ပ်ံလြန္ေတာ္မူတာ ႏွစ္တေထာင္ေက်ာ္ရိွေပမယ့္ ဦးေႏွာက္ႏွင့္ အရုိးမ်ား မပ်က္စီးေသးတဲ့ ဘုန္းေတာ္ႀကီး

ပ်ံလြန္ေတာ္မူတာ ႏွစ္တေထာင္ေက်ာ္ရိွေပမယ့္ ဦးေႏွာက္ႏွင့္ အရုိးမ်ား မပ်က္စီးေသးတဲ့ ဘုန္းေတာ္ႀကီး။ ႏွစ္ေပါင္းတေထာင္ေက်ာ္ သက္တမ္းရွိ ဗုဒၶဘာသာဘုန္းေတာ္ႀကီးတပါး၏

မံမီရုပ္ကလာပ္ကုိ (CT Scan) စီတီစက္ ဖတ္ၾကည့္ရာတြင္ အရုိးမ်ားႏွင့္ ဦးေႏွာက္ တစိတ္တပုိင္းဟာ ေကာင္းမြန္ေနဆဲ ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။ တရုတ္ႏုိင္ငံ ေျမာက္ပုိင္း ေဟဘုိင္ျပည္နယ္

ဒင္ဂူေက်ာင္းေတာ္မွာရွိေသာ ဘုန္းေတာ္ႀကီး စီရွန္၏ ရုပ္ကလာပ္ကုိ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ စီရွန္ဘုန္းေတာ္ႀကီးဟာ ေရွးေခတ္ႏွစ္ေပါင္း တေထာင္တည္းက အိႏိၵယႏုိင္ငံမွ တရုတ္ႏုိင္ငံသုိ႔

ဗုဒၶသာသနာ ျပန္႔ပြားေစရန္ သာသနာျပဳ ၾကြလာျခင္း ျဖစ္သည္ဟုဆုိသည္။ စီတီစကန္ (CT Scan)ကို ရိုက္တဲ့အခ်ိန္မွာ ရဟန္းေတာ္မ်ား၊ ၾကည္ညဳိသူမ်ားႏွင့္ မီဒီယာေတြက စာင့္ၾကည့္ခဲ့ၾက

ပါတယ္။ ေဒါက္တာက ဘုန္းေတာ္ႀကီး စီရွန္ဟာ အရုိးဖြဲ႕စည္းပံုေတြ အေကာင္းတုိင္းရွိေသးေၾကာင္း၊ ဦးေႏွာက္တခုဟာလည္း ျပည့္စံုေသးေၾကာင္း ေျပာလုိက္ေတာ့ လူေတြဟာ ထိတ္လန္႔အံ့ၾသ

ခဲ့ၾကသည္။ ေဒါက္တာ ဝုယြန္ကင္က စီတင္စကင္ျပီးေနာက္ “သူ႔ရဲ႕အရုိးေတြဟာ သာမန္လူတေယာက္ ေကာင္းသလုိမ်ဳိး ေကာင္းေနတာကုိ ျမင္ရတယ္။” ဟု ပီးယားဗီဒီယုိမီဒီယာကိုေျပာသည္။

အေပၚပုိင္း ေမးရုိး၊ အေပၚပုိင္း သြားမ်ား၊ နံရုိး၊ ေက်ာရုိးႏွင့္ အရုိးအခ်ိတ္အဆက္မ်ားသည္ အေကာင္းတုိင္းရွိေနသည္ဟုဆုိသည္။ “ဒါဟာ မယံုၾကည္ႏုိင္စရာပါပဲ”ဟု ေျပာသည္။ သမုိင္းမွတ္တမ္းမ်ား

အရ ဘုန္းေတာ္ႀကီး စီရွန္ဟာ အိႏိၵယမွျဖစ္သည္ဟု ဆုိသည္။ ၉၁၆ မွ ၁၁၂၅ ခုႏွစ္ ခုႏွစ္ခန္႔မွာ သူဟာ အိႏိၵယမွ တရုတ္ႏုိင္ငံ ေခတၱန္ဘုရင္အုပ္ခ်ဳပ္ေသာ ေဒသသုိ႔ ဗုဒၶေဒသနာေတာ္မ်ား ေဟာေျပာရန္

ခရီးထြက္ခဲ့သည္။ ယခုတရုတ္ႏုိင္ငံ အေရွ႕ေျမာက္ပုိင္း ကုိရီးယားကၽြန္းဆြယ္ အရပ္ျဖစ္သည္။ သူသည္ အေရးႀကီးေသာ သုတၱန္ေဒသနာေတာ္ ၁၀ ခုခန္႔ကုိ တရုတ္ဘာသာသုိ႔ ျပန္ဆုိခဲ့သည္ဟု

ဆုိသည္။ ေနာက္ပုိင္းမွာေတာ့ ဘုရင္ကုိယ္တုိင္က သူ႔ကုိ ႏုိင္ငံေတာ္ရဲ႕ ဘုန္းႀကီးတပါးအေနျဖင့္ ေခတၱန္ဘုန္းေတာ္ႀကီးဟု ဘြဲ႕မည္ေပးခဲ့သည္။ သူ႔ရဲ႕ ဘာသာျပန္အခ်ဳိ႕ကုိ ေက်ာက္စာမ်ားတြင္

ေရးထုိးခဲ့ၿပီး ယေန႔တုိင္ ေတြ႕ႏုိင္ေပသည္။ ဘုန္းေတာ္ႀကီး ပ်ံေတာ္မူျပီးေနာက္ တပည့္တပန္းမ်ားက သူ၏ ရုပ္ကလာပ္ေတာ္ကုိ မံမီျပဳလုပ္ၿပီး ထိန္းသိမ္းခဲ့ၾကသည္။ သုိ႔ေသာ္ ထုိရုပ္ကလာပ္ေတာ္မွာ

ေနာက္ပုိင္းတြင္ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆံုးေနခဲ့ေသးသည္။ ရုပ္ကလာပ္ေတာ္ကုိ ၁၉၇၀ ခုႏွစ္တြင္ ဂူတခုအတြင္းမွ ျပန္လည္ေတြ႕ရွိခဲ့သည္။ ဒင္ဂူေက်ာင္းေတာ္မွ ဘုန္းေတာ္ႀကီး ဒူက

“ဘုန္းေတာ္ႀကီး စီရွန္ရဲ႕ မံမီရုပ္ကလာပ္ေတာ္ကုိ ၂၀၁၁ ခုႏွစ္ကစၿပီး ယခု ဒင္ဂူေ က်ာင္းေတာ္မွာ ကုိးကြယ္လာခဲ့တယ္” ဟု မိန္႔ၾကားသည္။ ရုပ္ကလာပ္ေတာ္ကုိ ယခုေနရာမွ ရွန္တန္ေတာင္ေပၚရွိ

အေဆာက္အဦးတခုသုိ႔ ေျပာင္းေရႊ႕ရန္ စီစဥ္ေနၾကသည္။ ရုပ္ကလာပ္ေတာ္ကုိ ၂၀၁၇ ခုႏွစ္ကုန္ထိ ဒင္ဂူေက်ာင္းမွာ ေနာက္ဆံုး အပူေဇာ္ခံထားခဲ့တယ္လုိ႔ သိရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပျံလွန်တော်မူတာ နှစ်တထောင်ကျော်ရှိပေမယ့် ဦးနှောက်နှင့် အရိုးများ မပျက်စီးသေးတဲ့ ဘုန်းတော်ကြီး။ နှစ်ပေါင်းတထောင်ကျော် သက်တမ်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး၏

မံမီရုပ်ကလာပ်ကို (CT Scan) စီတီစက် ဖတ်ကြည့်ရာတွင် အရိုးများနှင့် ဦးနှောက် တစိတ်တပိုင်းဟာ ကောင်းမွန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘိုင်ပြည်နယ်

ဒင်ဂူကျောင်းတော်မှာရှိသော ဘုန်းတော်ကြီး စီရှန်၏ ရုပ်ကလာပ်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စီရှန်ဘုန်းတော်ကြီးဟာ ရှေးခေတ်နှစ်ပေါင်း တထောင်တည်းက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့

ဗုဒ္ဓသာသနာ ပြန့်ပွားစေရန် သာသနာပြု ကြွလာခြင်း ဖြစ်သည်ဟုဆိုသည်။ စီတီစကန် (CT Scan)ကို ရိုက်တဲ့အချိန်မှာ ရဟန်းတော်များ၊ ကြည်ညိုသူများနှင့် မီဒီယာတွေက စာင့်ကြည့်ခဲ့ကြ

ပါတယ်။ ဒေါက်တာက ဘုန်းတော်ကြီး စီရှန်ဟာ အရိုးဖွဲ့စည်းပုံတွေ အကောင်းတိုင်းရှိသေးကြောင်း၊ ဦးနှောက်တခုဟာလည်း ပြည့်စုံသေးကြောင်း ပြောလိုက်တော့ လူတွေဟာ ထိတ်လန့်အံ့သြ

ခဲ့ကြသည်။ ဒေါက်တာ ဝုယွန်ကင်က စီတင်စကင်ပြီးနောက် “သူ့ရဲ့အရိုးတွေဟာ သာမန်လူတယောက် ကောင်းသလိုမျိုး ကောင်းနေတာကို မြင်ရတယ်။” ဟု ပီးယားဗီဒီယိုမီဒီယာကိုပြောသည်။

အပေါ်ပိုင်း မေးရိုး၊ အပေါ်ပိုင်း သွားများ၊ နံရိုး၊ ကျောရိုးနှင့် အရိုးအချိတ်အဆက်များသည် အကောင်းတိုင်းရှိနေသည်ဟုဆိုသည်။ “ဒါဟာ မယုံကြည်နိုင်စရာပါပဲ”ဟု ပြောသည်။ သမိုင်းမှတ်တမ်းများ

အရ ဘုန်းတော်ကြီး စီရှန်ဟာ အိန္ဒိယမှဖြစ်သည်ဟု ဆိုသည်။ ၉၁၆ မှ ၁၁၂၅ ခုနှစ် ခုနှစ်ခန့်မှာ သူဟာ အိန္ဒိယမှ တရုတ်နိုင်ငံ ခေတ္တန်ဘုရင်အုပ်ချုပ်သော ဒေသသို့ ဗုဒ္ဓဒေသနာတော်များ ဟောပြောရန်

ခရီးထွက်ခဲ့သည်။ ယခုတရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကိုရီးယားကျွန်းဆွယ် အရပ်ဖြစ်သည်။ သူသည် အရေးကြီးသော သုတ္တန်ဒေသနာတော် ၁၀ ခုခန့်ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည်ဟု

ဆိုသည်။ နောက်ပိုင်းမှာတော့ ဘုရင်ကိုယ်တိုင်က သူ့ကို နိုင်ငံတော်ရဲ့ ဘုန်းကြီးတပါးအနေဖြင့် ခေတ္တန်ဘုန်းတော်ကြီးဟု ဘွဲ့မည်ပေးခဲ့သည်။ သူ့ရဲ့ ဘာသာပြန်အချို့ကို ကျောက်စာများတွင်

ရေးထိုးခဲ့ပြီး ယနေ့တိုင် တွေ့နိုင်ပေသည်။ ဘုန်းတော်ကြီး ပျံတော်မူပြီးနောက် တပည့်တပန်းများက သူ၏ ရုပ်ကလာပ်တော်ကို မံမီပြုလုပ်ပြီး ထိန်းသိမ်းခဲ့ကြသည်။ သို့သော် ထိုရုပ်ကလာပ်တော်မှာ

နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သေးသည်။ ရုပ်ကလာပ်တော်ကို ၁၉၇၀ ခုနှစ်တွင် ဂူတခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။ ဒင်ဂူကျောင်းတော်မှ ဘုန်းတော်ကြီး ဒူက

“ဘုန်းတော်ကြီး စီရှန်ရဲ့ မံမီရုပ်ကလာပ်တော်ကို ၂၀၁၁ ခုနှစ်ကစပြီး ယခု ဒင်ဂူေ ကျာင်းတော်မှာ ကိုးကွယ်လာခဲ့တယ်” ဟု မိန့်ကြားသည်။ ရုပ်ကလာပ်တော်ကို ယခုနေရာမှ ရှန်တန်တောင်ပေါ်ရှိ

အဆောက်အဦးတခုသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြသည်။ ရုပ်ကလာပ်တော်ကို ၂၀၁၇ ခုနှစ်ကုန်ထိ ဒင်ဂူကျောင်းမှာ နောက်ဆုံး အပူဇော်ခံထားခဲ့တယ်လို့ သိရပါတယ်။ ခရက်ဒစ်