လက္ေဆာင္ေပးဖို႔ဝယ္လာတဲ့ ဒူးရင္းသီး (၆)ေသာင္းဖိုးကို အိမ္ေရာက္မွ ခြဲၾကည့္လိုက္တဲ့အခါ

လက္ေဆာင္ေပးဖို႔ဝယ္လာတဲ့ ဒူးရင္းသီး(၆)ေသာင္းဖိုးကိုအိမ္ေရာက္မွ ခြဲၾကည့္လိုက္တဲ့အခါ။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အျဖစ္ကဒီလိုပါ ကြၽန္ေတာ္တို႔ေမာင္ႏွမေတြ ရန္ကုန္ကိုဘုရားဖူးၿပီး ညေန၃နာရီထြက္ေသာ

ဂ်ပန္ရထားေခၚေသာ ထိုရထားနဲ႔လိုက္ခဲ့ပါသည္။ ပဲခူးဘူတာသို႔ ညေန၆နာရီ၃၀တြင္ ေရာက္ပါသည္။ လိုရင္းကို ခနေနဆက္ပါမည္။ ဘူတာတိုင္းတြင္ ေဈးသည္မ်ားႏွင့္ေဈးဆိုင္မ်ားမရွိေတာ့ပါ။ ဘူတာထဲေဈးမေရာင္းရလို႔ စည္းကမ္းထုတ္ထားတယ္ ထင္သည္ဟုေတြးရင္း

ေဈးသည္ေလးမ်ား ဘာလုပ္စားၾကပါလ္မ့္လို႔ စဥ္းစားၿပီးသနားမိသည္။ သို႔ေသာ္ ဘူတာတိုင္းမွာ သန႔္ရွင္းသြားတာကိုေတာ့ ၾကိဳဆိုပါသည္။ လိုရင္းကိုဆက္ပါမည္ ပဲခူးဘူတာတြင္ ၃မိနစ္ရပ္နားပါသည္၊ ရထားေပၚသို႔

ဒူးရင္းသီးမ်ားေရာင္းေသာ ေဈးသည္မ်ား တက္လာပါသည္။ အလာတုန္းကလဲ အခ်ိန္လုၿပီးလာရပါသျဖင့္ မန္းတေလးမွမိတ္ေဆြမ်ားအတြက္ လက္ေဆာင္မပါသျဖင့္ အေတာ္ပဲဟုစဥ္းစားၿပီး ေဈးႏႈန္းမ်ားကိုေမးၾကည့္ေသာအခါ ၃လုံးတစ္တြဲ အေသးဆိုရင္၄ေထာင္က်ပ္

အႀကီးလုံးဆိုရင္ ၇ေထာင္က်ပ္ဟုေျပာပါသည္။ ေနာက္ဆုံး အႀကီး၃လုံးတစ္တြဲကို ၅ေထာင္က်ပ္ပဲေပးပါဟု ေျပာပါသည္။ မန္းေလးမွာတစ္လုံးကို ၅ေထာင္က်ပ္ေလာက္ရွိတာ တန္လွခ်ည္လားဟု လက္ေဆာင္ေပးခ်င္တဲ့စိတ္ရယ္ ရထားကလည္း၃မိနစ္ျပည့္လို႔

ထြက္ဖို႔ ခရာသံၾကားတာရယ္ေၾကာင့္ ျမန္ျမန္ေလးဝယ္လိုက္ပါသည္။ နံနက္အိမ္ကိုေရာက္ပီး လက္ေဆာင္ေတြလည္း ေပးလိုက္ပါသည္။ အမေတြရဲ႕အိမ္ဘက္ကို ပစၥည္းတခုေမ့က်န္ေန၍ သြားယူေသာအခါ အမမွ မင္းဒူးရင္းသီးေတြ ခြဲၿပီးၿပီလားဟုေမးပါသည္

လက္ေဆာင္ေတာ့ေပးၿပီးၿပီ ကိုယ့္စားဖို႔ေတာ့ ေန႔လည္မွခြဲစားေတာ့မည္ဟု ေျပာေသာအခါ အမကရီပါေတာ့သည္။ ငါ့ေမာင္ေရ မခြဲနဲ႔ေတာ့ အကုန္လႊတ္ပစ္လိုက္ေတာ့ဟု ေျပာပါသည္။ ဘာျဖစ္လို႔လဲဟုေမးေသာအခါ ဒူးရင္းသီးေတြက အခြံႏႊာၿပီးသားေတြကို စားၿပီးသားအေစ့ေတြနဲ႔

ျဖည္လိုက္ေသာအခါ ခြဲစရာမလိုေတာ့ပါ အမေျပာသလို ပုံပါအတိုင္း ျဖစ္သြားပါသည္။ ဒါေၾကာင့္ ကြၽတ္ကြၽတ္အိတ္အထပ္ထပ္ ခ်ည္ထားျခင္းျဖစ္ပါသည္ ကြၽန္ေတာ္တို႔ေမာင္ႏွမ ၆ေသာင္းဖိုး အလိမ္ခံလိုက္ရပါသည္ ေျပာခ်င္တာက ပဲခူးဘူတာေရာက္လွ်င္ ကြၽန္ေတာ္တို႔လိုမခံရေအာင္

ဒူးရင္းသီးမ်ားမဝယ္ၾကဖို႔ ေျပာျပပါရေစ။ ေနာက္ပီးဒီ ကိစၥကို ဘူတာမွာတာဝန္ရွိတာလား ဘူတာမွာေစာင့္ေသာျပင္သူရဲမ်ားမွာလား ခင္ဗ်ာ ေနာက္လူေတြမခံရေအာင္ ေသခ်ာစစ္ေဆးၿပီး အေရးယူသင့္ပါေၾကာင္း တင္ျပအပ္ပါသည္။ မူရင္းပို႔စ္ပိုင္႐ွင္အား ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

လက်ဆောင်ပေးဖို့ဝယ်လာတဲ့ ဒူးရင်းသီး(၆)သောင်းဖိုးကိုအိမ်ရောက်မှ ခွဲကြည့်လိုက်တဲ့အခါ။ အဖြစ်ကဒီလိုပါ ကျွန်တော်တို့မောင်နှမတွေ ရန်ကုန်ကိုဘုရားဖူးပြီး ညနေ၃နာရီထွက်သော

ဂျပန်ရထားခေါ်သော ထိုရထားနဲ့လိုက်ခဲ့ပါသည်။ ပဲခူးဘူတာသို့ ညနေ၆နာရီ၃၀တွင် ရောက်ပါသည်။ လိုရင်းကို ခနနေဆက်ပါမည်။ ဘူတာတိုင်းတွင် ဈေးသည်များနှင့်ဈေးဆိုင်များမရှိတော့ပါ။ ဘူတာထဲဈေးမရောင်းရလို့ စည်းကမ်းထုတ်ထားတယ် ထင်သည်ဟုတွေးရင်း

ဈေးသည်လေးများ ဘာလုပ်စားကြပါလ်မ့်လို့ စဉ်းစားပြီးသနားမိသည်။ သို့သော် ဘူတာတိုင်းမှာ သန့်ရှင်းသွားတာကိုတော့ ကြိုဆိုပါသည်။ လိုရင်းကိုဆက်ပါမည် ပဲခူးဘူတာတွင် ၃မိနစ်ရပ်နားပါသည်၊ ရထားပေါ်သို့

ဒူးရင်းသီးများရောင်းသော ဈေးသည်များ တက်လာပါသည်။ အလာတုန်းကလဲ အချိန်လုပြီးလာရပါသဖြင့် မန်းတလေးမှမိတ်ဆွေများအတွက် လက်ဆောင်မပါသဖြင့် အတော်ပဲဟုစဉ်းစားပြီး ဈေးနှုန်းများကိုမေးကြည့်သောအခါ ၃လုံးတစ်တွဲ အသေးဆိုရင်၄ထောင်ကျပ်

အကြီးလုံးဆိုရင် ၇ထောင်ကျပ်ဟုပြောပါသည်။ နောက်ဆုံး အကြီး၃လုံးတစ်တွဲကို ၅ထောင်ကျပ်ပဲပေးပါဟု ပြောပါသည်။ မန်းလေးမှာတစ်လုံးကို ၅ထောင်ကျပ်လောက်ရှိတာ တန်လှချည်လားဟု လက်ဆောင်ပေးချင်တဲ့စိတ်ရယ် ရထားကလည်း၃မိနစ်ပြည့်လို့

ထွက်ဖို့ ခရာသံကြားတာရယ်ကြောင့် မြန်မြန်လေးဝယ်လိုက်ပါသည်။ နံနက်အိမ်ကိုရောက်ပီး လက်ဆောင်တွေလည်း ပေးလိုက်ပါသည်။ အမတွေရဲ့အိမ်ဘက်ကို ပစ္စည်းတခုမေ့ကျန်နေ၍ သွားယူသောအခါ အမမှ မင်းဒူးရင်းသီးတွေ ခွဲပြီးပြီလားဟုမေးပါသည်

လက်ဆောင်တော့ပေးပြီးပြီ ကိုယ့်စားဖို့တော့ နေ့လည်မှခွဲစားတော့မည်ဟု ပြောသောအခါ အမကရီပါတော့သည်။ ငါ့မောင်ရေ မခွဲနဲ့တော့ အကုန်လွှတ်ပစ်လိုက်တော့ဟု ပြောပါသည်။ ဘာဖြစ်လို့လဲဟုမေးသောအခါ ဒူးရင်းသီးတွေက အခွံနွှာပြီးသားတွေကို စားပြီးသားအစေ့တွေနဲ့

ဖြည်လိုက်သောအခါ ခွဲစရာမလိုတော့ပါ အမပြောသလို ပုံပါအတိုင်း ဖြစ်သွားပါသည်။ ဒါကြောင့် ကျွတ်ကျွတ်အိတ်အထပ်ထပ် ချည်ထားခြင်းဖြစ်ပါသည် ကျွန်တော်တို့မောင်နှမ ၆သောင်းဖိုး အလိမ်ခံလိုက်ရပါသည် ပြောချင်တာက ပဲခူးဘူတာရောက်လျှင် ကျွန်တော်တို့လိုမခံရအောင်

ဒူးရင်းသီးများမဝယ်ကြဖို့ ပြောပြပါရစေ။ နောက်ပီးဒီ ကိစ္စကို ဘူတာမှာတာဝန်ရှိတာလား ဘူတာမှာစောင့်သောပြင်သူရဲများမှာလား ခင်ဗျာ နောက်လူတွေမခံရအောင် သေချာစစ်ဆေးပြီး အရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်။ မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာဖြင့် ခရက်ဒစ်