ျမန္မာျပည္က အရာရွိလူႀကီးေတြရဲ႕ ေခတ္မီ နည္းပညာ တတ္ကၽြမ္းပံုအေၾကာင္း

ကြန္ျပဴတာ တကၠသိုလ္ ပါခ်ဳပ္ႀကီးရဲ႕ Kpay ပတ္စ္ဝပ္ ကို လိမ္ေတာင္းၿပီး ေငြဆယ္ သိန္း ထုတ္သြားတဲ့ သတင္းဖတ္ရေတာ့ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္က သတင္းေထာက္ ဘဝကို သတိရတယ္။

အစိုးရ ႐ုံးတစ္႐ုံးက အရာရွိႀကီး တစ္ေယာက္ေပါ့။ အင္တာဗ်ဳးသြားလုပ္ပီးေတာ့ သူ႔ပုံေလး႐ိုက္တာ။ အဲပုံေလးငါ့ကို ေပးပါလားကြာတဲ့ ဟုတ္ကဲ့ရပါတယ္ဗ်

အီးေမးေပးေလ ပို႔ေပးမယ္ ေျပာေတာ့၊ အီေမးမရွိဘူးကြတဲ့ ဂ်ီေမးပဲ ရွိတာတဲ့။ ဂ်ီေမးလည္းရပါတယ္ခင္ဗ် လို႔ ေျပာေတာ့ လိပ္စာကဒ္ေလးေပးတယ္။

လိပ္စာကဒ္ကို ၾကည့္လိုက္ေတာ့ ဂ်ီေမး- xxxxx ေပါ့။ ေအာက္မွာက ပတ္စ္ဝပ္ တဲ့။ ပတ္စ္ဝပ္ ပါထည့္႐ိုက္ထားတာ အန္ကယ္ရယ္ အီးေမးလိပ္စာ ေပးတာ ပတ္စ္ဝပ္ ေပးစရာ မလိုဘူး

ပတ္စဝပ္ရရင္ အန္ကယ္ အီးေမးသူမ်ား ဖြင့္ဖတ္မွာေပါ့ ဆိုေတာ့၊ ေအးဟုတ္လားတဲ့ မင့္အေရွ႕မွ သုံးေလးေယာက္ေတာင္ ကဒ္က ေပးၿပီးေနၿပီတဲ့။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကွန်ပြူတာ တက္ကသိုလ် ပါချုပ်ကြီးရဲ့ Kpay ပတ်စ်ဝပ် ကို လိမ်တောင်းပြီး ငွေဆယ် သိန်း ထုတ်သွားတဲ့ သတင်းဖတ်ရတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သတင်းထောက် ဘဝကို သတိရတယ်။

အစိုးရ ရုံးတစ်ရုံးက အရာရှိကြီး တစ်ယောက်ပေါ့။ အင်တာဗျုးသွားလုပ်ပီးတော့ သူ့ပုံလေးရိုက်တာ။ အဲပုံလေးငါ့ကို ပေးပါလားကွာတဲ့ ဟုတ်ကဲ့ရပါတယ်ဗျ

အီးမေးပေးလေ ပို့ပေးမယ် ပြောတော့၊ အီမေးမရှိဘူးကွတဲ့ ဂျီမေးပဲ ရှိတာတဲ့။ ဂျီမေးလည်းရပါတယ်ခင်ဗျ လို့ ပြောတော့ လိပ်စာကဒ်လေးပေးတယ်။

လိပ်စာကဒ်ကို ကြည့်လိုက်တော့ ဂျီမေး- xxxxx ပေါ့။ အောက်မှာက ပတ်စ်ဝပ် တဲ့။ ပတ်စ်ဝပ် ပါထည့်ရိုက်ထားတာ အန်ကယ်ရယ် အီးမေးလိပ်စာ ပေးတာ ပတ်စ်ဝပ် ပေးစရာ မလိုဘူး

ပတ်စဝပ်ရရင် အန်ကယ် အီးမေးသူများ ဖွင့်ဖတ်မှာပေါ့ ဆိုတော့၊ အေးဟုတ်လားတဲ့ မင့်အရှေ့မှ သုံးလေးယောက်တောင် ကဒ်က ပေးပြီးနေပြီတဲ့။ ခရက်ဒစ်