ဘုရား႐ွစ္ခိုးရန္ မပ်င္းပါနဲ႔။ ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳး ရွစ္မ်ိဳး။

ဘုရား႐ွစ္ခိုးမပ်င္းပါနဲ႔ (ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳး ရွစ္မ်ိဳး)။ ဘုရားရွိခိုး မပ်င္းနဲ႕ အခ်ိန္ျဖဳန္းတဲ့အလုပ္ မဟုတ္ဘူး တစ္ေန႔လုံးသုံးဖို႔ စိတ္တန္ခိုး

ထုတ္လုပ္တာ စိတ္ဓါတ္ ဆီထည့္တာ စိတ္ စက္ဆီျဖည့္တာ။ သန႔္စင္တဲ့စိတ္ျဖစ္ေအာင္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေရနဲ႕ ေဆးတယ္လို႔မွတ္

စက္ကရိယာေတြကို ေဆးေၾကာသန႔္စင္တယ္လို႔ စိတ္ထဲ မွာ ႏွလုံးသြင္းထား။ ဘုရားရွိခိုးတာ ဘုရားဂုဏ္ေတာ္ပြားတာ ေမတၱာပို႔တာ ထြက္ေလ

ဝင္ေလ စူးစိုက္ၿပီးမွ ငါးမိနစ္ ဆယ္မိနစ္ တရားထိုင္တာဟာ က်န္းမာေရးလဲရ စိတ္ခြန္အားလဲေကာင္း စိတ္ႀကံခိုင္ေရးလဲတိုးတယ္ ကိုယ္ခႏၶာ

ခြန္အားတိုးတက္ ကိုယ္ခႏၶာ ႀကံခိုင္ေရးလဲတိုးတက္ အကုန္လုံး အေကာင္းေတြခ်ည္းပါပဲ။ “ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳးရွစ္မ်ိဳး”။ ။ (၁) သြားေလ

ရာရာ ေရာက္ေလရာ အရပ္ ၁၀ မ်က္ႏွာတို႔၌ အပူေဇာ္ အခ်ီးေျမႇာက္ကို ခံရျခင္း။ (၂) သြက္သြက္လက္လက္ႏွင့္ထက္ျမတ္ေသာ ဉာဏ္ပညာကို

ရရွိျခင္း။ (၃) ကိုယ့္ အလိုလိုက္ၿပီး ကိုယ့္အႀကိဳက္ကိုသာ လုပ္ကိုင္ေပးၾကေသာ အေႁခြအရံ ပရိသတ္ႏွင့္ ျပည့္စုံရျခင္း။ (၄) မေရမတြက္နိုင္ေသာ

စည္းစိမ္ခ်မ္းသာႏွင့္ ျပည့္စုံျခင္း။ (၅) ဘဝတိုင္း ဘဝတိုင္း အဆင္း႐ုပ္ရည္ လွပျခင္း။ (၆) ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပသည့္အတြက္ အမ်ား၏

ႏွစ္သက္ျခင္းကို ခံယူရျခင္း။ (၇) မိတ္ေဆြအေပါင္းအသင္းတို႔၏ ခ်စ္ခင္ရိုေသေလးစားမႈ ခိုင္ၿမဲျခင္း။ (၈) ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ

ပ်ံ့ႏွံ႔ျခင္း။ ဤ ၈ပါးေသာ အက်ိဳးတို႔ကို ဆုေတာင္းပတၱနာမျပဳရဘဲ ဆုမေတာင္းရဘဲ ျပည့္စုံရသည္ဟု (တိႆ ရဏ ဂမနိယေတၳရ အပါဒါန္) ပါဠိေတာ္မွာ

လာသည္။ ယုံယုံၾကည္ၾကည္ႏွင့္ ေန႕စဥ္မွန္မွန္ ႀကိဳးစား၍ ရွိခိုးၾကပါ၊ ပူေဇာ္ၾကပါ၊ က်န္းမာ ခ်မ္းသာၾကပါေစ။ မပ်င္းၾကနဲ႕ေနာ္။ ခရက္ဒစ္ Ashinvasava

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဘုရားရှစ်ခိုးမပျင်းပါနဲ့ (ဘုရားရှိခိုး ပူဇော်ရသော အကျိုး ရှစ်မျိုး)။ ဘုရားရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့အလုပ် မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုး

ထုတ်လုပ်တာ စိတ်ဓါတ် ဆီထည့်တာ စိတ် စက်ဆီဖြည့်တာ။ သန့်စင်တဲ့စိတ်ဖြစ်အောင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ်

စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်းထား။ ဘုရားရှိခိုးတာ ဘုရားဂုဏ်တော်ပွားတာ မေတ္တာပို့တာ ထွက်လေ

ဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင်တာဟာ ကျန်းမာရေးလဲရ စိတ်ခွန်အားလဲကောင်း စိတ်ကြံခိုင်ရေးလဲတိုးတယ် ကိုယ်ခန္ဓာ

ခွန်အားတိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေးလဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ။ “ဘုရားရှိခိုး ပူဇော်ရသော အကျိုးရှစ်မျိုး”။ ။ (၁) သွားလေ

ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာတို့၌ အပူဇော် အချီးမြှောက်ကို ခံရခြင်း။ (၂) သွက်သွက်လက်လက်နှင့်ထက်မြတ်သော ဉာဏ်ပညာကို

ရရှိခြင်း။ (၃) ကိုယ့် အလိုလိုက်ပြီး ကိုယ့်အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရခြင်း။ (၄) မရေမတွက်နိုင်သော

စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်း။ (၅) ဘဝတိုင်း ဘဝတိုင်း အဆင်းရုပ်ရည် လှပခြင်း။ (၆) ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပသည့်အတွက် အများ၏

နှစ်သက်ခြင်းကို ခံယူရခြင်း။ (၇) မိတ်ဆွေအပေါင်းအသင်းတို့၏ ချစ်ခင်ရိုသေလေးစားမှု ခိုင်မြဲခြင်း။ (၈) ကောင်းမြတ်သော သီတင်းကျော်စော

ပျံ့နှံ့ခြင်း။ ဤ ၈ပါးသော အကျိုးတို့ကို ဆုတောင်းပတ္တနာမပြုရဘဲ ဆုမတောင်းရဘဲ ပြည့်စုံရသည်ဟု (တိဿ ရဏ ဂမနိယတ္ထေရ အပါဒါန်) ပါဠိတော်မှာ

လာသည်။,ယုံယုံကြည်ကြည်နှင့် နေ့စဉ်မှန်မှန် ကြိုးစား၍ ရှိခိုးကြပါ၊ ပူဇော်ကြပါ၊ ကျန်းမာ ချမ်းသာကြပါစေ။ မပျင်းကြနဲ့နော်။ ခရက်ဒစ် Ashinvasava