လူငယ်ပေမယ့် ဘာသာတရား ကိုင်းရှိုင်းလွန်းလို့ ပရိသတ်တွေ ချီးကျူးတာ ခံနေရတဲ့ နေခြည်ဦး

မိန်းမသားပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး၊ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ဘဝကို လျှောက်လှမ်းနေတဲ့ Beauty Blogger မင်းသမီးလေး နေခြည်ဦးကတော့ ပရိသတ်တွေရဲ့အားကျခြင်းကို ခံနေရတဲ့ စံပြအမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ခေတ်လူငယ်ပေမယ့် ဘာသာတရားကိုင်းရှိုင်းလွန်းတာကြောင့်လည်း ပရိသတ်တွေရဲ့အချစ်ကို တိုးတိုးပြီး ရရှိထားတာပါ။

လတ်တလောမှာတော့ နေခြည်ဦးက သူမအဓိဌာန်ထားတဲ့ ကိစ္စတစ်ခု အောင်မြင်သွားလို့ ကျိုက်ထီးရိုးဘုရားအထိသွားပြီး အချိန်လင့်ဟာမှုမရှိပဲ ပြန်လည် ပေးဆပ်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေအတွက် အဓိဌာန်အောင်ပွဲအတွက် ကျိုက်ထီးရိုးဘုရားသို့ ရောက်ရှိခဲ့တဲ့ နေခြည်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ “မင်းမှာ သစ္စာ လူမှာ ကတိ ကတိပြုခဲ့တဲ့ အဓိဌာန်အောင်ပွဲအတွက် သမီးတော် အချိန်လင့်ဟာမှုမရှိ ပြန်လည် ပေးဆပ်ခဲ့ပါတယ်။ 🙏🏻🙏🏻” ဆိုပြီး သူမရဲ့အဓိဌာန်အောင်ပွဲလေး လုပ်ဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အလုပ်တွေရှုပ်တဲ့ မင်းသမီးပေမယ့်လည်း နေခြည်ဦးကတော့ ရောက်ရာနေရာမှာ ဘုရားတရားမမေ့ပဲ၊ ဘာသာရေးလုပ်တတ်တဲ့သူလေးမို့ ပရိသတ်တွက ပိုပြီး အချစ်ပိုနေကြရတာပါနော်။နေခြည်ဦးကတော့ လက်ရှိမှာ မင်းသမီးတစ်ဦးအနေနဲ့ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး၊ Beauty Blogger တစ်ဦးအနေနဲ့ ပရိသတ်တွေကို အလှအပရေးရာတွေ ဝေမျှပေးနေဆဲပါပဲ။

နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံး မေတ္တာ” ရုပ်ရှင်ဇာတ်ကားကလည်း အခုလ (၁၇) ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ချစ်ပရိသတ်တွေလည်း လူငယ်ပေမယ့် လူကြီးတစ်ယောက်လို အဓိဌာန်တွေဝင်ပြီး ဘာသာရေးလုပ်တဲ့ နေခြည်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။ခရက်ဒစ် MOမိုLay