အင္းေတာ္ႀကီးတြင္ နတ္လမ္းေပၚသည္ဆုိၿပီး ေန႔စဥ္ဘုရားဖူးေထာင္ဂဏန္းခန္႔ လာေရာက္ေန

ဘုရားဖူးခြင့္ပိတ္ထားတဲ့ ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ရွိ အင္းေတာ္ႀကီးဘုရားတြင္ အခုတေလာ “နတ္လမ္းေပၚေနသည္” ဟူေသာ သတင္းေၾကာင့္ ေန႔စဥ္ ဘုရားဖူးျပည္သူ ေထာင္ဂဏန္းခန္႔

လာေရာက္ေနရာ ဇြန္ ၁၀ ရက္ေန႔မွစတင္၍ လံုၿခံဳေရးအင္အားတိုးျမႇင့္ကာ ပိတ္ပင္ေနရတယ္လုိ႔ သိရပါတယ္။ ကုိဗစ္ ကာကြယ္ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ အင္းေတာ္ႀကီးသို႔ ဘုရားဖူးလာေရာက္ျခင္းကို

မတ္လအတြင္းမွ စတင္၍ ပိတ္ထားခဲ့ရာ ယခုကာလ၌ အင္းေတာ္ႀကီးအိုင္အတြင္း ေရက်ဆင္းေနသျဖင့္ ကမ္းစပ္မွ ေရလယ္ဘုရားသို႔သြားရာလမ္း (ေဒသအေခၚ-နတ္လမ္း) ေပၚလာေနျခင္း ျဖစ္ပါတယ္။

နတ္လမ္းေပၚေနသည္ ဆုိ၍ ၿပီးခဲ့သည့္ ေမလပထမပတ္မွစတင္၍ တစ္ရက္လွ်င္ ဘုရားဖူးဦးေရ ေထာင္ဂဏန္းနီးပါး လာေရာက္လည္ပတ္ေနေၾကာင္းကုိ အုပ္ခ်ဳပ္ေရးမႉး ဦးစံေရႊျမင့္ က အခုလုိ ေျပာျပပါတယ္။

“အရင္တုန္းက ပိတ္ထားေသာ္လည္းပဲ အင္းေရက်တဲ့ေနာက္ပိုင္းမွာ နတ္လမ္းေပၚလာတဲ့အခ်ိန္မွာ ထိန္းမနိုင္ သိမ္းမရ ျဖစ္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာ က်ေနာ္တို႔ကေတာ့ ေဒသမွာဘာလုပ္မလဲ

စဥ္းစားရင္း အထက္ကိုစာတင္ျပေတာ့ ထုတ္ျပန္ထားတဲ့ အမိန႔္ညႊန္ၾကားခ်က္အတိုင္းပဲ ဆက္လက္ပိတ္ပါဆိုလို႔ ဒီေန႔မွာစၿပီးတားရျခင္း ျဖစ္ပါတယ္။ တားတဲ့အခါမွာေတာ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန

ဦးေဆာင္ၿပီးေတာ့ ရဲတပ္ဖြဲ႕ မီးသတ္တပ္ဖြဲ႕ေတြနဲ႔ မလာၾကဖို႔ လာရာကိုပဲ ျပန္လွည့္သြားၾကဖို႔ အသိေပး ေျပာၾကားေနပါတယ္”ဟု ေျပာသည္။ ေထြအုပ္ ဦးစီးတဲ့ အဖြဲ႕သည္ ဇြန္ ၁၀ ရက္ေန႔

နံနက္ ၇ နာရီမွ စတင္ကာ အင္းေတာ္ႀကီးေဒသရွိ ဟိုဖာကုန္းရႈ႔ခင္းသာ၊ နန႔္ပဒဲရြာရွိ ေရႊမဥၨဴဘုရားအဝင္ မုခ္ဦးေနရာ၊ ေရႊမဥၨဴေရလယ္ဘုရား ဝင္ေပါက္ ႏွင့္ လြဲမြန္ေက်းရြာ မုဆိုးမေျခရာ စသည့္ေနရာ

မ်ားတြင္ လူမ်ားလာေရာက္ၾကျခင္းမရွိေစရန္ တားျမစ္ေနတယ္လုိ႔ သိရပါတယ္။ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ပါက တည္ဆဲ ဥပေဒမ်ားျဖင့္ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း သိရပါတယ္။ ဘုရားဖူး

လာေရာက္ျခင္း မ်ားျပားသျဖင့္ ဇြန္လ ၁၀ရက္ေန႔ကလည္း အင္းေတာ္ႀကီးအုိင္သို႔ ဘုရားဖူးလာသည့္ ယာဥ္တစ္စီးတိမ္းေမွာက္ၿပီး လူတစ္ဦးေသဆုံးကာ အမ်ားအျပား ဒဏ္ရာရရွိခဲ့ၾကပါေသးတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဘုရားဖူးခွင့်ပိတ်ထားတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဘုရားတွင် အခုတလော “နတ်လမ်းပေါ်နေသည်” ဟူသော သတင်းကြောင့် နေ့စဉ် ဘုရားဖူးပြည်သူ ထောင်ဂဏန်းခန့်

လာရောက်နေရာ ဇွန် ၁၀ ရက်နေ့မှစတင်၍ လုံခြုံရေးအင်အားတိုးမြှင့်ကာ ပိတ်ပင်နေရတယ်လို့ သိရပါတယ်။ ကိုဗစ် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အင်းတော်ကြီးသို့ ဘုရားဖူးလာရောက်ခြင်းကို

မတ်လအတွင်းမှ စတင်၍ ပိတ်ထားခဲ့ရာ ယခုကာလ၌ အင်းတော်ကြီးအိုင်အတွင်း ရေကျဆင်းနေသဖြင့် ကမ်းစပ်မှ ရေလယ်ဘုရားသို့သွားရာလမ်း (ဒေသအခေါ်-နတ်လမ်း) ပေါ်လာနေခြင်း ဖြစ်ပါတယ်။

နတ်လမ်းပေါ်နေသည် ဆို၍ ပြီးခဲ့သည့် မေလပထမပတ်မှစတင်၍ တစ်ရက်လျှင် ဘုရားဖူးဦးရေ ထောင်ဂဏန်းနီးပါး လာရောက်လည်ပတ်နေကြောင်းကို အုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့် က အခုလို ပြောပြပါတယ်။

“အရင်တုန်းက ပိတ်ထားသော်လည်းပဲ အင်းရေကျတဲ့နောက်ပိုင်းမှာ နတ်လမ်းပေါ်လာတဲ့အချိန်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ကတော့ ဒေသမှာဘာလုပ်မလဲ

စဉ်းစားရင်း အထက်ကိုစာတင်ပြတော့ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်အတိုင်းပဲ ဆက်လက်ပိတ်ပါဆိုလို့ ဒီနေ့မှာစပြီးတားရခြင်း ဖြစ်ပါတယ်။ တားတဲ့အခါမှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ဦးဆောင်ပြီးတော့ ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့တွေနဲ့ မလာကြဖို့ လာရာကိုပဲ ပြန်လှည့်သွားကြဖို့ အသိပေး ပြောကြားနေပါတယ်”ဟု ပြောသည်။ ထွေအုပ် ဦးစီးတဲ့ အဖွဲ့သည် ဇွန် ၁၀ ရက်နေ့

နံနက် ၇ နာရီမှ စတင်ကာ အင်းတော်ကြီးဒေသရှိ ဟိုဖာကုန်းရှု့ခင်းသာ၊ နန့်ပဒဲရွာရှိ ရွှေမဉ္ဇူဘုရားအဝင် မုခ်ဦးနေရာ၊ ရွှေမဉ္ဇူရေလယ်ဘုရား ဝင်ပေါက် နှင့် လွဲမွန်ကျေးရွာ မုဆိုးမခြေရာ စသည့်နေရာ

များတွင် လူများလာရောက်ကြခြင်းမရှိစေရန် တားမြစ်နေတယ်လို့ သိရပါတယ်။ တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဘုရားဖူး

လာရောက်ခြင်း များပြားသဖြင့် ဇွန်လ ၁၀ရက်နေ့ကလည်း အင်းတော်ကြီးအိုင်သို့ ဘုရားဖူးလာသည့် ယာဉ်တစ်စီးတိမ်းမှောက်ပြီး လူတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။ ခရက်ဒစ်