ေဒသထြက္ ႀကိမ္၊ ဝါး၊ ေဗဒါ လက္မႈလူသုံးကုန္ပစၥည္း ထုတ္လုပ္စုေဆာင္းမႈမ်ား ျပန္လည္စတင္

ေဒသထြက္ကုန္ ႀကိမ္၊ ဝါး၊ ေဗဒါ လက္မႈလူသုံးကုန္ပစၥည္း ထုတ္လုပ္စုေဆာင္းမႈမ်ား ျပန္လည္စတင္။ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခရိုင္၊ ငါးသိုင္းေခ်ာင္းၿမိဳ့၌ ေဒသထြက္ကုန္ ဝါးဦးထုပ္(ဝါးစတား)၊ ဝါးခေမာက္လုပ္ငန္း

အပါအဝင္ ႀကိမ္၊ ဝါး၊ ေဗဒါ လက္မွုလူသုံးကုန္ပစၥည္း ထုတ္လုပ္စုေဆာင္းမွုႏွင့္ အေရာင္းအဝယ္လုပ္ငန္းမ်ားမွာ ကိုဗစ္-၁၉ ေရာဂါကာလအတြင္း ယာယီရပ္ဆိုင္းထားခဲ့ရၿပီး ယခု ဇြန္လဆန္းပိုင္းတြင္ တိုင္းေဒသႀကီးအတြင္းႏွင့္

တိုင္း‌ေဒသႀကီး ျပင္ပကုန္စည္ပို့ေဆာင္ေရး၊ ခရီးသြား လာေရးကို သတ္မွတ္ညႊန္ၾကားခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ေပးခဲ့ရာ ဇြန္လ ၆ ရက္ေန႔တြင္ ငါးသိုင္းေခ်ာင္းၿမိဳ့ရွိ ႀကိမ္၊ ဝါး၊ ေဗဒါ လက္မွုလူသုံးကုန္ပစၥည္းမ်ား

ထုတ္လုပ္၊ စုေဆာင္းမွုလုပ္ငန္းမ်ား ျပန္လည္စတင္လုပ္ကိုင္လ်က္ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။ လက္ရွိအေျခအေနတြင္ အဆိုပါ လက္မွုလူသုံးကုန္ပစၥည္းမ်ား အေရာင္းအဝယ္ေဈးကြက္ ပုံမွန္အ‌ေျခအေန ျပန္လည္

မရရွိေသးေသာ္လည္း ကုန္ပစၥည္း ထုတ္လုပ္စုေဆာင္းမွုကို ျပန္လည္လုပ္‌ေဆာင္လ်က္ရွိေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါကာလအတြင္း အခ်ိန္ႏွစ္လခန႔္ ကုန္ပစၥည္းထုတ္လုပ္မွု ယာယီရပ္ဆိုင္းခဲ့ရၿပီး လက္မွုလုပ္ငန္းခြင္ရွိ

လုပ္သားမ်ား၏ ပုံမွန္ဝင္ေငြရရွိေစေရးႏွင့္ ေဒသထြက္လက္မွုလူသုံးကုန္ပစၥည္း ယမ်ား အေရာင္းအဝယ္ေဈးကြက္ ပုံမွန္ျပန္လည္လည္ပတ္နိုင္ေရးအတြက္ ကုန္ပစၥည္းထုတ္လုပ္ စုေဆာင္းမွုမ်ားကို ယခုလအတြင္း

ျပန္လည္ေဆာင္ရြက္လ်က္ရွိေၾကာင္း ငါးသိုင္းေခ်ာင္းၿမိဳ့မွ ႀကိမ္၊ ဝါး၊ ေဗဒါ လက္မွုလူသုံးကုန္ပစၥည္း ထုတ္လုပ္ေရာင္းခ်သူတစ္ဦးျဖစ္သူ ဦးေအာင္လြင္က ေျပာၾကားထားေၾကာင္း သိရွိရသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဒေသထွက်ကုန် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလူသုံးကုန်ပစ္စည်း ထုတ်လုပ်စုဆောင်းမှုများ ပြန်လည်စတင်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဒေသထွက်ကုန် ဝါးဦးထုပ်(ဝါးစတား)၊ ဝါးခမောက်လုပ်ငန်း

အပါအဝင် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလူသုံးကုန်ပစ္စည်း ထုတ်လုပ်စုဆောင်းမှုနှင့် အရောင်းအဝယ်လုပ်ငန်းများမှာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယာယီရပ်ဆိုင်းထားခဲ့ရပြီး ယခု ဇွန်လဆန်းပိုင်းတွင် တိုင်းဒေသကြီးအတွင်းနှင့်

တိုင်း‌ဒေသကြီး ပြင်ပကုန်စည်ပို့ဆောင်ရေး၊ ခရီးသွား လာရေးကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ဇွန်လ ၆ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့ရှိ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလူသုံးကုန်ပစ္စည်းများ

ထုတ်လုပ်၊ စုဆောင်းမှုလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအခြေအနေတွင် အဆိုပါ လက်မှုလူသုံးကုန်ပစ္စည်းများ အရောင်းအဝယ်ဈေးကွက် ပုံမှန်အ‌ခြေအနေ ပြန်လည်

မရရှိသေးသော်လည်း ကုန်ပစ္စည်း ထုတ်လုပ်စုဆောင်းမှုကို ပြန်လည်လုပ်‌ဆောင်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အချိန်နှစ်လခန့် ကုန်ပစ္စည်းထုတ်လုပ်မှု ယာယီရပ်ဆိုင်းခဲ့ရပြီး လက်မှုလုပ်ငန်းခွင်ရှိ

လုပ်သားများ၏ ပုံမှန်ဝင်ငွေရရှိစေရေးနှင့် ဒေသထွက်လက်မှုလူသုံးကုန်ပစ္စည်း ယများ အရောင်းအဝယ်ဈေးကွက် ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် ကုန်ပစ္စည်းထုတ်လုပ် စုဆောင်းမှုများကို ယခုလအတွင်း

ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း ငါးသိုင်းချောင်းမြို့မှ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူတစ်ဦးဖြစ်သူ ဦးအောင်လွင်က ပြောကြားထားကြောင်း သိရှိရသည်။ ခရက်ဒစ်