လင္​မယားႏွစ္ေယာက္ကို လစာ​ ၅ သိန္းေပးျပီး ေနစရာ၊ စားစရာေတြအျပင္ ​ေဘာက္​ဆူးအျဖစ္​ ပိုက္​ဆံ ၁၅သိန္​း​ပါေပးလိုက္တဲ့အခါ

လင္​မယားစုံတြဲ တစ္​တြဲဟာ အဖိုးအို တစ္​​ေယာက္​ဆီမွာ အလုပ္​လုပ္​ၾကပါတယ္​။ အဖိုးအိုက အဲ့လင္​မယားကို တစ္​​ေယာက္​ ၂သိန္​းခြဲ ဆီလစာ​ေပးထားၿပီး ၂​ေယာက္​​ေပါင္​း ၅ သိန္​း မွန္​မွန္​​ေပးပါတယ္​။ ေနစရာလည္​း​

ေပးတယ္​ ဆန္​တစ္​အိတ္​ ဆီ၁ပုံးနဲ႔ ငါး​ေျခာက္​​ေတြဘာ​ေတြပါ​ ေထာက္​ပံ့ေပးၿပီးစရိတ္​ၿငိမ္​း ထား​ေပးတာပါ။ သူတို႔လင္​မယားႏွစ္​​ေယာက္​ရဲ့ တာဝန္​က တစ္​ရက္​ကို ၂ခါ မနက္​တစ္​​ေခါက္​ ည​ေနတစ္​​ေခါက္​ အဘိုးႀကီးရဲ့ငါးကန္​

ထဲက ငါး​ေတြကို ငါးစာ​ေကၽြး​ေပးယုံပါပဲ။ အဲ့အလုပ္​ၿပီးတာနဲ႔ သူတို႔လင္​မယား စုံတြဲ လုပ္​ခ်င္​ရာလုပ္​လို႔ရပါတယ္​။ သူတို႔အ​ေနနဲ႔ ဘာမွလုပ္​စရာ မလိုပါဘူး။ သူတို႔​ေနတဲ့ၿခံ​ ေပါင္​း​ေတြျမက္​​ေတြ ထူလာရင္​ နဲနဲပါးပါး ရွင္​းယုံက

လြဲလို႔​ေပါ့။ အဖိုးႀကီးက သူ႔အလုပ္​သမား​ေတြကို ဘာလုပ္​ရမယ္​ ဘယ္​လို​ေနရမယ္​လို႔ မသတ္​မွတ္​ထားပါဘူး။ သူကိုယ္​တိုင္​လည္​း တစ္​လေနမွ ၂​ေခါက္​ ၃ ​ေခါက္​​ေလာက္​ပဲၿခံထဲကို လာတတ္​တာပါ။ အဲ့တာကလည္​း ငါးစာ

လာပို႔တဲ့အခါ ရိကၡာနဲ႔လစာ လာထုတ္​​ေပးတဲ့အခါေတြမွသာ​ေရာက္​လာတတ္​တာပါ။ ဒီလိုနဲ႔ ၂ ႏွစ္​ေက်ာ္​ၾကာလာ​ေတာ့ အဖိုးႀကီး ဟာ ငါး​ကန္​ထဲကငါး​ေတြထုတ္​​ေရာင္​းပါတယ္​။ အဖိုးအိုဟာ ငါး​ေတြေရာင္​းလို႔ရတာ

အျမတ္​ သိန္​း ၃၀၀ေလာက္​ ရလိုက္​ပါတယ္​။ သူဟာ သူ႔အလုပ္​သမား လင္​မယား၂ ​ေယာက္​ကို ​ေဘာက္​ဆူးအျဖစ္​ ပိုက္​ဆံ ၁၅သိန္​း ​ေပးပါတယ္​။ ၿပီး​ေတာ့ သူတို႔လင္​မယားကို ​ေမြးရပ္​​ေၿမနဲ႔ ​ေဆြမ်ိဳး​ေတြဆီ

အလည္​သြားလို႔ရ​ေအာင္​ နားရက္​ ခြင္​့ရက္​ရွည္ ၁လ ​ေလာက္​​ေပးလိုက္​ပါတယ္​။ ဒီအျပင္​လမ္​းစရိတ္​လည္​း ထပ္​ထုတ္​​ေပးလိုက္​ပါ​ေသးတယ္​။ ဒီအ​ေၾကာင္​း​ေတြကို အဖိုးႀကီးရဲ႕ဇနီး အဖြားႀကီးကသိသြား​ေတာ့

အဖိုးႀကီးကိုဆူပါ​ေရာ။ ဘာလို႔ သူ႔ကိုမတိုင္​ပင္​ရတာလည္​း ဘာ​ေၾကာင္​့အလုပ္သမား​ေတြကို အဲ့​ေလာက္​အခြင္​့အ​ေရး​ေတြ​ေပးရက္​​ေရာရတာလည္​း စရိတ္​ၿငိမ္​းလည္​း ​ေနစရာ​ေပးထား တင္​​ေကၽြးထားတယ္​။ လစာလည္​း​

ေလာက္​ငွ​ေအာင္​​ေပးထားတယ္​။ ဒီဲၾကားထဲ ​ေဘာက္​ဆူးက ၁၅ သိန္​းေတာင္​​ေပးစရာလား။ လမ္​းစရိတ္​ကပါ ထပ္​ထုတ္​​ေပးလိုက္​​ေသးတယ္​ဆို​ေတာ့ ရွင္​ ဥ​ီး​ေႏွာက္​​ေတြ​ေခ်ာင္​ကုန္​တာလား။ ဘာလို႔ကၽြန္​မကိုမတိုင္​ပင္​

ရတာလည္​းလို႔ ​ပြမ္​ပါ​ေလ​ေရာ။ အဖိုးႀကီးက အဖြားႀကီးဆူ​ေနတာကို ၾကည္​့ၿပီး ရီ​ေနတယ္​။ ၿပီး​ေတာ့ သူ႔ရဲ့ ဇနီးကို​ေျပာတာ နင္​ပြမ္​လို႔ၿပီးရင္​ငါ​ေျပာျပမယ္​။ ငါငယ္​ငယ္​တုန္​းက ငါ​ေနတဲ့ရြာက ရြာသား​ေတြဟာ တယ္​သီးေတြ

စိုက္​ပ်ိဳး​ေရာင္​းခ်ၾကတဲ့ အလုပ္​လုပ္​ၾကတယ္​ တစ္​ရြာလုံး တယ္​ပင္​ပဲစိုက္​စားၾကတယ္​။ ​ေဆာင္​းတြင္​း တစ္​တြင္​းမွာတယ္​သီး​ေတြ တစ္​အား​ေစ်း​ေကာင္​းတာနဲ႔ ရြာသား​ေတြ သူ႔ထက္​ငါအၿပိဳင္​ တယ္​သီး​ေတြခူး​ေရာင္​းၾကတာ

အပင္​​ေပၚမွာ တယ္​သီးတစ္​လုံးတစ္​​ေလ​ေတာင္​မက်န္​ဘူး။ ျဖစ္​ခ်င္​​ေတာ့အဲ့ဒီႏွစ္​ ေဆာင္​းတြင္​က ခါတိုင္​းႏွစ္​​ေတြထက္​ပိုၾကာတယ္​။ ၿပီး​ေတာ့ အခ်မ္​းပို တာတအားပဲ ႏွင္​း​ေတြဆို​ေဖြး​ေန​ေအာင္​က်တာ။ တယ္​ပင္​ကိုမွီခိုၿပီး

ရွင္​သန္​​ေနၾကတာက ရြာသား​ေတြခ်ည္​းပဲ မဟုတ္​ဘူး သာလိကာ တစ္​အုပ္​ႀကီးလည္​းရွိတယ္ သူတို႔​ေတြက အ​ေကာင္​ ရာနဲခ်ီၿပီးရွိတာ။ တစ္​ပင္​ကို မိသားစု တစ္​စု ၂စု စသျဖင္​့စုၿပီး​ေနၾကတာ အဲ့ဒီႏွစ္​ တယ္​သီး​ေတြ

ကလည္​းမက်န္​ ရာသီဥတုကလည္​း တအား​ေအး​ေတာ့ သာလိကာ​ေတြအစာငတ္​ၿပီ အကုန္​​ေသကုန္​က်​ေရာ။ ရြာသားတစ္​ခ်ိဳ႕က​ေတာ့​ေျပာတာ ​ေအးတာပဲတဲ့ နားညဥ္​း သက္​တာတာ​ေပါ့တဲ့။ မိုးဦးက်လို႔ တယ္​ပင္​​ေတြ

အညြန္​့ထြက္​တဲ့ အခ်ိန္​လည္​း​ေရာက္​​ေရာ ဘယ္​က​ေရာက္​လာမွန္​းမသိတဲ့ ပိုး​ေကာင္​​ေတြ ေဘာက္​ဖတ္​​ေတြ အမ်ားႀကီးပဲ တယ္​ပင္​ရဲ့ အရြက္​​ေတြအညြန္​့​ေတြအကုန္​စားပစ္​တာ။ တယ္​သီးအကင္​း​ေတာင္​ မသီးလိုက္​ရဘူး

အဖူးအငုံ အကုန္​ စားတာ ရြာသား​ေတြ ဘာမွမတတ္​နိုင္​ၾကဘူး။ အဲ့လိုနဲ႔ အဲ့ဒီႏွစ္​ ရြာသား​ေတြ တယ္​သီးတစ္​လုံး​ေတာင္​ မရလိုက္​ဘူးတဲ့။ အ​ေၾကာင္​းရင္​းစစ္​လိုက္​​ေတာ့ ခါတိုင္​းဆိုသာလိကာ​ေတြက ​ေဆာင္​းတြင္​းမွာ တယ္​သီး

စားၿပီး မိုးတြင္​းက် တယ္​ပင္​က ပိုး​ေကာင္​မြား​ေကာင္​​ေတြရွာစားၾက​ေတာ့ တယ္​သီး​ေတြ အႏၲရာယ္​ကင္​းကင္​းနဲ႔ သီးနိုင္​ခဲ့တယ္​ ခု​ေတာ့ သာလိကာ​ေတြမရွိၾက​ေတာ့ ပိုး​ေကာင္​​ေတြကိုႏွိမ္​နင္​း​ေပးမဲ့သူမရွိ​ေတာ့တဲ့အခါမွရြာသား​

ေတြဟာ သာလိကာေတြရဲ့ ​ေက်းဇူးကိုသိၾကရ​ေတာ့တယ္​။ ဒီလိုနဲ႔ ​ေနာက္​ႏွစ္​​ေတြမွာ ရြာသား​ေတြဟာ သာလိကာ​ေပါက္​​ေလး​ေတြ သြားရွာလာၿပီး တယ္​ပင္​​ေတြမွာ ​ေကၽြး​ေမြးထားျပီး တယ္​သီး​ေတြ ခ်န္​ထား​ေပးၾက​ေတာ့တယ္​။

သာလိကာ​ေတြကလည္​း​ေက်းဇူးသိတတ္​စြာနဲ႔ တစ္​ႏွစ္​ပတ္​လုံးဘယ္​ကိုမွမသြား​ေတာ့ပဲ တယ္​ပင္​​ေတြကို​ေစာင္​​ေ႐ွာက္​​ေပးရင္​းအျပန္​အလွန္​အက်ိဳးျပဳလာခဲ့ၾက​ေတာ့တယ္​။ ငါသာလိကာ​ေတြစားဖို႔ တယ္​သီး​ေလး​ေတြ

ခ်န္​ထားတာ ငါအတယ္​လို႔ နင္​က​ေျပာခ်င္​​ေသးသလားလို႔ အဖိုးႀကီးက​ေျပာျပတဲ့အခါအဖြားႀကီးလည္​းသ​ေဘာ​ေပါက္​သြား​ေတာ့တယ္​။ လက္​​ေအာက္​ငယ္​သား​ေတြရဲ့ ဘဝ​ေကာင္​းက်ိဳးအတြက္​ ၾကည္​့ရႉ႔​ေစာင္​့မေပးျခင္​းဟာ

လက္​​ေအာက္​ငယ္​သား​ေတြကလည္​း အဖိုးအိုအ​ေပၚ ​ေက်းဇူးျပန္​လည္​ သိတတ္​​ေစခဲ့ပါ​ေတာ့တယ္​။ တကယ္​​ေတာ့ အဖိုးအိုဟာ အျမတ္​မ်ားမ်ားရတဲ့အတြက္​ ​ေဘာက္​ဆူးမ်ားမ်ား​ေပးလိုက္​တာဆို​ေပမဲ့ တကယ္​တမ္​း​ေတာ့

သူ႔အတြက္​သူျပန္​​ေပးလိုက္တာနဲ႔ အတူတူပါပဲ။ လြပ္​လပ္​မႈ႔ဆိုတာ လူတိုင္​းအတြက္​ ျဖစ္​နိုင္​ပါတယ္​။ ကိုယ္​ကသာ ​ေရြးခ်ယ္​မလားဆိုတာ မူတည္​သြားတာပါ။ သင္သိရင္ သင္ေအးခ်မ္းလိမ့္မယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

လင်မယားစုံတွဲ တစ်တွဲဟာ အဖိုးအို တစ်ယောက်ဆီမှာ အလုပ်လုပ်ကြပါတယ်။ အဖိုးအိုက အဲ့လင်မယားကို တစ်ယောက် ၂သိန်းခွဲ ဆီလစာပေးထားပြီး ၂ယောက်ပေါင်း ၅ သိန်း မှန်မှန်ပေးပါတယ်။ နေစရာလည်း

ပေးတယ် ဆန်တစ်အိတ် ဆီ၁ပုံးနဲ့ ငါးခြောက်တွေဘာတွေပါ ထောက်ပံ့ပေးပြီးစရိတ်ငြိမ်း ထားပေးတာပါ။ သူတို့လင်မယားနှစ်ယောက်ရဲ့ တာဝန်က တစ်ရက်ကို ၂ခါ မနက်တစ်ခေါက် ညနေတစ်ခေါက် အဘိုးကြီးရဲ့ငါးကန်

ထဲက ငါးတွေကို ငါးစာကျွေးပေးယုံပါပဲ။ အဲ့အလုပ်ပြီးတာနဲ့ သူတို့လင်မယား စုံတွဲ လုပ်ချင်ရာလုပ်လို့ရပါတယ်။ သူတို့အနေနဲ့ ဘာမှလုပ်စရာ မလိုပါဘူး။ သူတို့နေတဲ့ခြံ ပေါင်းတွေမြက်တွေ ထူလာရင် နဲနဲပါးပါး ရှင်းယုံက

လွဲလို့ပေါ့။ အဖိုးကြီးက သူ့အလုပ်သမားတွေကို ဘာလုပ်ရမယ် ဘယ်လိုနေရမယ်လို့ မသတ်မှတ်ထားပါဘူး။ သူကိုယ်တိုင်လည်း တစ်လနေမှ ၂ခေါက် ၃ ခေါက်လောက်ပဲခြံထဲကို လာတတ်တာပါ။ အဲ့တာကလည်း ငါးစာ

လာပို့တဲ့အခါ ရိက္ခာနဲ့လစာ လာထုတ်ပေးတဲ့အခါတွေမှသာရောက်လာတတ်တာပါ။ ဒီလိုနဲ့ ၂ နှစ်ကျော်ကြာလာတော့ အဖိုးကြီး ဟာ ငါးကန်ထဲကငါးတွေထုတ်ရောင်းပါတယ်။ အဖိုးအိုဟာ ငါးတွေရောင်းလို့ရတာ

အမြတ် သိန်း ၃၀၀လောက် ရလိုက်ပါတယ်။ သူဟာ သူ့အလုပ်သမား လင်မယား၂ ယောက်ကို ဘောက်ဆူးအဖြစ် ပိုက်ဆံ ၁၅သိန်း ပေးပါတယ်။ ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေနဲ့ ဆွေမျိုးတွေဆီ

အလည်သွားလို့ရအောင် နားရက် ခွင့်ရက်ရှည် ၁လ လောက်ပေးလိုက်ပါတယ်။ ဒီအပြင်လမ်းစရိတ်လည်း ထပ်ထုတ်ပေးလိုက်ပါသေးတယ်။ ဒီအကြောင်းတွေကို အဖိုးကြီးရဲ့ဇနီး အဖွားကြီးကသိသွားတော့

အဖိုးကြီးကိုဆူပါရော။ ဘာလို့ သူ့ကိုမတိုင်ပင်ရတာလည်း ဘာကြောင့်အလုပ်သမားတွေကို အဲ့လောက်အခွင့်အရေးတွေပေးရက်ရောရတာလည်း စရိတ်ငြိမ်းလည်း နေစရာပေးထား တင်ကျွေးထားတယ်။ လစာလည်း

လောက်ငှအောင်ပေးထားတယ်။ ဒီဲကြားထဲ ဘောက်ဆူးက ၁၅ သိန်းတောင်ပေးစရာလား။ လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ်ဆိုတော့ ရှင် ဦးနှောက်တွေချောင်ကုန်တာလား။ ဘာလို့ကျွန်မကိုမတိုင်ပင်

ရတာလည်းလို့ ပွမ်ပါလေရော။ အဖိုးကြီးက အဖွားကြီးဆူနေတာကို ကြည့်ပြီး ရီနေတယ်။ ပြီးတော့ သူ့ရဲ့ ဇနီးကိုပြောတာ နင်ပွမ်လို့ပြီးရင်ငါပြောပြမယ်။ ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာက ရွာသားတွေဟာ တယ်သီးတွေ

စိုက်ပျိုးရောင်းချကြတဲ့ အလုပ်လုပ်ကြတယ် တစ်ရွာလုံး တယ်ပင်ပဲစိုက်စားကြတယ်။ ဆောင်းတွင်း တစ်တွင်းမှာတယ်သီးတွေ တစ်အားဈေးကောင်းတာနဲ့ ရွာသားတွေ သူ့ထက်ငါအပြိုင် တယ်သီးတွေခူးရောင်းကြတာ

အပင်ပေါ်မှာ တယ်သီးတစ်လုံးတစ်လေတောင်မကျန်ဘူး။ ဖြစ်ချင်တော့အဲ့ဒီနှစ် ဆောင်းတွင်က ခါတိုင်းနှစ်တွေထက်ပိုကြာတယ်။ ပြီးတော့ အချမ်းပို တာတအားပဲ နှင်းတွေဆိုဖွေးနေအောင်ကျတာ။ တယ်ပင်ကိုမှီခိုပြီး

ရှင်သန်နေကြတာက ရွာသားတွေချည်းပဲ မဟုတ်ဘူး သာလိကာ တစ်အုပ်ကြီးလည်းရှိတယ် သူတို့တွေက အကောင် ရာနဲချီပြီးရှိတာ။ တစ်ပင်ကို မိသားစု တစ်စု ၂စု စသဖြင့်စုပြီးနေကြတာ အဲ့ဒီနှစ် တယ်သီးတွေ

ကလည်းမကျန် ရာသီဥတုကလည်း တအားအေးတော့ သာလိကာတွေအစာငတ်ပြီ အကုန်သေကုန်ကျရော။ ရွာသားတစ်ချို့ကတော့ပြောတာ အေးတာပဲတဲ့ နားညဉ်း သက်တာတာပေါ့တဲ့။ မိုးဦးကျလို့ တယ်ပင်တွေ

အညွန့်ထွက်တဲ့ အချိန်လည်းရောက်ရော ဘယ်ကရောက်လာမှန်းမသိတဲ့ ပိုးကောင်တွေ ဘောက်ဖတ်တွေ အများကြီးပဲ တယ်ပင်ရဲ့ အရွက်တွေအညွန့်တွေအကုန်စားပစ်တာ။ တယ်သီးအကင်းတောင် မသီးလိုက်ရဘူး

အဖူးအငုံ အကုန် စားတာ ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး။ အဲ့လိုနဲ့ အဲ့ဒီနှစ် ရွာသားတွေ တယ်သီးတစ်လုံးတောင် မရလိုက်ဘူးတဲ့။ အကြောင်းရင်းစစ်လိုက်တော့ ခါတိုင်းဆိုသာလိကာတွေက ဆောင်းတွင်းမှာ တယ်သီး

စားပြီး မိုးတွင်းကျ တယ်ပင်က ပိုးကောင်မွားကောင်တွေရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ် ခုတော့ သာလိကာတွေမရှိကြတော့ ပိုးကောင်တွေကိုနှိမ်နင်းပေးမဲ့သူမရှိတော့တဲ့အခါမှရွာသား

တွေဟာ သာလိကာတွေရဲ့ ကျေးဇူးကိုသိကြရတော့တယ်။ ဒီလိုနဲ့ နောက်နှစ်တွေမှာ ရွာသားတွေဟာ သာလိကာပေါက်လေးတွေ သွားရှာလာပြီး တယ်ပင်တွေမှာ ကျွေးမွေးထားပြီး တယ်သီးတွေ ချန်ထားပေးကြတော့တယ်။

သာလိကာတွေကလည်းကျေးဇူးသိတတ်စွာနဲ့ တစ်နှစ်ပတ်လုံးဘယ်ကိုမှမသွားတော့ပဲ တယ်ပင်တွေကိုစောင်ရှောက်ပေးရင်းအပြန်အလှန်အကျိုးပြုလာခဲ့ကြတော့တယ်။ ငါသာလိကာတွေစားဖို့ တယ်သီးလေးတွေ

ချန်ထားတာ ငါအတယ်လို့ နင်ကပြောချင်သေးသလားလို့ အဖိုးကြီးကပြောပြတဲ့အခါအဖွားကြီးလည်းသဘောပေါက်သွားတော့တယ်။ လက်အောက်ငယ်သားတွေရဲ့ ဘဝကောင်းကျိုးအတွက် ကြည့်ရှူ့စောင့်မပေးခြင်းဟာ

လက်အောက်ငယ်သားတွေကလည်း အဖိုးအိုအပေါ် ကျေးဇူးပြန်လည် သိတတ်စေခဲ့ပါတော့တယ်။ တကယ်တော့ အဖိုးအိုဟာ အမြတ်များများရတဲ့အတွက် ဘောက်ဆူးများများပေးလိုက်တာဆိုပေမဲ့ တကယ်တမ်းတော့

သူ့အတွက်သူပြန်ပေးလိုက်တာနဲ့ အတူတူပါပဲ။ လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။ သင်သိရင် သင်အေးချမ်းလိမ့်မယ်။ ခရက်ဒစ်