အလုပ္သမား (၃၀) ေက်ာ္လုံးကို တစ္ေယာက္ ဆယ္သိန္းစီ ေပးေဝတဲ့ အလုပ္ရွင္

အလုပ္သမား (၃၀)ေက်ာ္လုံးကို တစ္ေယာက္ ဆယ္သိန္းစီ ေပးေဝတဲ့ အလုပ္ရွင္။ ဒီေန႔ တပည့္ေတြကို မုန႔္ဖိုး တေယာက္ ၁၀ သိန္းေပးလိုက္ပါပီ။ အားလုံးအတြက္

စုစုေပါင္း သိန္း ၃၀၀ ဝန္းက်င္ပါ။ ကိုယ္လည္း အဆင္ေျပလို႔ ခ်မ္းသာလို႔ေတာ့မဟုက္ပါဘူး။ ဒါေပမယ့္ သူတို႔အတြက္ေတာ့ လိုအပ္တာေတြအတြက္ ေထာက္ပံ့မႈတခု

ျဖစ္ၾကပါေစ။ ဘာပဲေျပာေျပာ ဒီလိုေပးရတဲ့ဘဝကို ေက်နပ္ပါတယ္။ ယူေသာလက္မျဖစ္ခ်င္ ေပးေသာလက္ပဲ ျဖစ္ပါရေစေပါ့။ လြန္ခဲ့တဲ့ ၁၂ ႏွစ္က ကိုယ္က တလမွ

၁၂၀၀၀၀ ပဲရခဲ့တဲ့ ဝန္ထမ္းတေယာက္ကေန ဒီလိုေနရာေလးတခုျဖစ္လာဖို႔ တပည့္ေတြက ကိုယ့္ရဲ႕ရဲေဖာ္ရဲဘက္ေတြပါပဲ။ ဝန္ထမ္းဘဝကေန လုပ္ငန္း႐ွင္ျဖစ္လာတဲ့

အတြက္ ဝန္ထမ္းဘဝရဲ႕ အခက္ကိုလဲသိတယ္ လုပ္ငန္း႐ွင္တေယာက္ရဲ႕ အခက္အခဲေတြကိုလဲ သိပါတယ္။ ဒီႏွစ္ခုၾကား ဘဝထဲမွာ အဆင္ေျပေျပေနႏိုင္ဖို႔အတြက္

အၿမဲႀကိဳးစားေနတယ္ ေနာင္ႏွစ္ေတြမွာလဲ အၿမဲေပးႏိုင္ဖို႔အတြက္ ၾကိဳးစားေနပါတယ္။ ဘယ္အရာမွေတာ့ ႀကိဳေျပာလို႔ မရတဲ့အတြက္ မဆုက္မနစ္ေသာ ဇြဲ လုံ႔လ

ဝီရိယ ၾကိဳးစားၾကပါစို႔။ အားလုံးေပ်ာ္႐ႊင္ပါၾကပါေစ တပည့္တို႔။ ဝန္ထမ္း ၃၀ ေက်ာ္ရဲ႕ေနာက္ကမွီခိုေနတဲ့ မိသားစု ၃၀ ေက်ာ္လည္း ေပ်ာ္႐ႊင္ၾကပါေစ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အလုပ်သမား (၃၀)ကျော်လုံးကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေတဲ့ အလုပ်ရှင်။ ဒီနေ့ တပည့်တွေကို မုန့်ဖိုး တယောက် ၁၀ သိန်းပေးလိုက်ပါပီ။ အားလုံးအတွက်

စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ။ ကိုယ်လည်း အဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး။ ဒါပေမယ့် သူတို့အတွက်တော့ လိုအပ်တာတွေအတွက် ထောက်ပံ့မှုတခု

ဖြစ်ကြပါစေ။ ဘာပဲပြောပြော ဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ်။ ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်က တလမှ

၁၂၀၀၀၀ ပဲရခဲ့တဲ့ ဝန်ထမ်းတယောက်ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့ တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ။ ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဖြစ်လာတဲ့

အတွက် ဝန်ထမ်းဘဝရဲ့ အခက်ကိုလဲသိတယ် လုပ်ငန်းရှင်တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတယ်။ ဒီနှစ်ခုကြား ဘဝထဲမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက်

အမြဲကြိုးစားနေတယ် နောင်နှစ်တွေမှာလဲ အမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဘယ်အရာမှတော့ ကြိုပြောလို့ မရတဲ့အတွက် မဆုက်မနစ်သော ဇွဲ လုံ့လ

ဝီရိယ ကြိုးစားကြပါစို့။ အားလုံးပျော်ရွှင်ပါကြပါစေ တပည့်တို့။ ဝန်ထမ်း ၃၀ ကျော်ရဲ့နောက်ကမှီခိုနေတဲ့ မိသားစု ၃၀ ကျော်လည်း ပျော်ရွှင်ကြပါစေ။ ခရက်ဒစ်