ပုဂံ ဘုရားငါးဆူ ဌာပနာေတြကို ေဖာက္ထြင္းသြားတဲ့ မသမာသူမ်ား သိေစဖို့ ေၾကာက္မက္ဖြယ္ က်ိန္စာမ်ား

ပုဂံကဘုရားေတြဒီတေလာအေဖါက္ခံရတယ္။ ေဖါက္တဲ့လူနားမလည္တာလားေတာ့မသိဘူး၊ ပုဂံေခတ္ေရွးေဟာင္းပစၥည္းေတြေတာ့မရသြားပါဘူး၊

ဘုရားေတြက၂၀၀၅ ခုႏွစ္ပါတ္ဝန္းက်င္က အထြဋ္တင္ျပဳျပင္ထားတဲ့ ေစတီပုထိုးအသစ္ေတြ ျဖစ္ေနတယ္။ ဘာပဲျဖစ္ျဖစ္ဌာပနာထည့္လွုထားတဲ့

ျပဳျပင္မြမ္းမံအလွုရွင္ေတြ စိတ္မခ်မ္းမသာျဖစ္ရပါတယ္။ ခရီးသြားေတြမရွိေျခာက္ကပ္ေနတဲ့အခ်ိန္၊ ညမထြက္ရအမိန္႔ကိုအခြင့္ေကာင္းယူသြားတဲ့

လူလြန္မသားေတြပဲ။ ပုဂံေခတ္က က်ိန္စာတခုမွာ သူ႔ရဲ့ဘုရားကို ပ်က္စီးေအာင္ႀကိဳးပမ္းသူကို ပုဂံနဲ႔ ေညာင္ဦးၾကားမဟာပထဝီ ေျမႀကီးရဲ့ေျမမွုံတမွုံကို

တႏွစ္ႏွုန္းနဲ႔မဟာအဝီစိမွာက်ပါေစလို့ က်ိန္ဆိုထားခဲ့ဖူးတယ္၊ ပုဂံၿမိဳ့ေဟာင္းနဲ႔ေညာင္ဦးက၃မိုင္ေဝးတယ္။ အလၽွား၃မိုင္xေျမထု ၇၉၁၇မိုင္ဆိုတဲ့

ကိန္းဂဏန္းေပၚကေျမမွုံတမွုံတႏွစ္နဲ႔ ႏွစ္အေရအတြက္ဟာမဟာကုေဋေပါင္းမ်ားစြာငရဲခမွာမေရမတြက္နိုင္ဘူး။ အလြန္ေၾကာက္ဖို့ေကာင္းတယ္။

က်ိန္စာအမ်ားစုမွာေတာ့ ဖ်က္ဆီးသူဟာ အရိေမတၱယ်ဘုရားရွင္ကို ဖူးခြင့္မရပါေစနဲ႔လို့က်ိန္ဆိုတယ္။ အဓိပၸါယ္ကဒီဘဒၵကမၻာႀကီးရဲ့ေနာက္ဆုံးေသာ

ဘုရားရွင္ၿပီးေတာင္သံသရာဝဋ္ဆင္းရဲက မကၽြတ္ပါေစနဲ႔ဆုေတာင္းတာပဲ။ ပထမက်ိန္စာထက္ ေၾကာက္စရာေကာင္းတယ္။ ဘယ္ကမၻာအထိ အပယ္

သံသရာလည္ၾကရမယ္မသိ။ ေမာင္မင္းႀကီးသားမ်ား ယာမတန္ခိုးလား ကိုဗစ္တန္ခိုးလားေတာ့မသိဘူး မေၾကာက္မရြံ့ သတၱိေကာင္းၾကပါေပတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပုဂံကဘုရားတွေဒီတလောအဖေါက်ခံရတယ်။ ဖေါက်တဲ့လူနားမလည်တာလားတော့မသိဘူး၊ ပုဂံခေတ်ရှေးဟောင်းပစ္စည်းတွေတော့မရသွားပါဘူး၊

ဘုရားတွေက၂၀၀၅ ခုနှစ်ပါတ်ဝန်းကျင်က အထွဋ်တင်ပြုပြင်ထားတဲ့ စေတီပုထိုးအသစ်တွေ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ဌာပနာထည့်လှုထားတဲ့

ပြုပြင်မွမ်းမံအလှုရှင်တွေ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ခရီးသွားတွေမရှိခြောက်ကပ်နေတဲ့အချိန်၊ ညမထွက်ရအမိန့်ကိုအခွင့်ကောင်းယူသွားတဲ့

လူလွန်မသားတွေပဲ။ ပုဂံခေတ်က ကျိန်စာတခုမှာ သူ့ရဲ့ဘုရားကို ပျက်စီးအောင်ကြိုးပမ်းသူကို ပုဂံနဲ့ ညောင်ဦးကြားမဟာပထဝီ မြေကြီးရဲ့မြေမှုံတမှုံကို

တနှစ်နှုန်းနဲ့မဟာအဝီစိမှာကျပါစေလို့ ကျိန်ဆိုထားခဲ့ဖူးတယ်၊ ပုဂံမြို့ဟောင်းနဲ့ညောင်ဦးက၃မိုင်ဝေးတယ်။ အလျှား၃မိုင်xမြေထု ၇၉၁၇မိုင်ဆိုတဲ့

ကိန်းဂဏန်းပေါ်ကမြေမှုံတမှုံတနှစ်နဲ့ နှစ်အရေအတွက်ဟာမဟာကုဋေပေါင်းများစွာငရဲခမှာမရေမတွက်နိုင်ဘူး။ အလွန်ကြောက်ဖို့ကောင်းတယ်။

ကျိန်စာအများစုမှာတော့ ဖျက်ဆီးသူဟာ အရိမေတ္တယျဘုရားရှင်ကို ဖူးခွင့်မရပါစေနဲ့လို့ကျိန်ဆိုတယ်။ အဓိပ္ပါယ်ကဒီဘဒ္ဒကမ္ဘာကြီးရဲ့နောက်ဆုံးသော

ဘုရားရှင်ပြီးတောင်သံသရာဝဋ်ဆင်းရဲက မကျွတ်ပါစေနဲ့ဆုတောင်းတာပဲ။ ပထမကျိန်စာထက် ကြောက်စရာကောင်းတယ်။ ဘယ်ကမ္ဘာအထိ အပယ်

သံသရာလည်ကြရမယ်မသိ။ မောင်မင်းကြီးသားများ ယာမတန်ခိုးလား ကိုဗစ်တန်ခိုးလားတော့မသိဘူး မကြောက်မရွံ့ သတ္တိကောင်းကြပါပေတယ်။ ခရက်ဒစ်