ကိုဗစ္ေၾကာင့္ ေရွာင္ဖယ္ခံေနရတဲ့ ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းစားေသာက္ဆိုင္တစ္ခု အခမဲ့ေကြၽး

ထိုင္းမွာ ေ႐ြ႕ေျပာင္းအလုပ္သမားေတြ ေငြေပးၿပီး ဝယ္ယူစားေသာက္ေနတာကိုေတာင္ လက္မခံဘဲ ျငင္းဆန္ခံေနရတဲ့အခ်ိန္ ဗဟိုအထက္ပိုင္းျပည္နယ္တစ္ခုရွိ စားေသာက္ဆိုင္တစ္ခုက အထူးသျဖင့္ ျမန္မာနိုင္ငံက အလုပ္သမားေတြကို အစားအေသာက္



ေတြ အခမဲ့ ေပးေဝေနေၾကာင္း သိရပါတယ္။အဲဒီစားေသာက္ဆိုင္ပိုင္ရွင္ဟာ အပီခ်ိဳင္ ခ်ာလာနန္လို႔ ေခၚၿပီး အူသာယန္ ဆာဝန္ျပည္သူ႕ပန္းၿခံအနီး ေဝါင္ဆာဝန္လမ္းေပၚက ဘြန္ဘြန္နာခြန္ဆာဝန္ စားေသာက္ ဆိုင္လို႔ သိရပါတယ္။အပီခ်ိဳင္းက ကိုဗစ္-၁၉ ေနာက္ဆုံး

ကူးစက္မႈသစ္အၿပီး ထိုင္းနိုင္ငံအတြင္း ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမားေတြဆီက ဗိုင္းရပ္စ္ကူးမွာစိုးရိမ္တဲ့လူေတြ အမ်ားအျပားရွိေနၿပီး ေၾကာက္႐ြံတာေၾကာင့္ ေရွာင္ရွားေနၾကတယ္လို႔ေျပာပါတယ္။ေဈးဆိုင္ေတြကလည္း ေဈးလာဝယ္တဲ့ ျမန္မာလုပ္သားေတြကို



ႏွင္လႊတ္ၿပီး ေရာင္းခ်ဖိဳ႕ ျငင္းဆန္ေနၾကတယ္လို႔ ေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ ေ႐ြ႕ေျပာင္းအလုပ္ သမား အမ်ားအျပားဟာ ေဈးကေန ကုန္ၾကမ္းပစၥည္းေတြ ဝယ္ၿပီး ကိုင္တိုင္ခ်က္ျပဳတ္ စားေသာက္ေနရတယ္လို႔ ဆိုပါတယ္။သူတို႔အေျခအေနကို စာနာမိၿပီး

အစားအေသာက္ အခမဲ့ လာေရာက္ယူေဆာင္နိုင္ေၾကာင္း ဗီနိုင္းေထာင္ၿပီး ေၾကညာထားတယ္လို႔ သိရပါတယ္။တျခားစားေသာက္ဆိုင္ေတြက ဝယ္လို႔မရတာမ်ိဳး ဒါမွမဟုတ္ စားစရာမရွိဘဲ အခက္ေတြ႕ေနတဲ့ ျမန္မာနိုင္ငံသားေတြသာမကဘဲ တျခားနိုင္ငံေတြက

ေ႐ြ႕ေျပာင္းအလုပ္သမားေတြလည္း လာေရာက္ယူေဆာင္နိုင္တယ္လို႔ အပီခ်ိဳင္းက ေျပာပါတယ္။သူရဲ႕ စားေသာက္ဆိုင္ကို ညေန ၅ နာရီကေန သန္းေခါင္အထိ ဖြင့္ထားေၾကာင္း သိရပါတယ္။ ခုလို အခမဲ့ေပးတဲ့အစီအစဥ္ကို အခက္အခဲႀကဳံေတြ႕ေနရတဲ့ ေ႐ြ႕ေျပာင္းအလုပ္သမားေတြက ဝမ္းသာႀကိဳဆိုေနၾကတယ္လို႔ သိရပါတယ္။



ယူနီကုဒ်ဖြင့် ဖတ်ရန်

ထိုင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေ ငွေပေးပြီး ဝယ်ယူစားသောက်နေတာကိုတောင် လက်မခံဘဲ ငြင်းဆန်ခံနေရတဲ့အချိန် ဗဟိုအထက်ပိုင်းပြည်နယ်တစ်ခုရှိ စားသောက်ဆိုင်တစ်ခုက အထူးသဖြင့် မြန်မာနိုင်ငံက အလုပ်သမားတွေကို အစားအသောက်



တွေ အခမဲ့ ပေးဝေနေကြောင်း သိရပါတယ်။အဲဒီစားသောက်ဆိုင်ပိုင်ရှင်ဟာ အပီချိုင် ချာလာနန်လို့ ခေါ်ပြီး အူသာယန် ဆာဝန်ပြည်သူ့ပန်းခြံအနီး ဝေါင်ဆာဝန်လမ်းပေါ်က ဘွန်ဘွန်နာခွန်ဆာဝန် စားသောက် ဆိုင်လို့ သိရပါတယ်။အပီချိုင်းက ကိုဗစ်-၁၉ နောက်ဆုံး

ကူးစက်မှုသစ်အပြီး ထိုင်းနိုင်ငံအတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေဆီက ဗိုင်းရပ်စ်ကူးမှာစိုးရိမ်တဲ့လူတွေ အများအပြားရှိနေပြီး ကြောက်ရွံတာကြောင့် ရှောင်ရှားနေကြတယ်လို့ပြောပါတယ်။ဈေးဆိုင်တွေကလည်း ဈေးလာဝယ်တဲ့ မြန်မာလုပ်သားတွေကို



နှင်လွှတ်ပြီး ရောင်းချဖို့ ငြင်းဆန်နေကြတယ်လို့ ပြောပါတယ်။ ဒီအခြေအနေကြောင့် ရွေ့ပြောင်းအလုပ် သမား အများအပြားဟာ ဈေးကနေ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ပြီး ကိုင်တိုင်ချက်ပြုတ် စားသောက်နေရတယ်လို့ ဆိုပါတယ်။သူတို့အခြေအနေကို စာနာမိပြီး

အစားအသောက် အခမဲ့ လာရောက်ယူဆောင်နိုင်ကြောင်း ဗီနိုင်းထောင်ပြီး ကြေညာထားတယ်လို့ သိရပါတယ်။တခြားစားသောက်ဆိုင်တွေက ဝယ်လို့မရတာမျိုး ဒါမှမဟုတ် စားစရာမရှိဘဲ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသားတွေသာမကဘဲ တခြားနိုင်ငံတွေက

ရွေ့ပြောင်းအလုပ်သမားတွေလည်း လာရောက်ယူဆောင်နိုင်တယ်လို့ အပီချိုင်းက ပြောပါတယ်။သူရဲ့ စားသောက်ဆိုင်ကို ညနေ ၅ နာရီကနေ သန်းခေါင်အထိ ဖွင့်ထားကြောင်း သိရပါတယ်။ ခုလို အခမဲ့ပေးတဲ့အစီအစဉ်ကို အခက်အခဲကြုံတွေ့နေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေက ဝမ်းသာကြိုဆိုနေကြတယ်လို့ သိရပါတယ်။