ေတာအရက္ပုလင္း ၃ လုံး လက္ဝယ္ထားထားေသာ အမ်ိဳးသမီးကို ဖမ္းဆီးအေရးယူလိုက္နိုင္ေသာ ျမန္မာနိုင္ငံ ျပည္သူ႕ရဲမ်ား

ဆိပ္ျဖဴၿမိဳ႕နယ္ သင္ေပါင္းေက်း႐ြာတြင္ ေတာအရက္ ၃ လုံးလက္ဝယ္ထားရွိေသာ အမ်ိဳးသမီးတစ္ဦးအား ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ကဇြန္းမနယ္ေျမရဲစခန္းမွ

သိရသည္။ ျဖစ္စဥ္မွာ ကဇြန္းမနယ္ေျမရဲစခန္းမွ ဒုရဲအုပ္သန႔္ဇင္ႏွင့္အဖြဲ႕သည္ ဇြန္ ၅ရက္ ညေန ၃ နာရီက လိုင္စင္မဲ့ ေတာအရက္မ်ားခ်က္ေရာင္းေနေၾကာင္း

သတင္းအရ ဆိပ္ျဖဴၿမိဳ႕နယ္ သင္ေပါင္းေက်း႐ြာေန မေအးမာဝင္း (37)ႏွစ္၏ ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္အေပၚထပ္မွ လိုင္စင္မဲ့ ေတာအရက္

သုံးပုလင္း ေတြ႕ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။ ယင္းသိမ္းဆည္းရမိမႈႏွင့္ ပတ္သတ္၍ မေအးမာဝင္းအား အေရးယူေပးရန္ ဒုရဲအုပ္သန႔္ဇင္က တရားလိုျပဳ

တိုင္ၾကား၍ ဆိပ္ျဖဴၿမိဳ႕နယ္ ကဇြန္းမနယ္ေျမရဲစခန္းက (ပ)၁၃/၂၀၁၇ ယစ္မ်ိဳးဥပေဒ ပုဒ္မ ၃၇ျဖင့္ အမႈဖြင့္ထားသည္။ ျမန္မာျပည္ကရဲေတြေရ ဗစ္တိုးရီယားအမႈ

မူးယစ္ေဆးဝါး ကြန္တိန္နာကားေတြ ပိုင္ရွင္မဲ့ျဖစ္မႈေတြ ဘယ္လိုလုပ္ၾကပါမလဲလို႔ သိခ်င္မိပါတယ္။ ေတာအရက္ေလးသုံးလုံးေလးနဲ႔ အမ်ိဳးသမီးက် ဖမ္းဆီး

အေရးယူၿပီး က်န္တဲ့ အမႈႀကီးေတြက် ပိတ္ေပးေနရတာ ကိုယ့္ကိုယ္ကို ရဲတစ္ေယာက္လို႔ ခံယူေသးရင္ ရွက္ဖို႔ေကာင္းပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဆိပ်ဖြူမြို့နယ် သင်ပေါင်းကျေးရွာတွင် တောအရက် ၃ လုံးလက်ဝယ်ထားရှိသော အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ကဇွန်းမနယ်မြေရဲစခန်းမှ

သိရသည်။ ဖြစ်စဉ်မှာ ကဇွန်းမနယ်မြေရဲစခန်းမှ ဒုရဲအုပ်သန့်ဇင်နှင့်အဖွဲ့သည် ဇွန် ၅ရက် ညနေ ၃ နာရီက လိုင်စင်မဲ့ တောအရက်များချက်ရောင်းနေကြောင်း

သတင်းအရ ဆိပ်ဖြူမြို့နယ် သင်ပေါင်းကျေးရွာနေ မအေးမာဝင်း (37)နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ်မှ လိုင်စင်မဲ့ တောအရက်

သုံးပုလင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ယင်းသိမ်းဆည်းရမိမှုနှင့် ပတ်သတ်၍ မအေးမာဝင်းအား အရေးယူပေးရန် ဒုရဲအုပ်သန့်ဇင်က တရားလိုပြု

တိုင်ကြား၍ ဆိပ်ဖြူမြို့နယ် ကဇွန်းမနယ်မြေရဲစခန်းက (ပ)၁၃/၂၀၁၇ ယစ်မျိုးဥပဒေ ပုဒ်မ ၃၇ဖြင့် အမှုဖွင့်ထားသည်။ မြန်မာပြည်ကရဲတွေရေ ဗစ်တိုးရီယားအမှု

မူးယစ်ဆေးဝါး ကွန်တိန်နာကားတွေ ပိုင်ရှင်မဲ့ဖြစ်မှုတွေ ဘယ်လိုလုပ်ကြပါမလဲလို့ သိချင်မိပါတယ်။ တောအရက်လေးသုံးလုံးလေးနဲ့ အမျိုးသမီးကျ ဖမ်းဆီး

အရေးယူပြီး ကျန်တဲ့ အမှုကြီးတွေကျ ပိတ်ပေးနေရတာ ကိုယ့်ကိုယ်ကို ရဲတစ်ယောက်လို့ ခံယူသေးရင် ရှက်ဖို့ကောင်းပါတယ်။ ခရက်ဒစ်