ျဖိဳးမင္းသိန္းဆိုတာ ဘယ္လိုလူမ်ိဳးလဲ ႏိုင္ငံအတြက္ ဘယ္လိုဒုကၡခံခဲ့လဲ

ျဖိဳးမင္းသိန္းဆိုတာ ဘယ္လိုလူမ်ိဳးလဲ ႏိုင္ငံအတြက္ ဘယ္လို ဒုကၡခံခဲ့လဲ။ အခု လႊတ္ေတာ္မွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို ျဖဳတ္ခ်ဖို႔ လုပ္ေနၾကပါၿပီ။ အဲ့ေတာ့ အဲ့ဒီလူေတြကို ဦးၿဖိဳးမင္းသိန္းနဲ႔

ပတ္သက္လို႔ ဒါေတြ သိလား ေမးခ်င္တယ္။ ၁၉၉၀ ခုႏွစ္ႏွစ္ကုန္ပိုင္းေလာက္မွာ တိုက္ႀကီးၿမိဳ႕နယ္အတြင္းက ခရီးသည္တင္ယာဥ္ကားေပၚမွာ ေထာက္လွမ္းေရးေတြ ဖမ္းလိုက္တဲ့ အေၾကာက္တရားကင္းမဲ့တဲ့

အသက္ ၁၈ႏွစ္အ႐ြယ္ လူငယ္တစ္ဦးက ေနာင္တစ္ခ်ိန္မွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ျဖစ္လာမဲ့ ဦးၿဖိဳးမင္းသိန္း ျဖစ္တယ္။ ျဖစ္တယ္။ ၁၉၉၁ ခုႏွစ္ ဇန္ဝါရီလမွာ စစ္ခုံ႐ုံးက ျပစ္ဒဏ္ေပးလိုက္တဲ့အတြက္ အင္းစိန္

ေထာင္ထဲမွာ ျဖတ္သန္းေနရင္း ၁၉၉၅ ခုႏွစ္မွာ သတင္းစာဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္နဲ႔အတူ အင္းစိန္ေထာင္တြင္းမွာ လူ႔ငရဲဆိုတဲ့ စာေဆာင္ထုတ္ခဲ့ပါတယ္။ အဲ့ဒီလုပ္ရပ္ေပၚမွာ ေထာင္ဝန္ထမ္းေတြရဲ႕

ညႇင္းပန္းႏွိပ္စက္မႈေတြကို ခံရတဲ့ၾကားထဲက ဦးၿဖိဳးမင္းသိန္းဟာ ကုလသမဂၢကို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈနဲ႔ ပက္သက္တဲ့ အစီရင္ခံစာေတြ ပို႔ခဲ့တဲ့အျပင္ ေၾကညာခ်က္ေတြလည္း ထုတ္ခဲ့တယ္။

ဦးၿဖိဳးမင္းသိန္းဟာ ယုံၾကည္ခ်က္အတြက္ ေခါင္းမာတဲ့ ေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အေမြကို ပိုင္ဆိုင္ထားခဲ့တာပါ။ ဘယ္ေလာက္ညႇင္းပန္းႏွိပ္စက္ ႏွိပ္စက္ရင္ထဲက သမဂၢစိတ္ဓါတ္ကို လုံးဝလက္မလႊတ္

ခဲ့ပါဘူး။ ေထာင္ပုံစံ အက်ီ ေပၤၚမွာ လက္မွတ္ေတြေရးထိုးၿပီး လူ႔အခြင့္အေရး ညီလာခံကို ထပ္ေပးပို႔ခဲ့ျပန္တယ္။ ေထာင္ထဲမွာေထာက္လွမ္းေရးေတြ မ်က္စိေထာင့္ေထာက္ ၾကည့္ေနတဲ့ၾကားက ဦးၿဖိဳးမင္းသိန္းဟာ

အဲ့ဒီလို ရဲရဲေတာက္ လႈပ္ရွားခဲ့ပါတယ္။ အဲ့ဒီလို လႈပ္ရွားမႈေတြအတြက္ ပုဒ္မ ၅။(င)နဲ႔ေထာင္ထပ္ခ်ၿပီး အင္းစိန္ေထာင္ကေန ေတာင္ငူေထာင္ကို ပို႔လိုက္ပါတယ္။ ၂၀၀၀ ခုႏွစ္မွာ ေထာင္ဆူပူေအာင္

ဖန္တီးပါတယ္ဆိုၿပီး လြတ္ရက္ေစ့ခါနီး ပုဒ္မ ။၅ (ဃ)နဲ႔ ၅ ႏွစ္ထပ္ခ်ၿပီး ေျမာင္းျမေထာင္ကိုပို႔လိုက္ပါတယ္။ စစ္အစိုးရရဲ႕ မတရားယုတ္မာမႈေတြကို ေခါင္းငုံ႔မခံဘဲ ေနာက္ဆုံးတစ္ေယာက္တည္းရွိတဲ့

အခ်ိန္အထိ ျပည္သူေတြအတြက္ ေထာင္နံရံေတြၾကား တိုက္ပြဲဝင္ခဲ့တဲ့ သူ။ ေ႐ႊေတာင္ၾကားရပ္ကြက္မွာ အိမ္ပိုင္ရွိရဲ႕နဲ႔ ဒီမိုကေရစီအတြက္ ေထာင္နံရံၾကား ၁၅ ႏွစ္ေက်ာ္လုံးလုံး ဆန္ၾကမ္းထမင္း

သြားစားခဲ့တဲ့သူ။ စစ္အစိုးရေအာက္က နင္းျပားျပည္သူ႔ဘဝ လြတ္ေျမာက္ဖို႔အတြက္ ဒုတိယႏွစ္ တကၠသိုလ္ ေက်ာင္းသားဘဝကိုစြန္႔လႊတ္ၿပီး ဗိုလ္တေထာင္ တကၠသိုလ္အစား အင္းစိန္ေထာင္ကိုေ႐ြးခဲ့တဲ့သူ။

အခုသူ ရန္ကုန္ခံတပ္ေပၚမွာ မတ္မတ္ရပ္ေနတယ္။ အဲ့ဒီေတာ့ အခု ကြီးၿဖိဳးကို ျဖဳတ္ခ်ဖို႔ လုပ္ေနတဲ့ သူေတြကို မ်က္ႏွာခ်င္းဆိုင္ၿပီး ေမးခ်င္တယ္။သမိုင္းစာမ်က္ႏွာေတြကို တစ္႐ြက္ခ်င္းၿပိဳင္လွန္မလားလို႔။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဖြိုးမင်းသိန်းဆိုတာ ဘယ်လိုလူမျိုးလဲ နိုင်ငံအတွက် ဘယ်လို ဒုက္ခခံခဲ့လဲ။ အခု လွှတ်တော်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖြုတ်ချဖို့ လုပ်နေကြပါပြီ။ အဲ့တော့ အဲ့ဒီလူတွေကို ဦးဖြိုးမင်းသိန်းနဲ့

ပတ်သက်လို့ ဒါတွေ သိလား မေးချင်တယ်။ ၁၉၉၀ ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာ တိုက်ကြီးမြို့နယ်အတွင်းက ခရီးသည်တင်ယာဉ်ကားပေါ်မှာ ထောက်လှမ်းရေးတွေ ဖမ်းလိုက်တဲ့ အကြောက်တရားကင်းမဲ့တဲ့

အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦးက နောင်တစ်ချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမဲ့ ဦးဖြိုးမင်းသိန်း ဖြစ်တယ်။ ဖြစ်တယ်။ ၁၉၉၁ ခုနှစ် ဇန်ဝါရီလမှာ စစ်ခုံရုံးက ပြစ်ဒဏ်ပေးလိုက်တဲ့အတွက် အင်းစိန်

ထောင်ထဲမှာ ဖြတ်သန်းနေရင်း ၁၉၉၅ ခုနှစ်မှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့အတူ အင်းစိန်ထောင်တွင်းမှာ လူ့ငရဲဆိုတဲ့ စာဆောင်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်ပေါ်မှာ ထောင်ဝန်ထမ်းတွေရဲ့

ညှင်းပန်းနှိပ်စက်မှုတွေကို ခံရတဲ့ကြားထဲက ဦးဖြိုးမင်းသိန်းဟာ ကုလသမဂ္ဂကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေ ပို့ခဲ့တဲ့အပြင် ကြေညာချက်တွေလည်း ထုတ်ခဲ့တယ်။

ဦးဖြိုးမင်းသိန်းဟာ ယုံကြည်ချက်အတွက် ခေါင်းမာတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမွေကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဘယ်လောက်ညှင်းပန်းနှိပ်စက် နှိပ်စက်ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကို လုံးဝလက်မလွှတ်

ခဲ့ပါဘူး။ ထောင်ပုံစံ အကျီ င်္ပေါ်မှာ လက်မှတ်တွေရေးထိုးပြီး လူ့အခွင့်အရေး ညီလာခံကို ထပ်ပေးပို့ခဲ့ပြန်တယ်။ ထောင်ထဲမှာထောက်လှမ်းရေးတွေ မျက်စိထောင့်ထောက် ကြည့်နေတဲ့ကြားက ဦးဖြိုးမင်းသိန်းဟာ

အဲ့ဒီလို ရဲရဲတောက် လှုပ်ရှားခဲ့ပါတယ်။ အဲ့ဒီလို လှုပ်ရှားမှုတွေအတွက် ပုဒ်မ ၅။(င)နဲ့ထောင်ထပ်ချပြီး အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပို့လိုက်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ထောင်ဆူပူအောင်

ဖန်တီးပါတယ်ဆိုပြီး လွတ်ရက်စေ့ခါနီး ပုဒ်မ ။၅ (ဃ)နဲ့ ၅ နှစ်ထပ်ချပြီး မြောင်းမြထောင်ကိုပို့လိုက်ပါတယ်။ စစ်အစိုးရရဲ့ မတရားယုတ်မာမှုတွေကို ခေါင်းငုံ့မခံဘဲ နောက်ဆုံးတစ်ယောက်တည်းရှိတဲ့

အချိန်အထိ ပြည်သူတွေအတွက် ထောင်နံရံတွေကြား တိုက်ပွဲဝင်ခဲ့တဲ့ သူ။ ရွှေတောင်ကြားရပ်ကွက်မှာ အိမ်ပိုင်ရှိရဲ့နဲ့ ဒီမိုကရေစီအတွက် ထောင်နံရံကြား ၁၅ နှစ်ကျော်လုံးလုံး ဆန်ကြမ်းထမင်း

သွားစားခဲ့တဲ့သူ။ စစ်အစိုးရအောက်က နင်းပြားပြည်သူ့ဘဝ လွတ်မြောက်ဖို့အတွက် ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားဘဝကိုစွန့်လွှတ်ပြီး ဗိုလ်တထောင် တက္ကသိုလ်အစား အင်းစိန်ထောင်ကိုရွေးခဲ့တဲ့သူ။

အခုသူ ရန်ကုန်ခံတပ်ပေါ်မှာ မတ်မတ်ရပ်နေတယ်။ အဲ့ဒီတော့ အခု ကွီးဖြိုးကို ဖြုတ်ချဖို့ လုပ်နေတဲ့ သူတွေကို မျက်နှာချင်းဆိုင်ပြီး မေးချင်တယ်။သမိုင်းစာမျက်နှာတွေကို တစ်ရွက်ချင်းပြိုင်လှန်မလားလို့။ ခရက်ဒစ်