“ပပဝတီ Celebrity Show” ကို ပန်းရောင် Dress လေးနဲ့ ဆွဲဆောင်မှုရှိရှိတက်ရောက်ခဲ့တဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးကတော့ ပန်းလေးနဲ့တူတဲ့ သူမရဲ့အလှကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို အမြဲလိုလိုခံထားရသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာကို မြတ်မြတ်နိုးနိုးနဲ့ တလေးတစားလုပ်ကိုင်နေတဲ့ ဖွေးဖွေးကတော့ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ပပဝတီစီရင်ခန်း Celebrity Showကို တက်ရောက်ခဲ့တဲ့ သူမပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်တွေကို စစ်မှန်တဲ့ အနုပညာတွေနဲ့ ဖမ်းစားထားတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမရဲ့ပွင့်လင်းရိုးရှင်းတဲ့ ချစ်စဖွယ်အပြုအမူလေးတွေကြောင့်လည်း ချစ်ခင်သူတွေပိုပိုတိုးလာတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဖွေးဖွေး ကသူမအပါအဝင် ထွန်းထွန်း၊ အလင်းရောင်၊ မိုးဟေကို တို့နဲ့ သရုပ်ဆောင်ထားတဲ့ ပပဝတီစီရင်ခန်း ရုပ်ရှင်ရဲ့ ပပဝတီ Celebrity Show” ကို ပန်းရောင် Dress လေးနဲ့ ဆွဲဆောင်မှုရှိရှိတက်ရောက်ခဲ့တာပါ။

ပန်းရောင် Dress လေးနဲ့ပွဲလာသူတိုင်း ငေးမောရလောက်အောင်လှနေတဲ့ ဖွေးဖွေးက သူမရဲ့ အလှပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။ပန်းရောင် Dress လေးနဲ့ မြင်သူတကာငေးအောင်လှနေတဲ့ ဖွေးစိန်လေး

သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ခရက်ဒစ် မိုmoလေး