အူအတက်ခွဲထားရတဲ့ သားလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ပြောလာတဲ့ ခင်ဇာခြည်ကျော်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခင်ဇာခြည်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ခင်ဇာခြည်ကျော်က သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေကို ခင်ဇာခြည်ကျော် က နေမကောင်းဖြစ်နေတဲ့ သားလေး ဘုန်းမင်းနေလ ရဲ့ အကြောင်းပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ဇာခြည်ကျော် ရဲ့ သားအကြီးဘုန်းမင်းနေလ ကလည်း အနုပညာကို ဝါသနာပါသူလေးပါ။ခုဆိုရင် ဘုန်းမင်းနေလရဲ့ အနုပညာလှုပ်ရှားတစ်ချို့ကိုလည်း တွေ့မြင်နေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ဘုန်းမင်းနေလက အူအတက်ခွဲထားရတာကြောင့် ဆေးရုံတက်နေရတာပါ။

ခင်ဇာခြည်ကျော် က ဆေးရုံတက်နေရတဲ့ သားလေး ဘုန်းမင်းနေလအတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို ” သားသား ဘုန်းမင်း ဆေး ရုံ တက် အူ အတက် ဖြတ် ပြီး ပေမယ့် အဖျား က တက် လိုက် ကျ လိုက် အဖျား တက် ရင် ၁၀၄ အထိ တက် တယ် ။သားသား ကို ကြည့် သနား မိတယ် ။

စဉ်းစား မိတာ တခု က ကျောင်းပိတ် ရက် အ မေ ဆီ ပြန် လာ တုံး အခု လို နေ မ ကောင်း ဖြစ် လို့  တော်ပါ သေး ရဲ့ စကာင်္ ပူ မှာ ဖြစ် ရင် မလွယ် ဘူးလေ… တော် ပါ သေး ရဲ့ ကံ ကောင်း လို့ ကျောင်း ပိတ် ရက် ကြော် ငြာ ရိုက် ဖို့ လက် ခံ ထား တဲ့ အလုပ် လေးတွေ နား လည် ပြီး ရိုက် ရက် ရွေ့ ပေးတဲ့ သူ များ အား လုံး ကျေးဇူးပါရှင်

“ဒီ လောက် နေ မကောင်း ဖြစ် နေတာ တောင်.. သူ အရမ်း ကြည့် ချင်တဲ့ ” အခမ်း နား ဆုံး မေတ္တာ ” ပရက် ရှိုး ရောက် အောင်သွား မလို့  တဲ့ …ဒီ နေ့ တော့ သူ အဖျားမကျ လို့  မေ မေ နဲ့ ညီမ လေး ပဲ သွား ဖြစ် အောင် သွား လိုက် ပါ တဲ့… 😌သား သား အမြန် နေ ကောင်း ဖို့ ဆု တောင်း ပေး ကြ ပါ နော်…” ဆိုပြီး ပြောထားပါတယ်။

သရုပ်ဆောင် ခင်ဇာခြည်ကျော် ပြောထားတဲ့ သားလေး ဘုန်းမင်းနေလ နဲ့ ပတ်သက်တဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ခရက်ဒစ် မို mo လေး