မြစ်ထဲခုန်ချသတ်သေသွားတဲ့သခင်ဖြစ်သူကို တံတားပေါ်တွင်အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှိခွေးလေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကမ္ဘာပေါ်ရှိသစ္စာအရှိဆုံးသတ္တဝါများထဲတွင် ခွေးလေးတွေဟာထိပ်ဆုံးကမပါမဖြစ်ဆိုတာ အထူးအထွေပြောစရာမလိုလောက်အောင် သာဓကများစွာရှိနေတာဖြစ်ပါတယ်။
ယခုတစ်ခါမှာလည်း တရုတ်နိုင်ငံရှိ တံတားပေါ်မှခုန်ချကာ မိမိကိုယ်ကိုသတ်သေသွားတဲ့သခင်ဖြစ်သူကို အချိန်ကြာမြင့်ချိန်အထိဘယ်မှမသွားပဲ ထိုင်စောင့်နေခဲ့တဲ့
ခွေးလေးရဲ့ဓာတ်ပုံများဟာ လူမှုကွန်ယက်ပေါ်ရောက်ရှိခဲ့ပြီးနောက်မှာတော့ လူအများကိုဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ သူဟာပိုင်ရှင်ဖြစ်သူနှင့်အတူ မေလ
(၃၀)ရက်နေ့က Wuhanရှိ Yangtzeတံတားပေါ်သို့လိုက်လာခဲ့ပြီး သခင်ဖြစ်သူမှ တံတားပေါ်မှခုန်ချကာသတ်သေသွားခဲ့ခြင်းဖြစ်သည်။ တံတားရဲ့ကျောက်ကြမ်းခင်း
ပေါ်မှာထိုင်ကာ သခင်ဖြစ်သူပြန်အလာကိုစောင့်နေတဲ့ သူ့ရဲ့ဝမ်းနည်းဖွယ်ပုံရိပ်များဟာ လူထောင်ပေါင်းများစွာရဲ့နှလုံးသားကို ထိခိုက်စေခဲ့ပါတယ်။ အဆိုပါဓာတ်ပုံ
များကို Xuလို့လူသိများတဲ့ ဒေသခံတစ်ဦးမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး သူဟာခွေးလေးကိုမွေးစားဖို့ကောက်ယူခဲ့သော်လည်း သူဟာပြန်ထွက်ပြေးပြီးသခင်ဖြစ်သူကိုသာ စောင့်နေ
ခဲ့ကြောင်းဆိုခဲ့ပါတယ်။ Wuhan အသေးစားတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအသင်း၏ဒါရိုက်တာ Mr. Du Fan က ဒေသခံအချို့၏ အကူအညီဖြင့် ခွေးလေးကိုရှာဖွေ
ထိန်းသိမ်းပေးဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။ မကြာသေးမီကလည်း Wuhan ရှိ ဆေးရုံတစ်ခု၏ဧည့်ခန်းထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ကွယ်လွန်ခဲ့သော သခင်
ဖြစ်သူအား (၃)လကျော်ကြာအထိစောင့်ဆိုင်းနေခဲ့သည့် အသက် (၇)နှစ်အရွယ်ခွေးလေးရဲ့အကြောင်းဟာလည်း ကြားရသူတိုင်းကိုဝမ်းနည်းစေခဲ့ရပါတယ်။ ခရက်ဒစ်