မိုးရြာျပီးတဲ့အခ်ိန္ ဗြက္အိုင္ထဲမွာ ေဆာ့ကစားေနတဲ့ ကေလးငယ္ကို မိခင္ျဖစ္သူက ရိုက္ဖို႕ တုတ္ကိုင္ျပီးသြားလိုက္ေသာအခါ

မိုးရြာၿပီးတဲ့အခ်ိန္ ဗြက္အိုင္ထဲမွာ သူကစားေနတာေပါ့။ ဗြက္အိုင္ထဲမွာ ဆင္ႀကီးလို ေလးဖက္ေထာက္ႀကီး တြားသြားလိုက္၊ ဗြက္ေတြကို ဖင္ခုထိုင္လိုက္နဲ႔။ ပုစြန္လုံးေပါက္ေလးေတြကို ဖမ္းလိုက္၊ ျပန္လႊတ္လိုက္နဲ႔

အလုပ္ေတြရွုပ္။ သူ႔ဘာသာသူ သေဘာေတြက်ၿပီး တခစ္ခစ္ရယ္ ေနတတ္ေသးတာ။ သူဘာလို့ အဲဒီေလာက္ေပ်ာ္ေနပါလိမ့္ ဆိုတာကၽြန္ေတာ္မသိ။ သူကေတာ့ ‌ဘယ္သူ႔မွဂ႐ုစိုက္ဘဲ ေပ်ာ္ေနတာပဲ။ မၾကာပါဘူး။

သူ႔အေမက တုတ္ႀကီးကိုင္ၿပီးလာေတာ့တယ္။ ကၽြန္ေတာ္တို့အနားမေရာက္ခင္ကတည္းက သူ႔ကိုႀကိမ္းလာတာ။ သူ႔မ်က္ႏွာမွာ ခုနကေပ်ာ္ေနတာေတြ ဘယ္ေပ်ာက္သြားမွန္းမသိ။ မ်က္ႏွာက ညႇိုးလာတယ္။

မ်က္လုံးကေလးေတြကိုၾကည့္ေတာ့ ေၾကာက္ေနမွန္း သိသာတယ္။“နင္လာစမ္း၊ အဲဒီဗြက္ေတြထဲမွာ ဘာလုပ္ေနတာလဲ။ ”သူ႔အေမကေခၚေနေပမဲ့ သူက ခ်က္ခ်င္းမသြားဘူး။ ထိုင္လ်က္ပဲ။ သူ႔အေမ ပိုၿပီးေဒါပြလာၿပီ။

“ဟဲ့၊ ငါေျပာေနတာမၾကားဘူးလား။” ေျပာလည္းေျပာ သူ႔အနားလည္းေရာက္သြားၿပီး ရိုက္မယ္လို့တုတ္ကိုလွမ္းအေျမႇာက္မွာ ကၽြန္ေတာ္က “အစ္မ”လို့ ေခၚလိုက္တယ္။သူ႔အေမက သူ႔ကို မရိုက္မိလိုက္ဘူး။ ကၽြန္ေတာ့္ကို

လွည့္ၾကည့္တယ္။ ကၽြန္ေတာ္က “ဘာျဖစ္လို့ ကေလးကို ရိုက္မွာလဲ”လို့ေမးလိုက္တယ္။ သူ႔အေမ ေၾကာင္သြားတယ္။ “နင္မျမင္ဘူးလား။ သူ ဗြက္ထဲမွာ ကျမင္းေၾကာထေနတာ”တဲ့။ “အဲဒါေၾကာင့္ ရိုက္မွာလား။” ကၽြန္ေတာ္

ျပန္ေမးလိုက္တယ္။ ၿပီးေတာ့“အစ္မ၊ အစ္မေရာ အဲဒီဗြက္ထဲမွာ မကစားခ်င္ဘူးလား”လို့ ဆက္ေမးလိုက္တယ္သူ႔အေျဖက “ဟဲ့။ ကေလးကလားေတြ လာမေမးနဲ႔။ ငါက အဲဒီလိုကစားရေအာင္ ကေလးလား”တဲ့။

ကၽြန္ေတာ္လည္းျပန္ေျဖလိုက္တယ္။ ကၽြန္ေတာ္လည္း အစ္မလိုပဲ။ ဒီေလာက္ညစ္ပတ္ေနတဲ့ဗြက္အိုင္ထဲမွာ မကစားခ်င္ဘူးလို့။ “အစ္မသိလား။ တခ်ိဳ့ေပ်ာ္ရႊင္မွုေတြက အသက္အပိုင္းအျခားလိုက္ပဲရတာ အစ္မ။ အခု ကၽြန္ေတာ္တို့

လိုပဲ။ သူလည္း ကၽြန္ေတာ္တို့အရြယ္ေရာက္လာရင္ ဒီဗြက္ေတြထဲမွာ ကစားခ်င္ဦးမယ္လို့အစ္မထင္လား။ တကယ္လို့ကစားၿပီဆိုရင္လည္း အခုလို သူေပ်ာ္ဦးမယ္လို့ အစ္မထင္လား။” ကၽြန္ေတာ္ေျပာလိုက္ေတာ့ သူ

ေတြသြားတယ္။ ခဏေလးပဲ။ ျပီးေတာ့“ဖ်ားနာကုန္မွာစိုးလို့ပါ ေမာင္ေလးရယ္”တဲ့။ “အစ္မရယ္။ စိတ္ပူလို့ပါ၊ ထိခိုက္မိမွာစိုးလို့ပါ၊ ဖ်ားနာကုန္မွာစိုးလို့ပါ ဆိုတဲ့ အစ္မရဲ့ခံစားခ်က္တစ္ခုတည္းအတြက္နဲ႔ ကေလးရဲ့ေပ်ာ္ရႊင္မွုေတြကို

မသတ္လိုက္ပါနဲ႔။ သူအရြယ္ေရာက္လာလို့ ခုလိုဗြက္ထဲမွာကေလးတစ္ေယာက္ ကစားေနတာျမင္ရင္ ငါငယ္ငယ္တုန္းက အခုလို မကစားခဲ့ရဘူးဆိုၿပီး ေတြးမိရင္ အစ္မမွာ အျပစ္မကင္းဘူးေနာ္။ တကယ္လို့ အဲဒီလို မေတြး

မိဘူးပဲထား။ ေပ်ာ္ရမဲ့အခ်ိန္မွာ မေပ်ာ္ခဲ့ရတဲ့သူ႔အျဖစ္က ဘယ္ေလာက္သနားစရာေကာင္းလိုက္မလဲဆိုတာ အစ္မေတြးၾကည့္ဖူးလား။” သူ႔ဆီက ဘာစကားမွထြက္မလာေတာ့ဘူး။ ဒီေတာ့ ကၽြန္ေတာ္က ဆက္ေမးတယ္။

“အစ္မေကာ၊ ငယ္ငယ္က အခုလို မကစားခဲ့ဘူးလား။ ”သူျပဳံးလာတယ္။ “ခဏခဏပဲ။ အေမသိသြားလို့ အရိုက္ခံရတာလည္းခဏခဏပဲ။” “ဒါနဲ႔မ်ားအစ္မရယ္။ ကဲ ဒီေတာ့ အစ္မ ကေလးကိုရိုက္ဦးမွာလား။”သူ တုတ္ကို

ခ်လိုက္တယ္။ ျပီး‌ေတာ့ သူ႔သားဘက္ကိုလွည့္ၿပီး “ခ်မ္းရင္ အိမ္ျပန္ခဲ့ေနာ္”ဆိုၿပီး အိမ္ျပန္သြားတယ္။ ကေလးက ကၽြန္ေတာ့္ကိုရယ္ျပတယ္။ သူ႔အေမက မရိုက္ေပမဲ့ ကၽြန္ေတာ္ကေတာ့ သူ႔ကို အမ်ားႀကီးရိုက္လိုက္တယ္။ဓာတ္ပုံေတြ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ သူကစားနေတာပေါ့။ ဗွက်အိုင်ထဲမှာ ဆင်ကြီးလို လေးဖက်ထောက်ကြီး တွားသွားလိုက်၊ ဗွက်တွေကို ဖင်ခုထိုင်လိုက်နဲ့။ ပုစွန်လုံးပေါက်လေးတွေကို ဖမ်းလိုက်၊ ပြန်လွှတ်လိုက်နဲ့

အလုပ်တွေရှုပ်။ သူ့ဘာသာသူ သဘောတွေကျပြီး တခစ်ခစ်ရယ် နေတတ်သေးတာ။ သူဘာလို့ အဲဒီလောက်ပျော်နေပါလိမ့် ဆိုတာကျွန်တော်မသိ။ သူကတော့ ‌ဘယ်သူ့မှဂရုစိုက်ဘဲ ပျော်နေတာပဲ။ မကြာပါဘူး။

သူ့အမေက တုတ်ကြီးကိုင်ပြီးလာတော့တယ်။ ကျွန်တော်တို့အနားမရောက်ခင်ကတည်းက သူ့ကိုကြိမ်းလာတာ။ သူ့မျက်နှာမှာ ခုနကပျော်နေတာတွေ ဘယ်ပျောက်သွားမှန်းမသိ။ မျက်နှာက ညှိုးလာတယ်။

မျက်လုံးကလေးတွေကိုကြည့်တော့ ကြောက်နေမှန်း သိသာတယ်။“နင်လာစမ်း၊ အဲဒီဗွက်တွေထဲမှာ ဘာလုပ်နေတာလဲ။ ”သူ့အမေကခေါ်နေပေမဲ့ သူက ချက်ချင်းမသွားဘူး။ ထိုင်လျက်ပဲ။ သူ့အမေ ပိုပြီးဒေါပွလာပြီ။

“ဟဲ့၊ ငါပြောနေတာမကြားဘူးလား။” ပြောလည်းပြော သူ့အနားလည်းရောက်သွားပြီး ရိုက်မယ်လို့တုတ်ကိုလှမ်းအမြှောက်မှာ ကျွန်တော်က “အစ်မ”လို့ ခေါ်လိုက်တယ်။သူ့အမေက သူ့ကို မရိုက်မိလိုက်ဘူး။ ကျွန်တော့်ကို

လှည့်ကြည့်တယ်။ ကျွန်တော်က “ဘာဖြစ်လို့ ကလေးကို ရိုက်မှာလဲ”လို့မေးလိုက်တယ်။ သူ့အမေ ကြောင်သွားတယ်။ “နင်မမြင်ဘူးလား။ သူ ဗွက်ထဲမှာ ကမြင်းကြောထနေတာ”တဲ့။ “အဲဒါကြောင့် ရိုက်မှာလား။” ကျွန်တော်

ပြန်မေးလိုက်တယ်။ ပြီးတော့“အစ်မ၊ အစ်မရော အဲဒီဗွက်ထဲမှာ မကစားချင်ဘူးလား”လို့ ဆက်မေးလိုက်တယ်သူ့အဖြေက “ဟဲ့။ ကလေးကလားတွေ လာမမေးနဲ့။ ငါက အဲဒီလိုကစားရအောင် ကလေးလား”တဲ့။

ကျွန်တော်လည်းပြန်ဖြေလိုက်တယ်။ ကျွန်တော်လည်း အစ်မလိုပဲ။ ဒီလောက်ညစ်ပတ်နေတဲ့ဗွက်အိုင်ထဲမှာ မကစားချင်ဘူးလို့။ “အစ်မသိလား။ တချို့ပျော်ရွှင်မှုတွေက အသက်အပိုင်းအခြားလိုက်ပဲရတာ အစ်မ။ အခု ကျွန်တော်တို့

လိုပဲ။ သူလည်း ကျွန်တော်တို့အရွယ်ရောက်လာရင် ဒီဗွက်တွေထဲမှာ ကစားချင်ဦးမယ်လို့အစ်မထင်လား။ တကယ်လို့ကစားပြီဆိုရင်လည်း အခုလို သူပျော်ဦးမယ်လို့ အစ်မထင်လား။” ကျွန်တော်ပြောလိုက်တော့ သူ

တွေသွားတယ်။ ခဏလေးပဲ။ ပြီးတော့“ဖျားနာကုန်မှာစိုးလို့ပါ မောင်လေးရယ်”တဲ့။ “အစ်မရယ်။ စိတ်ပူလို့ပါ၊ ထိခိုက်မိမှာစိုးလို့ပါ၊ ဖျားနာကုန်မှာစိုးလို့ပါ ဆိုတဲ့ အစ်မရဲ့ခံစားချက်တစ်ခုတည်းအတွက်နဲ့ ကလေးရဲ့ပျော်ရွှင်မှုတွေကို

မသတ်လိုက်ပါနဲ့။ သူအရွယ်ရောက်လာလို့ ခုလိုဗွက်ထဲမှာကလေးတစ်ယောက် ကစားနေတာမြင်ရင် ငါငယ်ငယ်တုန်းက အခုလို မကစားခဲ့ရဘူးဆိုပြီး တွေးမိရင် အစ်မမှာ အပြစ်မကင်းဘူးနော်။ တကယ်လို့ အဲဒီလို မတွေး

မိဘူးပဲထား။ ပျော်ရမဲ့အချိန်မှာ မပျော်ခဲ့ရတဲ့သူ့အဖြစ်က ဘယ်လောက်သနားစရာကောင်းလိုက်မလဲဆိုတာ အစ်မတွေးကြည့်ဖူးလား။” သူ့ဆီက ဘာစကားမှထွက်မလာတော့ဘူး။ ဒီတော့ ကျွန်တော်က ဆက်မေးတယ်။

“အစ်မကော၊ ငယ်ငယ်က အခုလို မကစားခဲ့ဘူးလား။ ”သူပြုံးလာတယ်။ “ခဏခဏပဲ။ အမေသိသွားလို့ အရိုက်ခံရတာလည်းခဏခဏပဲ။” “ဒါနဲ့များအစ်မရယ်။ ကဲ ဒီတော့ အစ်မ ကလေးကိုရိုက်ဦးမှာလား။”သူ တုတ်ကို

ချလိုက်တယ်။ ပြီး‌တော့ သူ့သားဘက်ကိုလှည့်ပြီး “ချမ်းရင် အိမ်ပြန်ခဲ့နော်”ဆိုပြီး အိမ်ပြန်သွားတယ်။ ကလေးက ကျွန်တော့်ကိုရယ်ပြတယ်။ သူ့အမေက မရိုက်ပေမဲ့ ကျွန်တော်ကတော့ သူ့ကို အများကြီးရိုက်လိုက်တယ်။ဓာတ်ပုံတွေ။ ခရက်ဒစ်