ခမ်းနားထည်ဝါတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလှကို ပြသလိုက်တဲ့ မိုးဟေကို

ယဉ်ယဉ်လေးနဲ့ ကျော့ရှင်းတဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ အမိုက်စားဖက်ရှင်တွေကို အထာကျကျဝတ်စားတတ်လွန်းလို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မိုးဟေကိုက အထာကျလွန်းတဲ့ဖက်ရှင်နဲ့ ရိုက်ကူးထားတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ နှစ်ချို့ဝိုင်လို နှစ်တွေကြာလေ တန်ဖိုးပိုရှိလာလေဖြစ်တဲ့ မိုးဟေကိုရဲ့ အလှတရားကတော့ စာဖွဲ့လို့တောင် မှီနိုင်မယ်မထင်ပါဘူးနော်။

ချစ်ပရိသတ်တွေအတွက် ဒီနေ့ထိတိုင် နုပျိုလန်းဆန်းနေဆဲဖြစ်တဲ့ မိုးဟေကိုရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။မိုးဟေကိုကတော့ “Black is Everything 🖤🖤🖤” ဆိုပြီး သူမရဲ့ ခပ်မိုက်မိုက်ပုံတွေကို ဝေမျှပေးထားတာပါ။

မိုးဟေကိုကတော့ မြန်မာဆန်တဲ့ အကျီ င်္လေးတွေနဲ့လည်း အရမ်းကို ကျော့ရှင်းပြီး လိုက်ဖက်သလို ညှို့အားပြင်းတဲ့ ဖက်ရှင်တွေနဲ့လိုက်ဖက်ညီလွန်းသူလေးပဲ ဖြစ်ပါတယ်။

လှရက်လိုက်တာ မိုးရယ်…သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ကလည်း ဒီနေ့မှာပဲ ရုံတင်ပြသနေပါပြီနော်။

မိုးဟေကိုကတော့ လတ်တလောမှာ သူကိုယ်တိုင်တည်ထောင်ထားတဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်ပြီး အရည်အသွေးရှိတဲ့ ဇာတ်ကားကောင်းလေးတွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား အလှတိုးလာတဲ့ မမမိုးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။ခရက်ဒစ် မို mo လေး