ကိုဗစ်ကပ်ကာလကို ကြံ့ကြံ့ခိုင်ဖြတ်သန်းနိုင်ဖို့ လိုက်နာရမယ့် အချက်များ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကိုဗစ်ဗိုင်းရပ်စ် ကပ်ကာလကို ကြံ့ကြံ့ခိုင်ဖြတ်သန်းနိုင်ဖို့ လိုက်နာရမယ့် အချက်များ။ ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်ကာလအလွန် ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးအရ ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲလို့
အချို့က မေးကြ ပါတယ်။ တစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေး အမှန်တကယ် မည်မျှခံစားခဲ့ရသည် အပေါ်တွင် မူတည်ပါလိမ့်မည်၊ လခစားဝန်ထမ်းတွေကတော့ စီးပွားရေး ကျဆင်းသည့်ဒဏ်ကို
မခံစားရနိုင်သော်လည်း အခြားစိတ်ပိုင်းဆိုင်ရာ ခံစားမှု့မျိုးတွေ့ကြုံတွေ့နိုင်ပါသည်။ ဘယ်လို အခြေအနေမျိုးကိုပဲ ရောက်နေရှိ ပါစေ၊ မိမိကိုယ်ကိုတွေးပြီး ကြောက်လန့်မနေဘဲ ကိုယ့်ဘဝ ရပ်တည်ရေး
အတွက် ကိုယ်လျှောက်ရမည့် လမ်းကိုသာ ဆက်လျှောက်ပါလို့ ကျွန်တော် လူတိုင်းကိုအကြံပြုလေ့ရှိပါတယ်။ မနက်ဖြန်တိုင်းဟာ သင်တို့ဘဝရဲ့ ကျန်ရှိနေတဲ့ရက်တွေထဲက ပထမဦးဆုံးရက် တစ်ရက်လို့
ခံယူထားသင့်ပါတယ်။ အကယ်၍ စုဆောင်းထားရှိငွေ မရှိဘဲ လုပ်ကိုင်နေရသည့် လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရမည် ဆိုပါက ငွေရေးကြေးရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခံစားရမည်မှာမလွဲမသွေပါ
အလွန်းခဲယဉ်းစွာ ကျော်ဖြတ်ရမည်ဖြစ်သော်လည်း ကိုဗစ်ကျော်ကာလ၌ သင့်လုပ်လက်စလုပ်ငန်း ပြန်လည်အသက်သွင်းဖို့ သင့်တို့မှာခွန်အားရှိဖို့လိုအပ်ပါတယ်။ ပညာရှိတစ်ဦးရဲ့ အဆိုအရ ”မမျှော်လင့်သော
စီးပွားရေးရိုက်ခတ်မှု့ဒဏ်မှ ပြန်လည်နာလန်ထူလာနိုင်ခြင်းသည် အဖြစ်အပျက် မတိုင်မီသင်နေထိုင်ခဲ့ရသည့်ဘဝနှင့် ပို၍သက်ဆိုင်သည်ဟု တစ်ချိန်ကပြောခဲ့ပါသည်”။ (၁) သင့်ဆီမှာ ၆လစာကုန်ကျစရိတ်
အတွက် ညီမျှတဲ့ ငွေစုဆောင်ထားခြင်းမရှိဘူးဆိုရင် သင့်ရဲ့ နဂိုမူလလုပ်ငန်းကို နည်းလမ်းအသစ်ဖြင့် ပြောင်းလဲ လုပ်ကိုင်ပါ။ (၂) ကားရှိလျှင် ကိုယ့်ကားကို ကိုယ်တိုင်ရေဆေးပါ အသုံးစရိတ်ကို ချွေတာ
သင့်သလောက် ချွေတာပါ။ (၃) အရေးတကြီး မလိုအပ်သော ပစ္စည်းများကို လုံးဝမဝယ်သင့်ပါ။ (၄) အွန်လိုင်းသို့မဟုတ်အော့ဖ်လိုင်းမှ ပစ္စည်းမဝယ်မီ ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီးမှဝယ်ပါ။ (၅) လက်သန့်
ဆေးရည်အစား ဆပ်ပြာကို အသုံးပြုပါ။ (၆) အအေး၊ ဖျော်ရည်များ စသည့်အဖျော်ယမကာများကို သောက်သုံးမည့်အစား ရေကို ပိုသောက်ပါ။ (၇) လျှပ်စစ်ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အသုံးအဆောင်
ပစ္စည်းများ သုံးစွဲမှုကိုလျှော့ချ နိုင်သည်။ (၈) အရေးမကြီးလျှင် ကားငှားမစီးဘဲ အများသုံးကားကို အသုံးပြုပါ။ (၉) အင်တာနက်မှတဆင့်ဆက်လက်လေ့လာသင်ယူပြီးကျွမ်းကျင်မှုများကို တိုးတက်အောင်
ပြုလုပ်ပါ။ (၁၀) ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် ယောဂတရားအားထုတ်ခြင်းနှင့် အသက်ရူလေကျင့်ခန်းလုပ်ပါ။ (၁၁) လူမှုကွန်ယက်များကို မလိုအပ်သောအသုံးချမှုများနှင့် မလိုအပ်သော ပို့စ်များကို
မျှဝေခြင်းကိုရှောင်ရှား၍ အွန်လိုင်းသုံးစွဲခြင်းကိုလျော့ပါ။ (၁၂) တစ်ခါသုံး နှာခေါင်းစည်းအစား အိမ်လုပ်နှာခေါင်းစည်းများ အသုံးပြုပါ။ (၁၃) သင်ဘာလိုအပ်တယ်၊ ဘာမလိုအပ်ဘူးဆိုတာ နားလည်ဖို့
လိုအပ်ပါတယ်။ (၁၄) ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး လုပ်နေကြ အလုပ်ထက် အလုပ်တစ်ခုပိုလုပ်ကာ မိမိရဲ့ လုပ်ငန်းကို ပြန်လည်တည်ဆောက်ယူပါ။ ဒုံးပျံသိပ္ပံပညာ မဟုတ်ပါဘူးစည်းကမ်းပါ
ကမ္ဘာကြီးက သင့်ကိုအကြွေးပြန်မဆပ်ပေမယ့် အားလုံးအတွက် ထွက်ပေါက် ဆိုတာ ရှိစမြဲပါ။ ကိုယ် ကိုယ်တိုင် အားစိုက်လုပ်ကိုင်မှ သာလျှင် ကိုယ်နေရာကိုယ် ပြန်ရပါလိမ့်မည်။ ခရက်ဒစ်