ေဂဟာတြင္း ကေလးခ်င္း အႏိုင္က်င့္မႈနဲ႔ ေျပာင္းလဲရေတာ့မယ့္ ျမန္မာျပည္က မိဘမဲ့ေဂဟာမ်ား

ေဂဟာတြင္း ကေလးခ်င္း အႏိုင္က်င့္မႈနဲ႔ ေျပာင္းလဲရေတာ့မယ့္ ျမန္မာျပည္က မိဘမဲ့ေဂဟာမ်ား။ ကေလး ကေလးခ်င္း ကိုက္ၾကတာ။ ဒါေတာင္ Safe Houseမွာ ကေလး ၁၅ ေယာက္ဝန္းက်င္ကို ဝန္ထမ္း ၄ေယာက္၊ ေက်ာင္း

မဖြင့္ခင္ လာကူေပးေနတဲ့သမီးတစ္ေယာက္၊ ေမတၱာနဲ႔ ကူညီေပးေနတဲ့ ေဂဟာမႉးဆရာမႀကီး၊ အဲဒီဆရာမႀကီးရဲ႕ ညီမေတြကလည္း အားရင္အားသလို ဝိုင္းေစာင့္ေရွာက္ေပးေနတာ။ ဟိုတစ္ေလာကလည္း ကေလးတစ္ေယာက္

ေရေႏြးပူေလာင္တယ္(ပို႔စ္တင္ၿပီး) စုေပါင္းေနၾကတာမို႔ တစ္ေယာက္ဖ်ားရင္လည္း အကုန္ဖ်ားတယ္။ တစ္ေယာက္ အနာေပါက္ရင္ အကုန္ကူးတယ္။ တစ္ေယာက္ဝမ္းသြားရင္ ေနာက္ထပ္ ေလးငါးေယာက္ အသာေလးပဲ။

၃ႏွစ္ဝန္းက်င္ကေလးေတြမို႔ စကားနဲ႔ ေသေသခ်ာခ်ာ ရွင္းျပ ေျပာျပလို႔မရ။ လစ္ရင္လစ္သလို အခ်င္းခ်င္း ကုတ္ၾကကိုက္ၾက၊ ခ်ီးပါၿပီး လူးနယ္ၾက။ ကိုဗစ္ကာလမို႔ ျပင္ပ ကိုယ္ဝန္သည္ေတြ လက္မခံႏိုင္ေသးတာမို႔ ဒီကေလးေတြ

ကိုပဲ အျပည့္အဝေစာင့္ၾကည့္ေနတာေတာင္ ပြင့္ပြင့္လင္းလင္း ဝန္ခံရရင္ မႏိုင္ပါ။ အိမ္တစ္အိမ္မွာ ကေလးတစ္ေယာက္ကို လူႀကီး ၅ေယာက္ေလာက္ ဝိုင္းၾကည့္ေနတာေတာင္ မႏိုင္ၾကဘူးမဟုတ္လား။ ကြၽန္ေတာ္

ေလးေလးနက္နက္ေတြးမိတယ္။ ကြၽန္ေတာ္တို႔လို ကေလး ဆယ္ဂဏန္းကို ဝန္ထမ္းအလုံအေလာက္နဲ႔ ဝိုင္းေစာင့္ေရွာက္တဲ့ၾကားက ကေလး ကေလးခ်င္း ရန္ျဖစ္ၾကေသးရင္ ရာနဲ႔ခ်ီတဲ့ မိဘမဲ့ေဂဟာေတြမွာ ကေလး

ကေလးခ်င္း အႏိုင္က်င့္မႈဆိုးဆိုး႐ြား႐ြားရွိေနမွာ မလြဲပါ။ ဒီကိစၥ (ကေလး ကေလးခ်င္း အႏိုင္က်င့္မႈ)ဟာ တကယ္ေၾကာက္စရာေကာင္းပါတယ္ အသိဉာဏ္မရင့္က်က္တဲ့အ႐ြယ္မို႔ ကိုယ္လုပ္လိုက္တာ ဘယ္ေလာက္

ရက္စက္ေၾကာင္း ကေလးေတြမသိပါ။ တျဖည္းျဖည္းနဲ႔ အႏိုင္က်င့္ရတဲ့ အရသာစြဲသြားၿပီး ခံရတဲ့ ကေလးေတြကလည္း သူတို႔ထြက္ေပါက္ အတြက္ သူတို႔အႏိုင္က်င့္လို႔ရမယ့္ ေနာက္ထပ္ကေလး (သားေကာင္)ကို

ရွာၾကေရာ။ ဒီသံသရာၾကားမွာ ကေလးေတြရဲ႕ႏုနယ္တဲ့ ႏွလုံးသားထဲ ရန္လိုတဲ့ အငုံ႔စိတ္႐ိုင္းေတြ ဆင့္ကဲ ဆင့္ကဲေမြးဖြားရွင္သန္သြားတယ္။ ၿပီးေတာ့ ဒီကေလးေတြ အမ်ားစုဟာ မ်ိဳးေစ့မမွန္ပါ။ (ဒီစကားမ်ိဳး ေျပာရတာ

လူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ စိတ္မေကာင္း) ဒါေပမဲ့ အမွန္တရားဟာ လူႀကိဳက္မမ်ားလည္း ေျပာသင့္ တယ္လို႔ ခံယူပါရေစ။ မ်ိဳးေစ့မမွန္လို႔ ပင္မသန္ရတဲ့အတြက္ ကြၽန္ေတာ္တို႔ဟာ သူတို႔ကို ေကြၽးေမြး

ေစာင့္ေရွာက္တာအျပင္ သူတို႔ရဲ႕ ပင္ကိုဗီဇထဲက မေကာင္းတာေတြကိုပါ ေလ့က်င့္ဖယ္ထုတ္ေပးရပါတယ္။ ဒါအေရးႀကီးပါတယ္။ ဒီလိုမွမလုပ္ႏိုင္ရင္ေတာ့ မိဘမဲ့ေဂဟာဆိုတာျပန႔္က်ဲေနတဲ့ အမႈိက္ေတြကို တစ္ေနရာရာမွာ

စုထားလိုက္တဲ့ အမႈိက္ပုံႀကီးပါပဲ။ ရာနဲ႔ခ်ီ ကေလးေတြ ေစာင့္ေရွာက္ထားတဲ့ မိဘမဲ့ ေဂဟာတိုင္းမွာ ဒီျပႆနာ ရွိေနတယ္လို႔ ကြၽန္ေတာ္ မစြပ္စြဲ စြပ္စြဲဖို႔လည္း မသင့္ ႏိုင္ႏိုင္နင္းနင္း အုပ္ခ်ဳပ္ႏိုင္တဲ့ ေနရာမ်ိဳး ရွိပါတယ္။ ဒါေပမဲ့

အမ်ားစုကေတာ့ မႏိုင္ဝန္ကို ထမ္းေနေၾကာင္း က်ိန္းေသေျပာန္ိုင္ပါတယ္။ တစ္ခ်ိဳ႕ ေလး ငါးရာ ဝန္းက်င္အထိ မိဘမဲ့ ကေလးေတြကို ေစာင့္ေရွာက္ထားရတယ္။ တာဝန္ႀကီးလွပါတယ္။ စည္းကမ္းတက်မရွိတဲ့အျပင္

လူမ်ားတဲ့ မိဘမဲ့ေဂဟာေတြမွာ ကေလး ကေလးခ်င္း အႏိုင္က်င့္မႈေတြအျပင္ ကေလးခ်င္း ထိပါးေစာ္ကားတာေတြပါ ဘယ္ေလာက္မ်ားရွိေနမလဲ ေတြးမိရင္း သက္ျပင္းခ်မိတယ္။ ဒီအတြက္ အေကာင္းဆုံး အေျဖကေမြးစားဖို႔

ေပးလိုက္ျခင္းပါပဲ။ ကေလးမရလို႔ အ႐ူးတစ္ပိုင္းျဖစ္ေနတဲ့ ျပည့္စုံေသာ မိခင္ ဖခင္ေလာင္းေတြ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ဒုနဲ႔ေဒး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ကေလးေမြးစားဖို႔ ဥပေဒဟာ အင္မတန္ အဆင့္

မ်ားၿပီး ခက္ခဲတယ္။ (ခက္ခဲလြန္းလွပါတယ္) ျပင္ပမွာ လူအခ်င္းခ်င္း ကေလးတစ္ေယာက္စ ႏွစ္ေယာက္စကို ေမြးစားဖို႔ စီစဥ္တာက အဆင္ေျပေပမယ့္ ေဂဟာအေနနဲ႔ ကေလးေပါင္းမ်ားစြာကို လူေပါင္းမ်ားစြာဆီ ေမြးစားခြင့္

ျပဳဖို႔ရာက ဥပေဒအကူအညီ မရရင္ မလြယ္ပါ။ လြယ္ကူရွင္းလင္းၿပီး ထင္သာ ျမင္သာရွိတဲ့ “ကေလးေမြးစားျခင္း” ဥပေဒကို မေဖာ္ထုတ္ႏိုင္ေသးသေ႐ြ႕ မိဘမဲ့ေဂဟာေတြက သိန္းနဲ႔ခ်ီေသာ ကေလးေပါင္းမ်ားစြာရဲ႕

အနာဂတ္ဟာလည္း ေမွာင္မဲေနအုံးမွာပါပဲ။ ကေလးေကာင္းမွ လူႀကီးေကာင္းမွာ။ လူႀကီးေကာင္းေတြမ်ားမွ တိုင္းျပည္ေကာင္းမွာဆိုတဲ့ စကားကို စဥ္းစားဆင္ျခင္ရင္း မိဘမဲ့ေဂဟာေတြဆိုတာ မိဘမဲ့ကေလးေတြ မ်ားမ်ား

လက္ခံဖို႔ဆိုတဲ့ ေလာ့ဂ်စ္ အစား မိဘမဲ့ေဂဟာေတြဆိုတာ မိဘမဲ့ကေလးေတြ ေလ်ာ့နည္းသြားေစဖို႔ဆိုတဲ့ ဓေလ့ဆီကို ရည္႐ြယ္ရမွာ ျဖစ္ေၾကာင္း စဥ္းစားဆင္ျခင္ရင္း။ ခရက္ဒစ္ ကိုစိုးထိုက္(ဖဒို)

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဂေဟာတွင်း ကလေးချင်း အနိုင်ကျင့်မှုနဲ့ ပြောင်းလဲရတော့မယ့် မြန်မာပြည်က မိဘမဲ့ဂေဟာများ။ ကလေး ကလေးချင်း ကိုက်ကြတာ။ ဒါတောင် Safe Houseမှာ ကလေး ၁၅ ယောက်ဝန်းကျင်ကို ဝန်ထမ်း ၄ယောက်၊ ကျောင်း

မဖွင့်ခင် လာကူပေးနေတဲ့သမီးတစ်ယောက်၊ မေတ္တာနဲ့ ကူညီပေးနေတဲ့ ဂေဟာမှူးဆရာမကြီး၊ အဲဒီဆရာမကြီးရဲ့ ညီမတွေကလည်း အားရင်အားသလို ဝိုင်းစောင့်ရှောက်ပေးနေတာ။ ဟိုတစ်လောကလည်း ကလေးတစ်ယောက်

ရေနွေးပူလောင်တယ်(ပို့စ်တင်ပြီး) စုပေါင်းနေကြတာမို့ တစ်ယောက်ဖျားရင်လည်း အကုန်ဖျားတယ်။ တစ်ယောက် အနာပေါက်ရင် အကုန်ကူးတယ်။ တစ်ယောက်ဝမ်းသွားရင် နောက်ထပ် လေးငါးယောက် အသာလေးပဲ။

၃နှစ်ဝန်းကျင်ကလေးတွေမို့ စကားနဲ့ သေသေချာချာ ရှင်းပြ ပြောပြလို့မရ။ လစ်ရင်လစ်သလို အချင်းချင်း ကုတ်ကြကိုက်ကြ၊ ချီးပါပြီး လူးနယ်ကြ။ ကိုဗစ်ကာလမို့ ပြင်ပ ကိုယ်ဝန်သည်တွေ လက်မခံနိုင်သေးတာမို့ ဒီကလေးတွေ

ကိုပဲ အပြည့်အဝစောင့်ကြည့်နေတာတောင် ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် မနိုင်ပါ။ အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်ကို လူကြီး ၅ယောက်လောက် ဝိုင်းကြည့်နေတာတောင် မနိုင်ကြဘူးမဟုတ်လား။ ကျွန်တော်

လေးလေးနက်နက်တွေးမိတယ်။ ကျွန်တော်တို့လို ကလေး ဆယ်ဂဏန်းကို ဝန်ထမ်းအလုံအလောက်နဲ့ ဝိုင်းစောင့်ရှောက်တဲ့ကြားက ကလေး ကလေးချင်း ရန်ဖြစ်ကြသေးရင် ရာနဲ့ချီတဲ့ မိဘမဲ့ဂေဟာတွေမှာ ကလေး

ကလေးချင်း အနိုင်ကျင့်မှုဆိုးဆိုးရွားရွားရှိနေမှာ မလွဲပါ။ ဒီကိစ္စ (ကလေး ကလေးချင်း အနိုင်ကျင့်မှု)ဟာ တကယ်ကြောက်စရာကောင်းပါတယ် အသိဉာဏ်မရင့်ကျက်တဲ့အရွယ်မို့ ကိုယ်လုပ်လိုက်တာ ဘယ်လောက်

ရက်စက်ကြောင်း ကလေးတွေမသိပါ။ တဖြည်းဖြည်းနဲ့ အနိုင်ကျင့်ရတဲ့ အရသာစွဲသွားပြီး ခံရတဲ့ ကလေးတွေကလည်း သူတို့ထွက်ပေါက် အတွက် သူတို့အနိုင်ကျင့်လို့ရမယ့် နောက်ထပ်ကလေး (သားကောင်)ကို

ရှာကြရော။ ဒီသံသရာကြားမှာ ကလေးတွေရဲ့နုနယ်တဲ့ နှလုံးသားထဲ ရန်လိုတဲ့ အငုံ့စိတ်ရိုင်းတွေ ဆင့်ကဲ ဆင့်ကဲမွေးဖွားရှင်သန်သွားတယ်။ ပြီးတော့ ဒီကလေးတွေ အများစုဟာ မျိုးစေ့မမှန်ပါ။ (ဒီစကားမျိုး ပြောရတာ

လူတစ်ယောက်အနေနဲ့ ကျွန်တော် စိတ်မကောင်း) ဒါပေမဲ့ အမှန်တရားဟာ လူကြိုက်မများလည်း ပြောသင့် တယ်လို့ ခံယူပါရစေ။ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့အတွက် ကျွန်တော်တို့ဟာ သူတို့ကို ကျွေးမွေး

စောင့်ရှောက်တာအပြင် သူတို့ရဲ့ ပင်ကိုဗီဇထဲက မကောင်းတာတွေကိုပါ လေ့ကျင့်ဖယ်ထုတ်ပေးရပါတယ်။ ဒါအရေးကြီးပါတယ်။ ဒီလိုမှမလုပ်နိုင်ရင်တော့ မိဘမဲ့ဂေဟာဆိုတာပြန့်ကျဲနေတဲ့ အမှိုက်တွေကို တစ်နေရာရာမှာ

စုထားလိုက်တဲ့ အမှိုက်ပုံကြီးပါပဲ။ ရာနဲ့ချီ ကလေးတွေ စောင့်ရှောက်ထားတဲ့ မိဘမဲ့ ဂေဟာတိုင်းမှာ ဒီပြဿနာ ရှိနေတယ်လို့ ကျွန်တော် မစွပ်စွဲ စွပ်စွဲဖို့လည်း မသင့် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တဲ့ နေရာမျိုး ရှိပါတယ်။ ဒါပေမဲ့

အများစုကတော့ မနိုင်ဝန်ကို ထမ်းနေကြောင်း ကျိန်းသေပြောနိုင်ပါတယ်။ တစ်ချို့ လေး ငါးရာ ဝန်းကျင်အထိ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားရတယ်။ တာဝန်ကြီးလှပါတယ်။ စည်းကမ်းတကျမရှိတဲ့အပြင်

လူများတဲ့ မိဘမဲ့ဂေဟာတွေမှာ ကလေး ကလေးချင်း အနိုင်ကျင့်မှုတွေအပြင် ကလေးချင်း ထိပါးစော်ကားတာတွေပါ ဘယ်လောက်များရှိနေမလဲ တွေးမိရင်း သက်ပြင်းချမိတယ်။ ဒီအတွက် အကောင်းဆုံး အဖြေကမွေးစားဖို့

ပေးလိုက်ခြင်းပါပဲ။ ကလေးမရလို့ အရူးတစ်ပိုင်းဖြစ်နေတဲ့ ပြည့်စုံသော မိခင် ဖခင်လောင်းတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ကလေးမွေးစားဖို့ ဥပဒေဟာ အင်မတန် အဆင့်

များပြီး ခက်ခဲတယ်။ (ခက်ခဲလွန်းလှပါတယ်) ပြင်ပမှာ လူအချင်းချင်း ကလေးတစ်ယောက်စ နှစ်ယောက်စကို မွေးစားဖို့ စီစဉ်တာက အဆင်ပြေပေမယ့် ဂေဟာအနေနဲ့ ကလေးပေါင်းများစွာကို လူပေါင်းများစွာဆီ မွေးစားခွင့်

ပြုဖို့ရာက ဥပဒေအကူအညီ မရရင် မလွယ်ပါ။ လွယ်ကူရှင်းလင်းပြီး ထင်သာ မြင်သာရှိတဲ့ “ကလေးမွေးစားခြင်း” ဥပဒေကို မဖော်ထုတ်နိုင်သေးသရွေ့ မိဘမဲ့ဂေဟာတွေက သိန်းနဲ့ချီသော ကလေးပေါင်းများစွာရဲ့

အနာဂတ်ဟာလည်း မှောင်မဲနေအုံးမှာပါပဲ။ ကလေးကောင်းမှ လူကြီးကောင်းမှာ။ လူကြီးကောင်းတွေများမှ တိုင်းပြည်ကောင်းမှာဆိုတဲ့ စကားကို စဉ်းစားဆင်ခြင်ရင်း မိဘမဲ့ဂေဟာတွေဆိုတာ မိဘမဲ့ကလေးတွေ များများ

လက်ခံဖို့ဆိုတဲ့ လော့ဂျစ် အစား မိဘမဲ့ဂေဟာတွေဆိုတာ မိဘမဲ့ကလေးတွေ လျော့နည်းသွားစေဖို့ဆိုတဲ့ ဓလေ့ဆီကို ရည်ရွယ်ရမှာ ဖြစ်ကြောင်း စဉ်းစားဆင်ခြင်ရင်း။ ခရက်ဒစ် ကိုစိုးထိုက်(ဖဒို)