မင္းကင္းၿမိဳ႕နယ္၌ ေတြ႕ရွိခဲ့သည့္ အမွတ္အသားပါေသာ လင္းယုန္ငွက္မွာ မြန္ဂိုလီးယားနိုင္ငံမွ ငွက္ျဖစ္ေန

“မင္းကင္းၿမိဳ႕နယ္၌ ေတြ႕ရွိခဲ့သည့္ လင္းယုန္ငွက္မွာ မြန္ဂိုလီးယားနိုင္ငံမွ ငွက္ျဖစ္” (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) မင္းကင္းၿမိဳ႕နယ္၌ ေတြ႕ရွိခဲ့သည့္ လင္းယုန္ငွက္မွာ မြန္ဂိုလီးယားနိုင္ငံ၊ ဇီဝေဗဒတကၠသိုလ္မွ

သုေတသနျပဳထားသည့္ ငွက္ျဖစ္ေန။မင္းကင္းၿမိဳ႕နယ္ သာစည္ေက်း႐ြာတြင္ ေတြ႕ရွိခဲ့ရသည့္ အမွတ္အသားပါရွိသည့္ လင္းယုန္ဌက္သည္ MONGOLIA နိုင္ငံရွိ ဇီဝေဗဒတကၠသိုလ္ တစ္ခုတြင္ရွိေသာ ငွက္ဘာသာေဗဒ ဓာတ္ခြဲခန္းဆိုင္ရာ

တကၠသိုလ္ေက်ာင္းသားမ်ားက လင္းယုန္ငွက္၏ ပ်ံသန္းနိုင္ႏႈန္းႏွင့္ ေရာက္ရွိသည့္ေနရာအား သိရွိနိုင္ရန္အတြက္ သုေတသနျပဳလုပ္သည့္သေဘာျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္နိုင္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕မွ လင္းယုန္ႏွင့္ပတ္သက္၍ Wildlife Conservation Society(WCS) ေနျပည္ေတာ္႐ုံးခြဲမွ National Landscape Coordinator ျဖစ္သူ ေဒါက္တာ ေနာ္ေမေလးသန္႔ထံ ဆက္သြယ္ေမးျမန္းခ်က္အရ လင္းယုန္တြင္ပါရွိေသာ

လင္းယုန္ငွက္ အမ်ိဳးအစားသည္ ေအးသည့္ ရာသီဥတုတြင္ ေနထိုင္ျခင္းမရွိဘဲ ပူေႏြးေသာရာသီရွိသည့္ ေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္တတ္သည့္ အေလ့အထရွိသျဖင့္ MONGOLIA နိုင္ငံသည္ ယခုအခါ၌ ရာသီဥတု အလြန္ေအးေသာအခ်ိန္ျဖစ္ေန၍

ပူေႏြးေသာ ရာသီရွိသည့္ေဒသဘက္သို႔ ပ်ံသန္းလာရာမွ ျမန္မာနိုင္ငံသို႔ ေရာက္ရွိနားခိုခ်ိန္တြင္ ပစ္ခတ္ခံရျခင္းျဖစ္သည္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

“မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံမှ ငှက်ဖြစ်” မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ၊ ဇီဝဗေဒတက္ကသိုလ်မှ

သုတေသနပြုထားသည့် ငှက်ဖြစ်နေ။မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် တွေ့ရှိခဲ့ရသည့် အမှတ်အသားပါရှိသည့် လင်းယုန်ဌက်သည် MONGOLIA နိုင်ငံရှိ ဇီဝဗေဒတက္ကသိုလ် တစ်ခုတွင်ရှိသော ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ

တက္ကသိုလ်ကျောင်းသားများက လင်းယုန်ငှက်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိသည့်နေရာအား သိရှိနိုင်ရန်အတွက် သုတေသနပြုလုပ်သည့်သဘောဖြင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ လင်းယုန်နှင့်ပတ်သက်၍ Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲမှ National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ထံ ဆက်သွယ်မေးမြန်းချက်အရ လင်းယုန်တွင်ပါရှိသော

လင်းယုန်ငှက် အမျိုးအစားသည် အေးသည့် ရာသီဥတုတွင် နေထိုင်ခြင်းမရှိဘဲ ပူနွေးသောရာသီရှိသည့် ဒေသများသို့ ပြောင်းရွှေ့နေထိုင်တတ်သည့် အလေ့အထရှိသဖြင့် MONGOLIA နိုင်ငံသည် ယခုအခါ၌ ရာသီဥတု အလွန်အေးသောအချိန်ဖြစ်နေ၍

ပူနွေးသော ရာသီရှိသည့်ဒေသဘက်သို့ ပျံသန်းလာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိနားခိုချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်