ယူနီကုဒ်ဖြင့် ဖတ်ရန်
မော်တော်ဆိုင်ကယ် ရှေ့မီးအနိမ့်ကို ဘာကြောင့်နေ့/ည အချိန်တိုင်း ဖွင့်မောင်း‌စေတာလဲ။ မေးကြတဲ့သူတွေကလည်းအများကြီး ဖြေလဲဖြေချင်တယ် သဘောမကျလို့ဆဲကြမှာလည်း
စိုးတယ်။ ဒါပေမဲ့လည်း သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ အကျိုးအကြောင်းလေးတော့ နားလည်စေချင်တဲ့သဘောနဲ့ ပြောပြချင်ပါတယ်။ မော်တော်ဆိုင်ကယ်ရှေ့မီး
အနိမ့်အား ဘာကြောင့်နေ့/ညအချိန်တိုင်း ဖွင့်မောင်း‌စေတာလဲဆိုရင်။ ဆိုင်ကယ်မောင်းလာတာကို တစ်ခါတရံ မမြင်ရတာမျိုးဖြစ်တက်ပါတယ်။ ဆိုင်ကယ်က ဘောင်ကျဉ်းတော့ မထင်မှတ်တဲ့
အခါမျိုးမှာ မမြင်လိုက်ရတာမျိုးပါ။ မီးဖွင့်မောင်းလာရင် အဝေးကလာနေတာမျိုးလဲမြင်ရတယ်။ မီးဖွင့်မောင်းလာတာမို့ ဆိုင်ကယ်ကို မမြင်နိုင်သည့်တိုင်အောင် မီးရောင်ကိုတော့
မြင်နိုင်ပါတယ်။ ကားမောင်းတဲ့သူတွေ အထူးသဖြင့် ကုန်ကားလိုမျိုး ကားကြီးမောင်းသူတွေအတွက် ကားရဲ့ ဘက်မှန်ကနေ မမြင်ရတဲ့ဆိုင်ကယ်တွေ မျက်ကွယ်အနေအထားရောက်
နေတဲ့ ဆိုင်ကယ်တွေဟာ မီးဖွင့်မောင်းလာခဲ့ရင်တော့ မီးရောင်ကို ဘက်မှန်ကနေမြင်နိုင်ပြီး ယာဉ်အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနိုင်လို့ပါ။ အခုလိုရှင်းပြသည့် မီးဖွင့်မောင်းစေသည့်
အကြောင်းကို မိတ်ဆွေများအနေဖြင့် လက်ခံသူရှိသလို သဘောမကျသူတွေလဲ ရှိပါလိမ့်မယ် ဘက်ထရီလိုမျိုး ပြသနာတက်နိုင်တဲ့ အကြောင်းအရာတွေလဲရှိပါလိမ့်မယ် ကျွန်တော်လဲ
သိရှိနားလည်ပါတယ် ဘယ်လိုပဲဆိုဆို ငါတို့ကို သိစေချင်လို့ ပြောပြတာပါလားလို့‌တော့ တွေးပေးကြပါ မိတ်ဆွေများခင်ဗျာ။ သေချာတာတစ်ခုကတော့ မော်တော်ဆိုင်ကယ် ရှေ့မီး
အနိမ့် အချိန်တိုင်း ဖွင့်မောင်း‌ခြင်းအားဖြင့် ကိုယ့်အတွက် (Safe) ဘေးကင်းသလို သူများကိုလည်း ကူညီရာ ရောက်ပါတယ်။ ခရက်ဒစ် ဒုရဲအုပ်ဌေးလွင် (ခ) နေမျိုးသူရ။