အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင္ မနက္စာမစားဘဲ ေနေနၿပီလား ဒါဆို ဒီေရာဂါေတြ ပိုျဖစ္နို္င္တယ္ဆိုတာ သင္သိထားပါ

သင္ မနက္စာမစားဘဲ ေနေနၿပီလား ဒါဆို ဒီေရာဂါေတြ ပိုျဖစ္နို္င္ပါတယ္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) မနက္စာကို ရွင္ဘုရင္လို စားသင့္တယ္ဆိုတဲ့ စကားေလး သင္ၾကားဖူးမွာပါ။ ဒါေပမယ့္ ပိန္ခ်င္လို႔ အစားေလွ်ာ့တယ္

႐ုံးသြား ေက်ာင္းသြားရမယ္ဆိုၿပီး မအားလို႔ မနက္စာကို မစားျဖစ္ၾကတဲ့သူေတြ အမ်ားႀကီးပါ။ တကယ္ေတာ့ မနက္စာဆိုတာ သင္တစ္ေန႔တာလုံးအတြက္ လိုအပ္တဲ့ ားအင္ေတြကို ျဖည့္စြမ္းေပးနိုင္တဲ့ တစ္ခုတည္းေသာ အရာပါ။မနက္စာကို အလြတ္ခံလိုက္ရင္ တစ္ေန႔တာလုံးအတြက္

လိုအပ္တဲ့ အားအင္ေတြလည္း ဆုံးရႈံးမယ့္အျပင္ မနက္စာမစားျခင္းက တစ္ျခားက်န္းမာေရးအေပၚမွာ သက္ေရာက္တဲ့ မေကာင္းတဲ့အခ်က္ေတြလည္း ရွိပါေသးတယ္။ဘာေတြလဲဆိုတာ ဆက္ၾကည့္ရေအာင္။ မနက္စာကို မစားဘဲေနရင္ ဘာေတြ ျဖစ္နိုင္သလဲ။

အစားေတြ ပိုစားျဖစ္တယ္- မနက္စာကို မစားဘဲေနလိုက္တာေၾကာင့္ ကိုယ့္ကိုယ္ခႏၶာရဲ႕ စားေသာက္မႈ ပုံစံစည္းခ်က္ မူမမွန္ေတာ့မယ့္အျပင္ ဦးေႏွာက္နဲ႕ ႂကြက္သားတို႔ အလုပ္လုပ္ဖို႔အတြက္ လိုအပ္တဲ့ ေသြးတြင္းသၾကားဓာတ္လည္း

နည္းေနမွာျဖစ္ပါတယ္။ ဒီိလိုနဲ႔ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ ေတြ ကေမာက္ကမျဖစ္ၿပီး လိုအပ္တဲ့ သၾကားဓာတ္ေတြ အတြက္ေရာ၊ မနက္စာအငတ္ခံထားလို႔ သင့္ကိုသင္လည္း သနားၿပီး ေန႕လည္စာကို ပိုစားျဖစ္ေနပါလိမ့္မယ္။

မနက္စာမစားလို႔ သင့္ကိုယ္အေလးခ်ိန္ က်သြားမွာ မဟုတ္ပါဘူး- ေလ့လာခ်က္ေတြအရေတာ့ မနက္စာ စားတဲ့သူေတြဟာ မစားတဲ့သူေတြထက္ပိုပိန္ေနတာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္စားတဲ့

မနက္စာထဲပါတဲ့ ပရိုတင္းနဲ႔ အမွ်င္ဓာတ္ေတြက သင့္ကို တစ္ေန႕လုံး ဆာေလာင္ျခင္း ကင္းေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ မနက္စာေလး အလြတ္ခံလိုက္ရင္ ငါေတာ့ပိန္သြားမွာပဲဆိုတဲ့ အေတြးဟာ မွားေနပါတယ္။

ႏွလုံးေရာဂါ ျဖစ္ေနေျခပိုမ်ားတယ္- ညဘက္ အိပ္တဲ့အခ်ိန္ရယ္ မနက္စာ မစားတဲ့အခ်ိန္ရယ္ ေပါင္းလိုက္လို႔ ၁၂ နာရီေက်ာ္သြားၿပီဆိုရင္ သင့္ကိုယ္ခႏၶာအတြင္းက အစာကို ေတာင့္တေနပါလိမ့္မယ္။ဒါကို မနက္စာ အလြတ္ခံလိုက္မယ္ဆိုရင္

ကိုယ္တြင္းဖိစီးမႈေတြတက္လာၿပီး ေဟာ္မုန္းေတြလည္း အေျပာင္းအလဲျဖစ္လာပါတယ္။ ဒီလိုနဲ႔ ႏွလုံးက ႂကြက္သားေတြလည္း အလုပ္ပိုလုပ္ရလို႔ မနက္စာ မစားတဲ့သူေတြဟာ ႏွလုံးေရာဂါ ျဖစ္နို္င္ေခ်ပိဳမ်ားပါတယ္။

မွတ္ဉာဏ္စြမ္းရည္လည္း က်ဆင္းလာပါတယ္- အိပ္ၿပီးျပန္ထလာတဲ့အခ်ိန္ဆို ပထမဆုံးအလုပ္လုပ္ရတာ ဦးေႏွာက္ပါပဲ။ သူ အလုပ္ေတြအမ်ားႀကီးလုပ္နိုင္ဖို႔အတြက္ ေသြးတြင္းသၾကားေတြ အလုံအေလာက္ရွိေနမွ ရမွာပါ။ ဒါကို ကိုယ္က မနက္စာ မစားဘဲေနလိုက္တဲ့အခါ

ေသြးတြင္းသၾကားဓာတ္ေတြ ကေမာက္ကမျဖစ္ၿပီး ဦးေႏွာက္ အတြက္လိုအပ္တဲ့ အာဟာရေတြ မရနိုင္ေတာ့လို႔မနက္စာ မစားတာၾကာလာရင္ သင့္ဦးေႏွာက္ မွတ္ဉာဏ္ပိုင္းမွာေရာ၊ အာ႐ုံစူးစိုက္မႈ အပိုင္းမွာေရာ က်ဆင္းလာမွာပါ။

အားမရွိသလို ခံစားေနရၿပီး ဗိုက္လည္း ခဏခဏ ဆာေနပါလိမ့္မယ္- တစ္ေန႔တာအတြက္ လိုအပ္တဲ့အားအင္ေတြကို အျပည့္အဝေပးနိုင္တာ မနက္စာပါ။ ဒါကို မစားဘဲေနလိုက္တဲ့အခါက် တစ္ေန႔လုံး အားမရွိသလိုခံစားေနရၿပီး ႏုန္းေနပါလိမ့္္မယ္။မနက္စာ မစားထားေတာ့ ဗိုက္ထဲလည္း ဟာတာတာျဖစ္ေနၿပီး အခ်ိန္ရွိတိုင္း ဗိုက္ဆာသလို ျဖစ္ေနေတာ့မွာပါ။

စိတ္ဖိစီးမႈကိုလည္း မ်ားေစပါတယ္- မနက္စားမစားတဲ့လူေတြ မွာ cortisol လို႔ ေခၚတဲ့ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးပိုထြက္ပါတယ္။ ဒီိလိုနဲ႕ မနက္စာ မစားေလေလ cortisol ပိုထြက္ေလေလျဖစ္ၿပီး စိ္တ္ဖိစီးမႈလည္း မ်ားေလေလပါပဲ။ ကဲ ဒီေတာ့ မနက္စာစားျဖစ္ဖို႔ဆိုတာ

သိပ္ကို အေရးႀကီးေၾကာင္း သိသြားေလာက္ၾကပါၿပီ။မစားတာၾကာေလေလ က်န္းမာေရးကို ထိခိုက္ဖို႔ အလားအလာမ်ားေလေလဆိုတဲ့အတြက္ ေန႕တစ္ေန႕ရဲ႕ ပထမဦးဆုံး မနက္စာကို ရွင္ဘုရင္လို စားလိုက္ၾကရေအာင္။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သင် မနက်စာမစားဘဲ နေနေပြီလား ဒါဆို ဒီရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေး သင်ကြားဖူးမှာပါ။ ဒါပေမယ့် ပိန်ချင်လို့ အစားလျှော့တယ်

ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ ားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက်

လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာမစားခြင်းက တစ်ခြားကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ မနက်စာကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲ။

အစားတွေ ပိုစားဖြစ်တယ်- မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံစည်းချက် မူမမှန်တော့မယ့်အပြင် ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်း

နည်းနေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေ အတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုသင်လည်း သနားပြီး နေ့လည်စာကို ပိုစားဖြစ်နေပါလိမ့်မယ်။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူး- လေ့လာချက်တွေအရတော့ မနက်စာ စားတဲ့သူတွေဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့

မနက်စာထဲပါတဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

နှလုံးရောဂါ ဖြစ်နေခြေပိုများတယ်- ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာ မစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော်သွားပြီဆိုရင် သင့်ကိုယ်ခန္ဓာအတွင်းက အစာကို တောင့်တနေပါလိမ့်မယ်။ဒါကို မနက်စာ အလွတ်ခံလိုက်မယ်ဆိုရင်

ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

မှတ်ဉာဏ်စွမ်းရည်လည်း ကျဆင်းလာပါတယ်- အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံးအလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူ အလုပ်တွေအများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ

သွေးတွင်းသကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက် အတွက်လိုအပ်တဲ့ အာဟာရတွေ မရနိုင်တော့လို့မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။

အားမရှိသလို ခံစားနေရပြီး ဗိုက်လည်း ခဏခဏ ဆာနေပါလိမ့်မယ်- တစ်နေ့တာအတွက် လိုအပ်တဲ့အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလိုခံစားနေရပြီး နုန်းနေပါလိမ့်မယ်။မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလို ဖြစ်နေတော့မှာပါ။

စိတ်ဖိစီးမှုကိုလည်း များစေပါတယ်- မနက်စားမစားတဲ့လူတွေ မှာ cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်း များလေလေပါပဲ။ ကဲ ဒီတော့ မနက်စာစားဖြစ်ဖို့ဆိုတာ

သိပ်ကို အရေးကြီးကြောင်း သိသွားလောက်ကြပါပြီ။မစားတာကြာလေလေ ကျန်းမာရေးကို ထိခိုက်ဖို့ အလားအလာများလေလေဆိုတဲ့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာကို ရှင်ဘုရင်လို စားလိုက်ကြရအောင်။ လေးစားစွာဖြင့် ခရက်ဒစ်