ့အကြောင်းတွေ မပြောခဲ့ပေမဲ့လည်း နောက်ပိုင်းကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့

အားနည်းချက်ကို သိသွားခဲ့ကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ်။ ညစာအတူတူစားကြရင်း၊ စကားစမြည်းတွေပြောကြရင်နဲ့ နောက်ပိုင်းသူ တို့တွေက Edna ရဲ့ရိုးသားမှုကို သိရှိသွားခဲ့ကြပြီး နောက်ပိုင်းကျွန်တော်တို့ကို လုံးဝသဘောတူခဲ့ကြပါတယ်။ “ကျွန်တော်တို့ ချစ်သူသက်တမ်း

3နှစ်ကြာပြီးနောက်မှာတော့ ကျွန်တော့်ရဲ့မိသားစုတွေဆီက ထောက်ခံမှုကိုအပြည့်အဝရခဲ့ပါတယ်။ အထူးသဖြင့် အဖေ့ဆီကပေါ့၊ ကျွန်တော့်မင်္ဂလာပွဲမှာ အဖေအဲ့လောက်ပျော်နေတာကိုတစ်ခါးမှမမြင်ဖူးဘူး၊ Ednaက ‘Daddy,yum cha ‘လို့ပြောလိုက်တဲ့

အချိန်မှာ အဖေအတော်လေးပြုံးသွားခဲ့တယ်၊ ပြီးတော့ ကျွန်တော်နဲ့အမေအတူကဖို့သူကိုယ်တိုင် Saxophone ကိုမှုတ်ပေးခဲ့သေးတယ် ” ဆိုပြီးသူ၏ မိဘတွေဆီက 100% သဘောတူမှုရရှိခဲ့အောင် ကြိုးစားခဲ့တဲ့သူ၏ အတွေ့အကြုံကို ပြောပြသွားခဲ့ပါတယ်။ ခရက်ဒစ်