မိခင္ျဖစ္သူကိုယ္တိုင္က အမွိုက္ပုံမွာပစ္ထားခဲ့တဲ့ (၈) လအ႐ြယ္ သားငယ္ေလးကို ထပ္မံေခၚယူေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

မိခင္ကိုယ္တိုင္က အမွိုက္ပုံမွာပစ္ထားခဲ့တဲ့ (၈) လအ႐ြယ္ သားငယ္ေလးကို ထပ္မံေခၚယူေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ



မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့ အဆင္းေရာ အခ်င္းပါျပည့္စုံသူေလးတစ္ေယာက္အျဖစ္ ပရိသတ္သတ္မွတ္ထားျခင္းခံရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက အႏုပညာလုပ္ငန္းေတြအျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးေဆာင္လုပ္ကိုင္ေနတဲ့ထက္ျမက္တဲ့

မိန္းမသားတစ္ေယာက္အျဖစ္ ရပ္တည္ေနတာမို႔ ပရိသတ္ေတြက မေလးစားပဲနဲ႕ကို မေနနိုင္ပါဘူး။ခိုင္ႏွင္းေဝက လတ္တေလာမွာေတာ့ သူမရဲ႕ ေဂဟာကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ေရာက္လာၾကတဲ့ ကေလးေတြကို ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနရၿပီး ဒီကေန႕မွာလည္း



သူမရဲ႕ ခိုင္မိသားစုေဂဟာကို ေရာက္ရွိလာတဲ့ သားေလးအေၾကာင္းကို ေျပာျပလာပါတယ္။“ကြၽန္မတို႔ “ခိုင္” မိသားစု ရဲ႕ (41)ေယာက္ ေျမာက္ (၈)လသားေလးပါရွင္။အေဖနဲ႕ အေမကြဲၿပီး အေဖ့ဘက္က ေဆြမ်ိဳး မ်ားမွလဲ တာဝန္မယူသလို အေမက ကေလးကို

ျဖစ္ခဲ့ပါတယ္ရွင္…” ဆိုၿပီး ဒီကေန႕ အသစ္ေရာက္ရွိလာတဲ့ သားေလးအေၾကာင္းကို ေျပာလာပါတယ္။ခိုင္ႏွင္းေဝကေတာ့ သူမဆီေရာက္ရွိလာသမွ် ကေလးတိုင္းကို မိခင္ရင္းသဖြယ္ ရင္အုပ္မကြာေစာင့္ေရွာက္ေပးေနသူတစ္ေယာက္ျဖစ္ၿပီး အခုဆိုရင္

ခိုကိုးရာမဲ့ကေလးေပါင္း (၄၁) ေယာက္ထိ ရွိလာခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။



ယူနီကုဒ်ဖြင့် ဖတ်ရန်

မိခင်ကိုယ်တိုင်က အမှိုက်ပုံမှာပစ်ထားခဲ့တဲ့ (၈) လအရွယ် သားငယ်လေးကို ထပ်မံခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ



မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ထက်မြက်တဲ့

မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး ဒီကနေ့မှာလည်း



သူမရဲ့ ခိုင်မိသားစုဂေဟာကို ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောပြလာပါတယ်။“ကျွန်မတို့ “ခိုင်” မိသားစု ရဲ့ (41)ယောက် မြောက် (၈)လသားလေးပါရှင်။အဖေနဲ့ အမေကွဲပြီး အဖေ့ဘက်က ဆွေမျိုး များမှလဲ တာဝန်မယူသလို အမေက ကလေးကို

ဖြစ်ခဲ့ပါတယ်ရှင်…” ဆိုပြီး ဒီကနေ့ အသစ်ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောလာပါတယ်။ခိုင်နှင်းဝေကတော့ သူမဆီရောက်ရှိလာသမျှ ကလေးတိုင်းကို မိခင်ရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူတစ်ယောက်ဖြစ်ပြီး အခုဆိုရင်

ခိုကိုးရာမဲ့ကလေးပေါင်း (၄၁) ယောက်ထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။