အရပ္ ၈ ေပရွည္တဲ့ တစ္ခ်ိန္က ႏုိင္ငံေက်ာ္ “ဇီးကြက္စိန္”အေၾကာင္း

အရပ္ ၈ ေပရွည္တဲ့ တစ္ခ်ိန္က ႏုိင္ငံေက်ာ္ “ဇီးကြက္စိန္”အေၾကာင္း။ ဇီးကြက္စိန္သည္ တစ္ခ်ိန္က ျမန္မာႏိုင္ငံ၊ မႏၲေလးတိုင္း ေဒသႀကီး၊ ပုဂံၿမိဳ႕ရွိ ထူးထူးျခားျခား အရပ္ အရွည္ဆုံး ပုဂံၿမိဳ႕သူ ျဖစ္သည္။

ငယ္ဘဝ – ဇီးကြက္စိန္ကို ၁၃၁၈−ခုႏွစ္၊ (၁၉၅၆)ခုႏွစ္တြင္ ပုဂံၿမိဳ႕​ေဟာင္​း​ေတာင္​ဘက္​ သီရိပစၥယာရြာတြင္​​ အဖ ဦးထြန္းသိန္း၊ ေဒၚၿငိမ္းတို႔မွ ေမြးဖြားသည္။ ေမြးခ်င္း ေလးေယာက္အနက္ အငယ္ဆုံးသမီးျဖစ္ၿပီး

က်န္သုံးေယာက္မွာ ေယာက္်ားေလးမ်ားျဖစ္ၾကသည္။ ငယ္နာမည္မွာ မခင္စိန္ ျဖစ္သည္။ ငယ္​ရြယ္​စဥ္​ကပင္​ သက္​တူရြယ္​တူမ်ားၾကားတြင္​ ထူးထူးျခားျခား အရပ္​ျမင္​့မား​ေနသူျဖစ္​သည္​။ ထူးျခားမႈ – အေမျဖစ္သူ

ေဒၚၿငိမ္းသည္ ဇီးကြက္စိန္အား ကိုယ္ဝန္မရွိခင္ ထူးျခားအိပ္မက္ မက္ဖူးသည္။ အိမ္ဦးခန္း ေခါင္တိုင္တြင္ ဆင္ျဖဴေတာ္ ဝပ္ေနသည္ဟု မက္ခဲ့သည္။ ဇီးကြက္စိန္ ကြယ္လြန္ေသာေန႔၌လည္း ဆင္တစ္ေကာင္ႏွင့္

ဆင္ဦးစီးတစ္ေယာက္ လာေရာက္ကာ ႐ုပ္အေလာင္းကို ေသခ်ာ ၾကည့္သြားဘူးသည္။ ဇီးကြက္စိန္ဟု ဘာေၾကာင့္ေခၚ – ဇီးကြက္စိန္ကို ေမြးၿပီး ၇-ရက္ျပည့္ ကင္ပြန္းတပ္ေန႔တြင္ သူအိပ္ေသာ ပုခက္၏

ရင္တားႀကိဳးတန္းေပၚ၌ ဇီးကြက္တစ္ေကာင္ လာေရာက္နားသည့္အတြက္ ဇီးကြက္စိန္ဟု ေခၚၾကျခင္း ျဖစ္သည္။ ျဖစ္စဥ္ – ဇီးကြက္စိန္ကို ေမြးဖြားခ်ိန္၌ သာမန္ကေလးတစ္ေယာက္လိုပင္ ေမြးဖြားႀကီးျပင္းလာၿပီး

ငါးႏွစ္သမီးအ႐ြယ္မွစ၍ တေျဖးေျဖး ႀကီးထြားလာသည္။ ၁၂ႏွစ္သမီးအ႐ြယ္တြင္ သူ၏ အရပ္ရွည္သည့္သတင္းကို တစ္ႏိုင္ငံလုံးထိ သိရွိသြားၾကေလသည္။ ၁၂အရြယ္တုန္းက သူမ၏အရပ္မွာ ၆ေပ၆လက္မျဖစ္သည္။

မ်ိဳး႐ိုးဗီဇ​ေဖာက္​ျပန္​​ေသာ ထူးျခား႐ွားပါး​ေသာ​ေရာဂါ​ေၾကာင္​့ ဇီးကြက္​စိန္​သည္​ အရပ္​ဆက္လက္​​ျမင္​့မားလာခဲ့ၿပီးအသက္ ၂၀အရြယ္ခန္႔တြင္ သူမ၏ အရပ္သည္ ၈ေပခန္႔ ရွိလာကာ သူမစီးရန္ ဖိနပ္ကို ျမင္းၿခံၿမိဳ႕မွ

ေအာ္ဒါမွာယူရသည္။ ပုဂံရွိ ယြန္းအၾကမ္းထည္လုပ္ငန္းကို လုပ္ကိုင္သည္။ အစားအစာကို ပုံမွန္လူမ်ား စားသေလာက္ပဲ စားသည္။ တစ္ေန႔ကို သုံးေလးခ်ိန္ေလာက္စားသည္။ အဝတ္အစားမ်ားဆိုလၽွင္လည္း ပိတ္စ

တစ္ကိုက္ကို အက်ႌခ်ဳပ္ဝတ္မရေပ။ သုံးေတာင္ပိတ္စမွ လက္စက အက်ႌရသည္။ လက္ရွည္အက်ႌ တစ္ထည္ကို ပိတ္စ ငါးေတာင္ခန္႔ ခ်ဳပ္၍ ဝတ္ရသည္။ လုံခ်ည္တစ္ထည္ကို ေျခာက္ေတာင္ခ်ဳပ္ရသည္။ မိန္းမလုံခ်ည္

သုံးကြင္းကို သူ႕အတြက္ ႏွစ္ကြင္းသာရသည္။ ေလာကနႏၵာဘုရားကို ဘုရားဖူးလာရင္း ဧည့္သည္မ်ားက ဇီးကြက္စိန္ကို အထူးအဆန္းသဖြယ္ လာေရာက္ၾကည့္ၾကသည္။ လာၾကည့္သူမ်ားက သူ႕ကို စကား

ေျပာၾကသည္။ ဇီးကြက္စိန္ကလည္း ျပန္လည္ စကားေျပာသည္။ မတ္တတ္ရပ္ခိုင္းလၽွင္ မတ္တတ္ရပ္ျပသည္။ အသက္ (၁၃)ႏွစ္အ႐ြယ္တြင္ မ်က္စိကြယ္သြားသည္။ (၁၄)ႏွစ္အ႐ြယ္တြင္ ရန္ကုန္၌ မ်က္စိကု

သြားေသာအခါ ဆရာဝန္က ေဟာ္မုန္းဓာတ္မ်ား၍ ျဖစ္သည္ဟုဆိုသည္။ အိမ္အျပင္ လမ္းေလၽွာက္ရန္ အိမ္ေရွ႕ရွိ မန္က်ည္းပင္ႏွစ္ပင္ကို ၾကိဳးတန္းထားၿပီး ႀကိဳးတန္းကိုင္၍ လမ္းေလၽွာက္ရသည္။ မ်က္စိကြယ္ၿပီးေနာက္

ခါးပါကိုင္းလာေလသည္။ ေနာက္ပိုင္း၌ သြားလာမႈ သိပ္မလုပ္ႏိုင္ေတာ့ေပ။ ေကာင္းမႈကုသိုလ္ – ေလာကနႏၵာေစတီအပါအဝင္ ဘုရားမ်ားကို ထီးေတာ္မ်ားလႉခဲ့သည္။ ႐ြာထဲက ကေလးမ်ားကိုလည္း တစ္လတစ္ႀကိမ္

ႏွစ္ႀကိမ္ ဆန္ျပဳတ္အၿမဲ တိုက္ေကၽြးသည္။ ဘဝနိဂုံး – ျမန္မာသကၠရာဇ္ ၁၃၄၁-ခုႏွစ္ (၁၉၇၉)ခုႏွစ္တြင္ ေရခ်ိဳးမွား၍ က်န္းမာေရး မေကာင္းရာမွ ကြယ္လြန္သြားေလသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ (၂၃)ႏွစ္ ရွိၿပီ

ျဖစ္သည္။ ေသဆုံးၿပီးေနာက္ သူ၏ ႐ုပ္အေလာင္းကို မႏၲေလးေဆးတကၠသိုလ္သို႔ လႉဒါန္းခဲ့သည္။ေနထိုင္မေကာင္းေသာ အခ်ိန္၌ ေနခဲ့သည့္ အိမ္ၿခံဝင္းေနရာတြင္ အထိမ္းအမွတ္ ေက်ာက္တိုင္စိုက္ထူထားသည္။

ေက်ာက္တိုင္၏ ေဘးပတ္လည္တစ္ဖက္တစ္ခ်က္စီတြင္ မဇီးကြက္စိန္ အထိမ္းအမွတ္ ေက်ာက္တိုင္၊ ၁၃၁၈-ခု ေမြး၊ ၁၃၄၁-ခု ဆုံး၊ အရပ္ ၈ ေပ ဟု ကမၸည္းထိုးထားသည္ကို ယေန႔တိုင္ ေတြ႕ျမင္ႏိုင္သည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အရပ် ၈ ပေရှည်တဲ့ တစ်ချိန်က နိုင်ငံကျော် “ဇီးကွက်စိန်”အကြောင်း။ ဇီးကွက်စိန်သည် တစ်ချိန်က မြန်မာနိုင်ငံ၊ မန္တလေးတိုင်း ဒေသကြီး၊ ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ် အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည်။

ငယ်ဘဝ – ဇီးကွက်စိန်ကို ၁၃၁၈−ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် ပုဂံမြို့ဟောင်းတောင်ဘက် သီရိပစ္စယာရွာတွင် အဖ ဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ မွေးချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး

ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။ ငယ်နာမည်မှာ မခင်စိန် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် သက်တူရွယ်တူများကြားတွင် ထူးထူးခြားခြား အရပ်မြင့်မားနေသူဖြစ်သည်။ ထူးခြားမှု – အမေဖြစ်သူ

ဒေါ်ငြိမ်းသည် ဇီးကွက်စိန်အား ကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက် မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော် ဝပ်နေသည်ဟု မက်ခဲ့သည်။ ဇီးကွက်စိန် ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့်

ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကို သေချာ ကြည့်သွားဘူးသည်။ ဇီးကွက်စိန်ဟု ဘာကြောင့်ခေါ် – ဇီးကွက်စိန်ကို မွေးပြီး ၇-ရက်ပြည့် ကင်ပွန်းတပ်နေ့တွင် သူအိပ်သော ပုခက်၏

ရင်တားကြိုးတန်းပေါ်၌ ဇီးကွက်တစ်ကောင် လာရောက်နားသည့်အတွက် ဇီးကွက်စိန်ဟု ခေါ်ကြခြင်း ဖြစ်သည်။ ဖြစ်စဉ် – ဇီးကွက်စိန်ကို မွေးဖွားချိန်၌ သာမန်ကလေးတစ်ယောက်လိုပင် မွေးဖွားကြီးပြင်းလာပြီး

ငါးနှစ်သမီးအရွယ်မှစ၍ တဖြေးဖြေး ကြီးထွားလာသည်။ ၁၂နှစ်သမီးအရွယ်တွင် သူ၏ အရပ်ရှည်သည့်သတင်းကို တစ်နိုင်ငံလုံးထိ သိရှိသွားကြလေသည်။ ၁၂အရွယ်တုန်းက သူမ၏အရပ်မှာ ၆ပေ၆လက်မဖြစ်သည်။

မျိုးရိုးဗီဇဖောက်ပြန်သော ထူးခြားရှားပါးသောရောဂါကြောင့် ဇီးကွက်စိန်သည် အရပ်ဆက်လက်မြင့်မားလာခဲ့ပြီးအသက် ၂၀အရွယ်ခန့်တွင် သူမ၏ အရပ်သည် ၈ပေခန့် ရှိလာကာ သူမစီးရန် ဖိနပ်ကို မြင်းခြံမြို့မှ

အော်ဒါမှာယူရသည်။ ပုဂံရှိ ယွန်းအကြမ်းထည်လုပ်ငန်းကို လုပ်ကိုင်သည်။ အစားအစာကို ပုံမှန်လူများ စားသလောက်ပဲ စားသည်။ တစ်နေ့ကို သုံးလေးချိန်လောက်စားသည်။ အဝတ်အစားများဆိုလျှင်လည်း ပိတ်စ

တစ်ကိုက်ကို အကျႌချုပ်ဝတ်မရပေ။ သုံးတောင်ပိတ်စမှ လက်စက အကျႌရသည်။ လက်ရှည်အကျႌ တစ်ထည်ကို ပိတ်စ ငါးတောင်ခန့် ချုပ်၍ ဝတ်ရသည်။ လုံချည်တစ်ထည်ကို ခြောက်တောင်ချုပ်ရသည်။ မိန်းမလုံချည်

သုံးကွင်းကို သူ့အတွက် နှစ်ကွင်းသာရသည်။ လောကနန္ဒာဘုရားကို ဘုရားဖူးလာရင်း ဧည့်သည်များက ဇီးကွက်စိန်ကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ကြသည်။ လာကြည့်သူများက သူ့ကို စကား

ပြောကြသည်။ ဇီးကွက်စိန်ကလည်း ပြန်လည် စကားပြောသည်။ မတ်တတ်ရပ်ခိုင်းလျှင် မတ်တတ်ရပ်ပြသည်။ အသက် (၁၃)နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ (၁၄)နှစ်အရွယ်တွင် ရန်ကုန်၌ မျက်စိကု

သွားသောအခါ ဆရာဝန်က ဟော်မုန်းဓာတ်များ၍ ဖြစ်သည်ဟုဆိုသည်။ အိမ်အပြင် လမ်းလျှောက်ရန် အိမ်ရှေ့ရှိ မန်ကျည်းပင်နှစ်ပင်ကို ကြိုးတန်းထားပြီး ကြိုးတန်းကိုင်၍ လမ်းလျှောက်ရသည်။ မျက်စိကွယ်ပြီးနောက်

ခါးပါကိုင်းလာလေသည်။ နောက်ပိုင်း၌ သွားလာမှု သိပ်မလုပ်နိုင်တော့ပေ။ ကောင်းမှုကုသိုလ် – လောကနန္ဒာစေတီအပါအဝင် ဘုရားများကို ထီးတော်များလှူခဲ့သည်။ ရွာထဲက ကလေးများကိုလည်း တစ်လတစ်ကြိမ်

နှစ်ကြိမ် ဆန်ပြုတ်အမြဲ တိုက်ကျွေးသည်။ ဘဝနိဂုံး – မြန်မာသက္ကရာဇ် ၁၃၄၁-ခုနှစ် (၁၉၇၉)ခုနှစ်တွင် ရေချိုးမှား၍ ကျန်းမာရေး မကောင်းရာမှ ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ် ရှိပြီ

ဖြစ်သည်။ သေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။နေထိုင်မကောင်းသော အချိန်၌ နေခဲ့သည့် အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူထားသည်။

ကျောက်တိုင်၏ ဘေးပတ်လည်တစ်ဖက်တစ်ချက်စီတွင် မဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်၊ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ ခရက်ဒစ်