EXAMPLEZ အဖွဲ့ဝင် သက်အောင်ရဲ့ မင်္ဂလာပွဲကို မသွားလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ထွန်းထွန်း

90’s Kid တွေရဲ့ ဖြတ်သန်းမှုမှာ မေ့ထားလို့မရတဲ့ ခေတ်ရေစီးကြောင်းတစ်ခုရှိပါတယ် အဲ့ဒီရေစီးကြောင်းလေးကတော့ ယောက်ျားလေးတွေချည်း ဒါမှမဟုတ် မိန်းကလေးတွေချည်း စုဖွဲ့ထားတဲ့ အဆိုတော်အဖွဲ့တွေ ပေါ်ပေါက်လာတဲ့ အချိန်တစ်ခုရှိပါတယ် ။ အဲ့ဒီလိုပေါ်ပေါက်လာတဲ့အထဲမှာတော့ Examplez ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကိုတော့ အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ် ။

သူတိုရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ခဲ့တဲ့သူတွေဆိုရင်တော့ သူတို့အဖွဲ့ထဲက Rap တွေကို ဆိုတဲ့ သက်အောင် ကို တော့အားလုံးပဲ သိကြဦးမယ်ထင်ပါတယ်။သက်အောင်ကတော့ ပြီးခဲ့တဲ့ရက်က မင်္ဂလာဆောင်သွားပါပြီ ။ အဲ့ဒီလို မင်္ဂလာဆောင်သွားတဲ့အပေါ်မှာဖြစ်လာတဲ့ ခံစားချက်တွေနဲ့ မလာဖြစ်တဲ့အကြောင်းကို ထွန်းထွန်းက “တစ်ဝမ်းကွဲညီအစ်ကို(ဖေဖေ့ဘက်က)တွေအားလုံးထဲမှာ အငယ်ဆုံးကောင်. ကျွန်တော်ထက် ၅လပဲငယ်တော့ ညီအစ်ကိုထက်သူငယ်ချင်းလိုပဲ ပေါင်းခဲ့ကြတယ်. ဆော့ခဲ့ကြတယ်.

ရန်ဖြစ်ငြင်းခုန်ပြန်ခေါ်ပြန်သတ် စုံနေတာပဲ.EXAMPLEZ အဖွဲ့လုပ်တော့လည်းအတူတူအနုပညာခရီးလမ်းမှာလျှောက်ခဲ့ကြတယ်. သီချင်းတွေဆိုခဲ့ကြတယ်. အနိမ့်အမြင့်အတက်အကျကိုအတူတူရင်ဆိုင်ခဲ့ကြတယ်။နောက်ကားဖြစ်တဲ့ ဒင်းက ဒီကနေ့မှာတော့ ရှေ့ကားကိုတိတိကျကျကျော်တတ်သွားပီ. ဒီကောင်တော်တော်ပျော်နေမယ်ဆိုတာ ဓါတ်ပုံထဲကရုပ်ကိုကြည့်ရင်သိနိုင်ပါတယ်. ညီမလေးစံစံလည်း အရမ်းပျော်နေမှာပါ. သာယာအေးချမ်းတဲ့မိသားစုဘဝကိုတည်ဆောက်ကြပါ. တူ/တူမလေး ချီချင်တယ် မြန်မြန်မွေးကြပါ.

အိမ်ထောင်ကျပီဆိုတော့ အရင်လိုငါတို့နဲ့ဆုံဖို့ ပိုခက်ပီပေါ့.(ကောက်ကြီးနဲ့ထူးကျော်တုန်းကလည်းအဲ့လိုပဲ). ချောက်မြို့မှာရိုက်ကူးရေးကပြန်လာမရလို့ ဒီနေ့ပွဲကိုမလာနိုင်တာကိုနားလည်ကြပါ.၉ ရက်နေ့မှ တွေ့ကြမယ် ညီလေးနဲ့ညီမလေးရေ.၂ယောက်စလုံး ကျန်းမာရွှင်လန်းကြပါစေ အိုအောင်မင်းအောင်ပေါင်းကြပါစေSuper CONGRATULATIONS”ဆိုပြီးသူ့ရဲ့ အကောင့်မှာ တင်ထားခဲ့ပါတယ်။ကျနော်တို့ ငယ်ဘဝကချစ် မြတ်နိုးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ EXAMPLEZ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့သက်အောင် တစ်ယောက်ကလည်း အိမ်ထောင်ကျသွားပါပြီ။

သူတို့ရဲ့ သီချင်းတွေနဲ့ ပျှော်ရွှင်ဖူး ကြေကွဲခဲ့ဖူးတဲ့နှစ်တွေကတော့ တကယ်ကို လွမ်းဆွတ်စရာပါပဲနော်။ မမစိမ်း ၊ မငိုပါနဲ့ကလေးရေ ၊ တမ်းတခြင်း စတဲ့ သီချင်းတွေကတော့ ငယ်ဘဝမှာ ထိရှခဲ့ရတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ပီတိစကားလေးတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးနော်။ သက်အောင်လည်း ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ကျနော်တို့ အဖွဲ့သားတွေကဆုတောင်းပေးလိုက်ပါတယ်။ခရက်ဒစ် ပြောchinလွန်းလို့