စင်္ကာပူရောက်နေတဲ့ ခပ်မိုက်မိုက် ခရီးသွားပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ပိုင်တံခွန်

မော်ဒယ်မင်းသား ချောချောလေးအနေနဲ့ ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ အခုဆိုရင် ထိုင်းနိုင်ငံအထိပါ အောင်မြင်မှုတွေ များစွာရရှိနေတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အလုပ်ကိစ္စနဲ့ စင်္ကာပူရောက်နေတဲ့ သူ့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

စင်္ကာပူနိုင်ငံရဲ့အထင်ကရနေရာတွေမှာ လျှောက်လည်နေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို မိုက်လွန်းတာမို့ ပရိသတ်တွေလည်း သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်လို့မိုက်တဲ့ မင်းသားချောလေး ပိုင်တံခွန်ရဲ့အမိုက်စားပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ‘စင်္ကာပူ ထိတော့ အလွမ်းတွေ မပေးနဲ့နော်” ဆိုပြီး ကောင်မလေးကို ချွဲနေတဲ့ ပုံစံလေးနဲ့ သူ့ရဲ့ခပ်မိုက်မိုက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ကြင်နာတတ်တဲ့ စိတ်ထားရှိတဲ့ ပိုင်တံခွန်ကတော့ လူအချင်းချင်းသာမကပဲ၊ တိရိစ္ဆာန်လေးတွေကိုလည်း တယုတယနဲ့ ချစ်တတ်လွန်းသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဘယ်လိုတောင် လန်းနေတာလဲ ပိုင်တံခွန်ရယ်…။ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်​ငံမှာ​တော်​တော်​အောင်​မြင်​နေတဲ့ ပိုင်​တံခွန်​က​တော့ မကြာခဏဆိုသလို ထိုင်းပရိသတ်​တွေနဲ့လည်း ရင်းရင်းနှီးနှီး​တွေ့ဆုံ​လေ့ရှိပါတယ်​။ချစ်ပရိသတ်တွေလည်း စင်္ကာပူမှာ အပျော်ကြီးပျော်နေတဲ့ ပိုင်တံခွန်ကို သ​ဘောကျရင်​အချင်းချင်း​ဝေမျှသွားကြပါဦး​နော်​။ခရက်ဒစ် မိုmoလေး