မြို့ပြနဲ့ဝေးပြီး စိုက်ခင်းတွေနဲ့ အေးချမ်းသာယာတဲ့ရွာလေးမှာ မိခင်ကြီးနဲ့အတူ လွတ်လပ်ပျော်ရွှင်နေတဲ့ အဆိုတော်ဆိုတေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြို့ပြနဲ့ဝေးပြီး စိုက်ခင်းတွေနဲ့အေးချမ်းသာယာတဲ့ရွာလေးမှာ မိခင်ကြီးနဲ့အတူ လွတ်လပ်စွာပျော်ရွှင်နေတဲ့ အဆိုတော်ဆိုတေး။ တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေးကတော့
“မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ စတင်နေရာယူခဲ့တာ ဖြစ်ပါတယ်။ အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ ဆိုတေးက အချစ်သီချင်းတွေနဲ့ အလွမ်းသီချင်းကောင်းလေးတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်သူ ဖြစ်ပါတယ်။
ဆိုတေးက တစ်ကိုယ်တော်အခွေသာမက သီချင်းကောင်းတွေ အများအပြားထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြတ်အသတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိလည်း ဆိုတေးက သူဝါသနာပါတဲ့အလုပ်ကိုသာ အားစိုက်လုပ်ကိုင်ရင်း သီချင်းတွေ
ဆက်လက် ဖန်တီးနေတာဖြစ်ပါတယ်။ ဆိုတေးရဲ့ဂီတလှုပ်ရှားမှုတွေနဲ့ သီချင်းသစ်တွေကိုတော့ သူ့ရဲ့ပရိသတ်တွေက အမြဲစောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုတေးတစ်ယောက် သူချစ်ရတဲ့မိခင်ကြီးနဲ့အတူ သာယာတဲ့နေရာလေးတစ်ခုမှာ
ပျော်ပျော်ပါးပါး အနားယူနေတာ ဖြစ်ပါတယ်။ ဆိုတေးက “မြို့ပြနဲ့ဝေးရာ သာယာသောနေရာလေးဆီသို့”ဆိုပြီး စိမ်းစိုလှပတဲ့သဘာဝရှုခင်းနဲ့ အေးချမ်းတဲ့ရွာလေးမှာ ပျော်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဆိုတေးကတော့ ရွာအနှံ့လျှောက်လည်ရင်း
စိုက်ခင်းတွေ၊ သီးပင်စားပင်တွေနဲ့ ဓာတ်ပုံရိုက်ကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဆိုတေးတို့သားအမိနှစ်ယောက်ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်