လင်ငယ်နဲ့အတူ လင်ကြီးမောင်းတဲ့ တက္ကဆီကိုစီးဖို့ ငှားမိခဲ့တဲ့ အမျိုးသမီးရဲ့ နောက်ဆက်တွဲဖြစ်ရပ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ယီမိုင်အမည်ရ ကိုလံဘီယာနိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ရေးဖောက်ပြန်ပြီး လင်ငယ်နဲ့အတူချိန်းတွေ့စဉ် အတူစီးဖို့ငှားတဲ့တက်ဆီဟာ လင်ကြီးမောင်းတဲ့တက်ဆီ ဖြစ်နေတာကြောင့် အရှုပ်အထွေးတွေ
ဖြစ်ခဲ့ကြောင်း ကိုလံဘီယာနိုင်ငံမှ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ El Espectador မှဖော်ပြတဲ့သတင်းတစ်ရပ်အရသိရပါတယ်။လောကမှာ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေဖြစ်လေ့ရှိတယ်ဆိုတာ ဒီဖြစ်ရပ်က
သက်သေပြနေပါတယ်။အဆိုပါအမျိုးသမီးဟာလင်ငယ်ဖြစ်သူနဲ့ ဖာက်ပြန်နေတာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း သိရပါတယ်။ လင်ကြီးရဲ့နာမည်ကိုတော့သတင်းစာက မဖော်ပြခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က Santa Marta မြို့မှာ
မရှိခဲ့ပါဘူး။ဒါပေမယ့် Uber မှာစာရင်းသွင်းမှတ်ပုံတင်ထားတဲ့ ကားမောင်းသမားလီယိုနာဒိုဟာ လင်ကြီးရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လင်ကြီးဟာ သူငယ်ချင်းကားကိုခဏငှားပြီးအချိန်ပိုင်းကားမောင်း အပိုဝင်ငွေရှာနေတာဖြစ်ပါတယ်။
ကားပေါ်စရောက်ရောက်ချင်း လင်ကြီးက အံအားသင့်သွားပြီး ဒေါသထွက်သွားခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် Uber မှတာဝန်ရှိသူတွေဟာ လင်ကြီးကို ကားငှားပေးသူ သူငယ်ချင်းလီယိုနာဒိုကို
စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခဲ့ပြီးအိမ်ထောင်ရေးဖောက်ပြန်သူတွေအနေဖြင့် တက်ဆီဘွတ်ကင်လုပ်မည်ဆိုလျှင် Uber အပလီကေးရှင်းတွေဟာ သွားမည့်နေရာ အချိန်စတာတွေကို မှတ်သားထားတာကြောင့် အရင်ကလိုလိမ်ညာဖို့မလွယ်တော့ဘူးဆိုတာသိထားဖို့ သတိပေးပြောကြားခဲ့ပါတယ်။