အစက ကၽြန္မနားမလည္ေပမယ့္ ေနာက္က်နားလည္လာတယ္။ လိုင္းေပၚမွာ liveလႊင့္ၿပီး ဆြဲႀကိဳးခ်ေသတဲ့ caseနဲ႔ပတ္သက္ၿပီး ဆရာဝန္မေလးတစ္ဦးရဲ႕ သံုးသပ္ခ်က္

ဆြဲႀကိဳးခ်ေသတဲ့ video fileေတြလို့ ႏွစ္ခါျပန္ေသခ်ာၾကည့္မိတယ္။ ခုန္ခ်ၿပီးၿပီးခ်င္းလာဆြဲမယ့္သူမရွိ ေတြ႕ေတြ႕ခ်င္းလူကလည္း တေယာက္က လူကို မ ထား ႀကိဳးကိုခ်က္ခ်င္းျဖတ္ခ်ရမယ္ဆိုတာ မေတြးမိၾကဘူး။ မၾကဳံးဖူးလို႔

ထင္ပါရဲ့။ ထားပါေလ သူ႔ကံတရားေပါ့။ ခုန္ခ်ကတည္းက လည္ပင္းအဆစ္ကျပဳတ္ေလာက္ပါၿပီ။ Hanging case ေတြဆိုတာ ကၽြန္မလက္ေထာက္ဆရာဝန္ဘဝမွာ ခနခနၾကဳံခဲ့ရတဲ့အရာပါ။ ကၽြန္မက caseလိုက္ေလ့ရွိတယ္။

EMO night dutyဆို ညသန္းေခါင္ ႏြားလွည္းႀကီးနဲ႔အေလာင္းႀကီး ေရာက္ခ်လာတတ္ပါတယ္။ ေဗဒင္မေမးနဲ႔ ဆြဲႀကိဳးခ်ေသလာတာပါ။ ရြာေတြကလာေတာ့ ေရာက္ခ်ိန္ဟာ အျမဲလို ညသန္းေခါင္ပါ။ ဆရာဝန္ရဲ့အလုပ္က

ေသခ်ာစစ္ဖို့ပါ။ ညႀကီး ရင္ခြဲ႐ုံထဲက ရင္ခြဲသူအမူးကိုယ္ေတာ္နဲ႔ ကိုယ္နဲ႔ ႏွစ္ေယာက္ထဲမျဖစ္ေတာ့ ေဆး႐ုံေရွ႕ အေလာင္းခ်ခ်ခ်င္း အလင္းေရာင္ေအာက္မွာပဲ ေသခ်ာျဖဲယဲ စစ္ရတယ္။ အဲ့စကား မရိုမေသစကားေပမယ့္ တကယ္

ျဖဲစစ္ရတာပါ။ ေျမႀကီးေပၚခ်ထားတဲ့အေလာင္းနား ဒူးတုတ္ၿပီး ပါးစပ္ျဖဲ ေပါင္ျဖဲ တကိုယ္လုံးေသခ်ာၾကည့္ရတဲ့အျပင္ မိန္းမဆို မုဒိန္းက်င့္ခံရ ဘာညာသိဖို့ မိန္းမကိုယ္ထဲက နမူနာအရည္ေတြပါ အေလာင္းနားမ်က္ႏွာကပ္ခါ

ႏွိုက္ယူရပါသရွင့္။ (ဆရာဝန္ဘဝဟာ ကိုရီးယားကားထဲကလို နားက်ပ္ေလးနဲ႔ ေက်ာ့ေက်ာ့ေလးထင္ေနသူမ်ား ေဆာရီး ေစာင္ဆရာဝန္ေတြဘြ သာယာတယ္မွတ္ၿပီးအလကားေနဆဲေနသူေတြလည္းေဆာရီး ကိုယ္ေတြ

တကယ့္ဘြကအာ့လိုပဲ) အဲ့လိုအႏုလုံ ပတိလုံ အေလာင္းရွုသဘင္ၿပီးသကာလ ဝၿပီဆို ရင္ခြဲ႐ုံပို့ မနက္ဂ်ဴတီထြက္ခ်ိန္အိမ္မျပန္ရ အဲ့အေလာင္းကို ရင္ခြဲ႐ုံမွာ အလုပ္သမားနဲ႔အတူ ခြဲစိတ္ရပါတယ္။ ဆြဲႀကိဳးခ်လို့ေသတာလား

သတ္ၿပီးမွ ႀကိဳးစြပ္ထားသလား အဆိပ္မိေနတာရွိလား တျခားေရာဂါရွိလား မိန္းမေတြဆို ကိုယ္ဝန္ရွိေနလား ဒါဏ္ရာရွိေနလား စသည္ ဆရာဝန္ကဆုံးျဖတ္ ေဆးစာေရးရပါတယ္။ တရား႐ုံးမွာ ထြက္ဆိုရပါတယ္။ ေျပာခ်င္တာက

ဆြဲႀကိဳးခ်ေသတဲ့သူ ကၽြန္မၾကဳံဖူးသမၽွ အမ်ားစုဟာ ႀကံ့ခိုင္သန္စြမ္းတဲ့ေယာက္်ားရင့္မႀကီးေတြပဲ။,မိန္းမေတြလည္းျဖစ္တတ္တယ္ ဒါေပမယ့္ေယာက္်ားပိုမ်ားသလိုပဲ။ ဒါေၾကာင့္ဒီစာကိုေရးပါတယ္။ အစက ကၽြန္မနားမလည္ေပမယ့္

ေနာက္က်နားလည္လာတယ္။ ေလာကဓံနဲ႔တကယ္ၾကဳံၿပီဆို မိန္းမေတြက ဒူေပဒါေပပိုခံနိုင္ၾကပါတယ္။ ေန႔စဥ္ စိတ္ဆင္းရဲစရာေတြခါးစည္းေျဖရွင္းေနၾကမို့ျဖစ္နိုင္ပါတယ္။ ေယာက္်ားေတြက် စိတ္ရွုပ္မခံနိုင္ပါဘူး စိတ္ရွုပ္စရာလို႔

ထင္တာနဲ႔ လြတ္ရာေန လြတ္ရာသြား ေခါင္းထဲသိပ္ထည့္ေလ့မရွိ နားပူမခံနိုင္တာ က်ားသဘာဝပါ။ ေနာက္တခ်က္က ေယာက္်ားေတြသဘာဝဟာ ရင္ဖြင့္ေျပာျပေလ့မရွိဘူး။ ေကာင္းတာျဖစ္ျဖစ္ ဆိုးတာျဖစ္ျဖစ္ မိန္းမေတြက

ရင္ဖြင့္တတ္တယ္ ကိုယ္ယုံၾကည္ရသူကိုဖြင့္ေျပာျပ ငိုယို လုပ္လိုက္ရင္ မ်ားေသာအားျဖင့္နည္းနည္း စိတ္ထဲေပါ့သြားတတ္တယ္။ ေယာက္်ားေတြမွာက် ေယာက္်ားမာနလည္းရွိ သိကၡာကိုထိခိုက္မွာအရမ္းေၾကာက္ၾကေတာ့

ရင္ဖြင့္ၾကေလ့မရွိေတာ့ သူ႔အပူနဲ႔သူေလာင္ၿမိဳက္ၿပီး စိတ္ေျဖရာကိုရွာမေတြ႕တတ္ဘူး။ ၿပီးေတာ့ လင္မယားၾကားသံသယေတြမွာ မိန္းမေတြကသံသယရွိတာ ဖြင့္ေျပာ ရန္လုပ္ ျပသနာရွာေလ့ရွိေပမယ့္ ေယာက္်ားေတြကေတာ့

စိတ္ထဲျမဳံထားတဲ့ သံသယနဲ႔ သူ႔ဘာသာပိတ္ေလွာင္ၿပီး ထြက္ေပါက္မရွိျဖစ္တတ္တယ္။ အဲ့စိတ္ေတြကိုေဖာက္ထုတ္ခ်ိန္ဟာ သူတပါးအသက္ရန္ရွာတာ ကိုယ့္ကိုယ္ကိုယ္သတ္ေသတာေတြ ျဖစ္တတ္တယ္။ အဲေတာ့

ေယာက္်ားေတြရဲ့ပင္ကိုယ္စိတ္ဟာ သဘာဝေပမယ့္ ရင္ဖြင့္တတ္တဲ့အက်င့္ေတာ့ ရွိေစခ်င္တယ္။ဘယ္သူ႔အတြက္မွမဟုတ္ ကိုယ့္အတြက္ပါ။ ဘယ္သူမွနားလည္ေပးစရာမလို ကိုယ့္စိတ္ထဲေပါ့သြားဖို့အတြက္ပါ။ Coupleၾကားက

ျပသနာဆိုလည္း သူကတကယ္ေဖာက္ျပန္ေနေတာင္ ကိုယ္ကေသစရာအေၾကာင္းမရွိပါဘူး။ တကယ္မဟုတ္ပဲ ကိုယ္ကသံသယႀကီးေနတာလားဆိုတာလည္း ရင္ဖြင့္ေဆြးေႏြးတိုင္ပင္မွသာရတာရယ္။ တေယာက္ထဲ

ျမဳံေနၿပီး ျပသနာကိုႀကီးထြားေစတာအေျဖမဟုတ္ဘူး။ ၿပီးေတာ့ကေလးတေယာက္ရဲ့ စိတ္ဒါဏ္ရာဟာ မိဘရန္ျဖစ္ခ်ိန္တိုင္း ဒါဏ္ရာတခုရတယ္။ မိဘေသဆုံးျခင္းကိုမ်က္ျမင္ျမင္ရရင္ အဲ့စိတ္ဒါဏ္ရာဟာ ေသရာပါနိုင္ပါတယ္။

အိမ္ေထာင္ေရးဆိုတာကို မယုံၾကည္ မုန္းတီးသြားနိုင္သလို သူတို့စိတ္တအားဖိစီးတဲ့အခါ အဲလိုအတုခိုးၿပီးလုပ္မိမွာမ်ိဳးေတြလဲ ေၾကာက္ရပါတယ္။ ရန္ျဖစ္ရင္ေတာင္ ကေလးကြယ္ရာပဲ ျဖစ္သင့္တာမွာ Violenceေတြ

ကေလးေတြလုံးဝမေတြ႕ၾကဳံသင့္ပါဘူး။ ဘဝမွာ တခါရဘူးတဲ့စိတ္ဒါဏ္ရာဟာ ဘဝတေလ်ာက္အလြန္ ဒုကၡေပးတာမို့ပါ။ Coupleေတြအေနနဲ႔လဲ ျပသနာမွန္သမၽွ ပြင့္ပြင့္လင္းလင္းေျပာဆိုညႇိႏွိုင္းသင့္ပါတယ္။ ဘယ္အရာမွ မျမဲတဲ့

ေလာကမွာ သူက ကိုယ့္မခ်စ္ေတာ့ရင္လဲ လက္ခံရမယ္ သားသမီးအတြက္ရွင္သန္ရမယ္။ ခ်စ္ျခင္းရွိမွ ဘဝဟာေနေပ်ာ္တယ္ဆိုတာမ်ိဳးက မွားယြင္းတယ္။ ေလာကဓံမွာ ဘယ္လိုပုံစံနဲ႔မဆိုရွင္သန္ေနရမယ္ ေသေလာက္စရာလို႔

ထင္ရတာေတြကိုရင္ဆိုင္ရင္း ရွင္သန္ရတာသတၱိရွိဖို့လိုတယ္။ ဒါေၾကာင့္တေယာက္ေယာက္စိတ္ဓာတ္က်အားငယ္ depressျဖစ္ေနၿပီဆို ကိုယ္သိသူဆို ကၽြန္မmsgerကေနအျမဲ councellingလုပ္ေပးေလ့ရွိတယ္။ ကိုယ္ကိုယ္တိုင္

ဆိုရင္လည္း တေယာက္ေယာက္ကိုေျပာျပငိုယိုၿပီး ေပါ့သြားတာပါပဲ။လာကနဲ႔ ဟာမိုနီျဖစ္စြာ ေနထိုင္ဖို့ဆိုရင္ မာနမႀကီးရဘူး သံသယမႀကီးရဘူး အတၱမႀကီးရဘူး ပိုင္ဆိုင္ခ်င္စိတ္မႀကီးရဘူး မျမဲျခင္းကိုလက္ခံေနထိုင္ရမယ္

ကံကံ၏အက်ိဳးကိုယုံရမယ္ ကိုယ့္ကိုယ္ကိုယ္ေရာ သူမ်ားကိုေရာ ေမတၱာထားတတ္ရတယ္။ ခုနvideoနဲ႔ ကၽြန္မေရးတာမသက္ဆိုင္ပါဘူး။ သိလဲမသိပါဘူး။ အေၾကာင္းရင္းလဲမသိပါဘူး။ ကၽြန္မၾကဳံဖုးတဲ့ hanging caseေပါင္း

မ်ားစြာကို သုံးသပ္ၿပီး Negative thoughts ေတြကို positiveျဖစ္ေအာင္ေျပာင္းတတ္ၾကဖို့ေလးပါ လူတိုင္းမွာ စိတ္ထြက္ေပါက္ recreationေတြလိုတယ္ဆိုတာလည္း တေယာက္ကိုတေယာက္နားလည္ဖန္တီးေပးသင့္

ပါတယ္။ မူးယစ္ေသစာမွန္သမၽွ ေပ်ာ္ရႊင္ စရာဘဝေတြကို ဖ်က္ဆီးတတ္တာမို့ စြဲလန္းသုံးမိတာမျဖစ္ဖို့လည္း ဆင္ျခင္သင့္ပါတယ္ ကၽြန္မတို့ေဆြနီးမ်ိဳးစပ္ ကေလးတေယာက္လဲ သူ႔မိန္းမနဲ႔ ရန္ျဖစ္ၿပီး အရက္ေတြေသာက္ၿပီး

တေယာက္ထဲ ဆြဲႀကိဳးခ်ေသသြားတာၾကဳံဖူးလို့ပါ။ ရခဲတဲ့လူ႔ဘဝႀကီးကို အဲ့လိုနည္းနဲ႔ေတာ့အဆုံးမသတ္ေစခ်င္ဘူး။ ခံစားခ်က္ဆိုတာလည္း အခ်ိန္နဲ႔အတူေျပာင္းေနတာမို့ အခ်ိန္ေလးတခုယူၿပီး စိတ္ကို healလုပ္သင့္ပါတယ္။

ကၽြန္မတို့ေသခ်င္ခဲ့တဲ့အေၾကာင္းအရာေတြက ႏွစ္မ်ားစြာၾကာေတာ့ ဒါကိုေသခ်င္စရာလို့မျမင္ေတာ့ပါဘူး။ ခ်စ္ျခင္းနဲ႔ ပတ္သက္ရင္ေတာ့ ကိုယ္ခ်စ္ေနရင္ၿပီးေရာ ဆိုတဲ့စိတ္မ်ိဳးေမြးလိုက္ကတည္းက အခ်စ္ေၾကာင့္စိတ္ဆင္းရဲရတာမ်ိဳး

မရွိေတာ့သေလာက္ပါပဲ။ ၿပီးေတာ့ ေယာက္်ားေတြစိတ္တကယ္ဖိစီးၿပီဆို အသဲတကယ္ႏုတာမို့ က်ားက်ားေတြစိတ္ဖိစီးရင္ ေၾကာင္ေလးလို ေထြးေပြ႕ႏွစ္သိမ့္ဖို့လဲ လိုအပ္ပါေၾကာင္း ေမတၱာျဖင့္ Dr.စိုးနႏၵာထက္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဆွဲကြိုးချသေတဲ့ video fileတွေလို့ နှစ်ခါပြန်သေချာကြည့်မိတယ်။ ခုန်ချပြီးပြီးချင်းလာဆွဲမယ့်သူမရှိ တွေ့တွေ့ချင်းလူကလည်း တယောက်က လူကို မ ထား ကြိုးကိုချက်ချင်းဖြတ်ချရမယ်ဆိုတာ မတွေးမိကြဘူး။ မကြုံးဖူးလို့

ထင်ပါရဲ့။ ထားပါလေ သူ့ကံတရားပေါ့။ ခုန်ချကတည်းက လည်ပင်းအဆစ်ကပြုတ်လောက်ပါပြီ။ Hanging case တွေဆိုတာ ကျွန်မလက်ထောက်ဆရာဝန်ဘဝမှာ ခနခနကြုံခဲ့ရတဲ့အရာပါ။ ကျွန်မက caseလိုက်လေ့ရှိတယ်။

EMO night dutyဆို ညသန်းခေါင် နွားလှည်းကြီးနဲ့အလောင်းကြီး ရောက်ချလာတတ်ပါတယ်။ ဗေဒင်မမေးနဲ့ ဆွဲကြိုးချသေလာတာပါ။ ရွာတွေကလာတော့ ရောက်ချိန်ဟာ အမြဲလို ညသန်းခေါင်ပါ။ ဆရာဝန်ရဲ့အလုပ်က

သေချာစစ်ဖို့ပါ။ ညကြီး ရင်ခွဲရုံထဲက ရင်ခွဲသူအမူးကိုယ်တော်နဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲမဖြစ်တော့ ဆေးရုံရှေ့ အလောင်းချချချင်း အလင်းရောင်အောက်မှာပဲ သေချာဖြဲယဲ စစ်ရတယ်။ အဲ့စကား မရိုမသေစကားပေမယ့် တကယ်

ဖြဲစစ်ရတာပါ။ မြေကြီးပေါ်ချထားတဲ့အလောင်းနား ဒူးတုတ်ပြီး ပါးစပ်ဖြဲ ပေါင်ဖြဲ တကိုယ်လုံးသေချာကြည့်ရတဲ့အပြင် မိန်းမဆို မုဒိန်းကျင့်ခံရ ဘာညာသိဖို့ မိန်းမကိုယ်ထဲက နမူနာအရည်တွေပါ အလောင်းနားမျက်နှာကပ်ခါ

နှိုက်ယူရပါသရှင့်။ (ဆရာဝန်ဘဝဟာ ကိုရီးယားကားထဲကလို နားကျပ်လေးနဲ့ ကျော့ကျော့လေးထင်နေသူများ ဆောရီး စောင်ဆရာဝန်တွေဘွ သာယာတယ်မှတ်ပြီးအလကားနေဆဲနေသူတွေလည်းဆောရီး ကိုယ်တွေ

တကယ့်ဘွကအာ့လိုပဲ) အဲ့လိုအနုလုံ ပတိလုံ အလောင်းရှုသဘင်ပြီးသကာလ ဝပြီဆို ရင်ခွဲရုံပို့ မနက်ဂျူတီထွက်ချိန်အိမ်မပြန်ရ အဲ့အလောင်းကို ရင်ခွဲရုံမှာ အလုပ်သမားနဲ့အတူ ခွဲစိတ်ရပါတယ်။ ဆွဲကြိုးချလို့သေတာလား

သတ်ပြီးမှ ကြိုးစွပ်ထားသလား အဆိပ်မိနေတာရှိလား တခြားရောဂါရှိလား မိန်းမတွေဆို ကိုယ်ဝန်ရှိနေလား ဒါဏ်ရာရှိနေလား စသည် ဆရာဝန်ကဆုံးဖြတ် ဆေးစာရေးရပါတယ်။ တရားရုံးမှာ ထွက်ဆိုရပါတယ်။ ပြောချင်တာက

ဆွဲကြိုးချသေတဲ့သူ ကျွန်မကြုံဖူးသမျှ အများစုဟာ ကြံ့ခိုင်သန်စွမ်းတဲ့ယောက်ျားရင့်မကြီးတွေပဲ။,မိန်းမတွေလည်းဖြစ်တတ်တယ် ဒါပေမယ့်ယောက်ျားပိုများသလိုပဲ။ ဒါကြောင့်ဒီစာကိုရေးပါတယ်။ အစက ကျွန်မနားမလည်ပေမယ့်

နောက်ကျနားလည်လာတယ်။ လောကဓံနဲ့တကယ်ကြုံပြီဆို မိန်းမတွေက ဒူပေဒါပေပိုခံနိုင်ကြပါတယ်။ နေ့စဉ် စိတ်ဆင်းရဲစရာတွေခါးစည်းဖြေရှင်းနေကြမို့ဖြစ်နိုင်ပါတယ်။ ယောက်ျားတွေကျ စိတ်ရှုပ်မခံနိုင်ပါဘူး စိတ်ရှုပ်စရာလို့

ထင်တာနဲ့ လွတ်ရာနေ လွတ်ရာသွား ခေါင်းထဲသိပ်ထည့်လေ့မရှိ နားပူမခံနိုင်တာ ကျားသဘာဝပါ။ နောက်တချက်က ယောက်ျားတွေသဘာဝဟာ ရင်ဖွင့်ပြောပြလေ့မရှိဘူး။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် မိန်းမတွေက

ရင်ဖွင့်တတ်တယ် ကိုယ်ယုံကြည်ရသူကိုဖွင့်ပြောပြ ငိုယို လုပ်လိုက်ရင် များသောအားဖြင့်နည်းနည်း စိတ်ထဲပေါ့သွားတတ်တယ်။ ယောက်ျားတွေမှာကျ ယောက်ျားမာနလည်းရှိ သိက္ခာကိုထိခိုက်မှာအရမ်းကြောက်ကြတော့

ရင်ဖွင့်ကြလေ့မရှိတော့ သူ့အပူနဲ့သူလောင်မြိုက်ပြီး စိတ်ဖြေရာကိုရှာမတွေ့တတ်ဘူး။ ပြီးတော့ လင်မယားကြားသံသယတွေမှာ မိန်းမတွေကသံသယရှိတာ ဖွင့်ပြော ရန်လုပ် ပြသနာရှာလေ့ရှိပေမယ့် ယောက်ျားတွေကတော့

စိတ်ထဲမြုံထားတဲ့ သံသယနဲ့ သူ့ဘာသာပိတ်လှောင်ပြီး ထွက်ပေါက်မရှိဖြစ်တတ်တယ်။ အဲ့စိတ်တွေကိုဖောက်ထုတ်ချိန်ဟာ သူတပါးအသက်ရန်ရှာတာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေ ဖြစ်တတ်တယ်။ အဲတော့

ယောက်ျားတွေရဲ့ပင်ကိုယ်စိတ်ဟာ သဘာဝပေမယ့် ရင်ဖွင့်တတ်တဲ့အကျင့်တော့ ရှိစေချင်တယ်။ဘယ်သူ့အတွက်မှမဟုတ် ကိုယ့်အတွက်ပါ။ ဘယ်သူမှနားလည်ပေးစရာမလို ကိုယ့်စိတ်ထဲပေါ့သွားဖို့အတွက်ပါ။ Coupleကြားက

ပြသနာဆိုလည်း သူကတကယ်ဖောက်ပြန်နေတောင် ကိုယ်ကသေစရာအကြောင်းမရှိပါဘူး။ တကယ်မဟုတ်ပဲ ကိုယ်ကသံသယကြီးနေတာလားဆိုတာလည်း ရင်ဖွင့်ဆွေးနွေးတိုင်ပင်မှသာရတာရယ်။ တယောက်ထဲ

မြုံနေပြီး ပြသနာကိုကြီးထွားစေတာအဖြေမဟုတ်ဘူး။ ပြီးတော့ကလေးတယောက်ရဲ့ စိတ်ဒါဏ်ရာဟာ မိဘရန်ဖြစ်ချိန်တိုင်း ဒါဏ်ရာတခုရတယ်။ မိဘသေဆုံးခြင်းကိုမျက်မြင်မြင်ရရင် အဲ့စိတ်ဒါဏ်ရာဟာ သေရာပါနိုင်ပါတယ်။

အိမ်ထောင်ရေးဆိုတာကို မယုံကြည် မုန်းတီးသွားနိုင်သလို သူတို့စိတ်တအားဖိစီးတဲ့အခါ အဲလိုအတုခိုးပြီးလုပ်မိမှာမျိုးတွေလဲ ကြောက်ရပါတယ်။ ရန်ဖြစ်ရင်တောင် ကလေးကွယ်ရာပဲ ဖြစ်သင့်တာမှာ Violenceတွေ

ကလေးတွေလုံးဝမတွေ့ကြုံသင့်ပါဘူး။ ဘဝမှာ တခါရဘူးတဲ့စိတ်ဒါဏ်ရာဟာ ဘဝတလျောက်အလွန် ဒုက္ခပေးတာမို့ပါ။ Coupleတွေအနေနဲ့လဲ ပြသနာမှန်သမျှ ပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းသင့်ပါတယ်။ ဘယ်အရာမှ မမြဲတဲ့

လောကမှာ သူက ကိုယ့်မချစ်တော့ရင်လဲ လက်ခံရမယ် သားသမီးအတွက်ရှင်သန်ရမယ်။ ချစ်ခြင်းရှိမှ ဘဝဟာနေပျော်တယ်ဆိုတာမျိုးက မှားယွင်းတယ်။ လောကဓံမှာ ဘယ်လိုပုံစံနဲ့မဆိုရှင်သန်နေရမယ် သေလောက်စရာလို့

ထင်ရတာတွေကိုရင်ဆိုင်ရင်း ရှင်သန်ရတာသတ္တိရှိဖို့လိုတယ်။ ဒါကြောင့်တယောက်ယောက်စိတ်ဓာတ်ကျအားငယ် depressဖြစ်နေပြီဆို ကိုယ်သိသူဆို ကျွန်မmsgerကနေအမြဲ councellingလုပ်ပေးလေ့ရှိတယ်။ ကိုယ်ကိုယ်တိုင်

ဆိုရင်လည်း တယောက်ယောက်ကိုပြောပြငိုယိုပြီး ပေါ့သွားတာပါပဲ။လာကနဲ့ ဟာမိုနီဖြစ်စွာ နေထိုင်ဖို့ဆိုရင် မာနမကြီးရဘူး သံသယမကြီးရဘူး အတ္တမကြီးရဘူး ပိုင်ဆိုင်ချင်စိတ်မကြီးရဘူး မမြဲခြင်းကိုလက်ခံနေထိုင်ရမယ်

ကံကံ၏အကျိုးကိုယုံရမယ် ကိုယ့်ကိုယ်ကိုယ်ရော သူများကိုရော မေတ္တာထားတတ်ရတယ်။ ခုနvideoနဲ့ ကျွန်မရေးတာမသက်ဆိုင်ပါဘူး။ သိလဲမသိပါဘူး။ အကြောင်းရင်းလဲမသိပါဘူး။ ကျွန်မကြုံဖုးတဲ့ hanging caseပေါင်း

များစွာကို သုံးသပ်ပြီး Negative thoughts တွေကို positiveဖြစ်အောင်ပြောင်းတတ်ကြဖို့လေးပါ လူတိုင်းမှာ စိတ်ထွက်ပေါက် recreationတွေလိုတယ်ဆိုတာလည်း တယောက်ကိုတယောက်နားလည်ဖန်တီးပေးသင့်

ပါတယ်။ မူးယစ်သေစာမှန်သမျှ ပျော်ရွှင် စရာဘဝတွေကို ဖျက်ဆီးတတ်တာမို့ စွဲလန်းသုံးမိတာမဖြစ်ဖို့လည်း ဆင်ခြင်သင့်ပါတယ် ကျွန်မတို့ဆွေနီးမျိုးစပ် ကလေးတယောက်လဲ သူ့မိန်းမနဲ့ ရန်ဖြစ်ပြီး အရက်တွေသောက်ပြီး

တယောက်ထဲ ဆွဲကြိုးချသေသွားတာကြုံဖူးလို့ပါ။ ရခဲတဲ့လူ့ဘဝကြီးကို အဲ့လိုနည်းနဲ့တော့အဆုံးမသတ်စေချင်ဘူး။ ခံစားချက်ဆိုတာလည်း အချိန်နဲ့အတူပြောင်းနေတာမို့ အချိန်လေးတခုယူပြီး စိတ်ကို healလုပ်သင့်ပါတယ်။

ကျွန်မတို့သေချင်ခဲ့တဲ့အကြောင်းအရာတွေက နှစ်များစွာကြာတော့ ဒါကိုသေချင်စရာလို့မမြင်တော့ပါဘူး။ ချစ်ခြင်းနဲ့ ပတ်သက်ရင်တော့ ကိုယ်ချစ်နေရင်ပြီးရော ဆိုတဲ့စိတ်မျိုးမွေးလိုက်ကတည်းက အချစ်ကြောင့်စိတ်ဆင်းရဲရတာမျိုး

မရှိတော့သလောက်ပါပဲ။ ပြီးတော့ ယောက်ျားတွေစိတ်တကယ်ဖိစီးပြီဆို အသဲတကယ်နုတာမို့ ကျားကျားတွေစိတ်ဖိစီးရင် ကြောင်လေးလို ထွေးပွေ့နှစ်သိမ့်ဖို့လဲ လိုအပ်ပါကြောင်း မေတ္တာဖြင့် Dr.စိုးနန္ဒာထက် ခရက်ဒစ်